ဖြူလိုက်ညိုလိုက်ဖြစ်နေတဲ့ သူမရဲ့အသားအရည်ကို ပုတ်သင်ညိုလိုပဲဆိုပြီး ဝေဖန်ခံရတဲ့အပေါ်ထိထိမိမိတုန့်ပြန်လိုက်တဲ့ ပတ်ထရစ်ရှာ


 


 



Credit

ပရိသတ်ကြီးရေ ပက်ထရစ်ရှာကတော့ ပိန်ပိန်သွယ်သွယ် Body လေးနဲ့ ဆွဲဆောင်မှုရှိစွာလှနေသူလေး ဖြစ်ပါတယ်။ပက်ထရစ်ရှာက ဗီဒီယိုဇာတ်ကားတွေရိုက်ကူးပြီး အနုပညာလောကမှာနာမည်ရလာရင်း တဖြည်းဖြည်းနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးလာရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပက်ထရစ်ရှာက ဘိုဆန်တဲ့မျက်နှာလေးနဲ့ နိုင်ငံခြားသူလေးလို့တောင် ထင်မှတ်ရတာ ဖြစ်ပါတယ်။

နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ပီပီ ပရိသတ်ရဲ့ချီးကျူးမှုကိုခံရသလို ဝေဖန်မှုကိုလည်းခံရတဲ့ ပတ်ထရစ်ရှာဟာ ဒီကနေ့မှာ သူမရဲ့ အသားအရည်နဲ့ပတ်သက်ပြီး ပုတ်သင်ညိုလိုပဲလို့ အပြောခံခဲ့ရပါတယ်။ထိုကိစ္စနဲ့ပတ်သက်ပြီး ပတ်ထရစ်ရှာက “အော်.. ကဲ.. ကိုယ့်အသားကိုယ်ဖြူချင်ဖြူမယ် ညိုချင်ညိုမယ်လေ။ သူများနိုင်ငံတွေမှာလည်း fake tan တွေကိုလိမ်းလိုက် ချွတ်လိုက်နဲ့လုပ်နေကြတာပဲ sun bathing လုပ်လို့ညိုသွားရင်တောင် ဆက်တိုက်မလုပ်ပဲ နားလိုက်ရင်အသားဆိုတာပြန်ဖြူတာပဲလေ အဲ့ဒါဘာထူးဆန်းလို့လဲကွယ် 😅” ဆိုပြီး သူမကိုပြောခဲ့သူရဲ့စာကို Screenshot ရိုက်ပြီး မျှဝေပေးလာတာပဲဖြစ်ပါတယ်။

ပတ်ထရစ်ရှာကတော့ သူမအနေနဲ့ ပြီးခဲ့တဲ့ရက်ကတင်ခဲ့တဲ့ဓာတ်ပုံက အသားအရည်နဲ့ ယနေ့တင်တဲ့ဓာတ်ပုံက အသားအရည်တို့ဟာ ဖြူလိုက် ညိုလိုက်ဖြစ်နေခဲ့တာကြောင့် ဝေဖန်ခံခဲ့ရမှုအပေါ် ပြန်လည်တုံ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်။

Source: Sue Sha Naing’s fb

Credit

Leave a Comment