ခန္ဓာကိုယ်က အဆီပိုတွေဖယ်ရှားပေးမည့် အစားအစာ (၅)မျိုး

ခန္ဓာကိုယ်အတွင်းရှိ မလိုလားအပ်သောအဆီပိုများကို လောင်ကျွမ်းစေနိုင်မည့် အကောင်းဆုံးအစားအစာ (၅) မျိူးကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ငါးအဆီ

ငါးတွင် မရှိမဖြစ် ဖက်တီးအက်ဆစ်ပါဝင်သည့်အပြင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များ ပါဝင်ခြင်းကြောင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိပါတယ်။ ဒါ့အပြင် ငါးမှာ အဆီနည်း ပရိုတင်းဓာတ်ပါဝင်မှုများ ခြင်းကြောင့် အဆီများကို လောင်ကျွမ်းစေပြီး ကြွက်သားများကို တည်ဆောက်ပေးနိုင်ပါတယ်။

 

(၂) ကြက်ဥ၊ ဘဲဥ

ကြက်ဥ ၊ ဘဲဥများမှာ အဆီလောင်ကျွမ်းစေသည့် အစာဖြစ်တယ်။ ကြက်ဥ၊ ဘဲဥမှာ ပရိုတင်းဓာတ်ပါဝင်မှုမြင့်မား ပြီး အဆီပိုများကို လျော့ကျစေပါတယ်။

 

(၃) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းသည် ဗီတာမင်စီပါဝင်မှုများသည့် အစားအစာဖြစ်သည့်အတွက် ပန်းဂေါ်ဖီစိမ်းဖျော်ရည်တခွက် တွင် ဗီတာမင်စီ တစ်နေ့တာလိုအပ်သည့် ပမာဏထက် ၁၅၀ ရာခိုင်နှုန်း ခန့်ပါဝင်ခြင်းကြောင့် အဆီချေဖျက်မှု အားကောင်းသည်။

 

(၄) အခွံမာ အစေ့အဆန်

အခွံမာ အစေ့အဆန်များမှာ အဆီကို လောင်ကျွမ်းစေသည့် အစားအစာများဖြစ်တယ်။ ဖက်တီးအက်ဆစ်နှင့် ဆီတွင်ပျော်ဝင်သည့် ဗီတာမင်တို့ပါဝင်မှု များသည့်အပြင် အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်တို့လည်း ပါဝင်နေသည်။

 

(၅) ပဲအမျိုးမျိုး

ပဲတွင် အဆီဓာတ်ပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်နှင့် ပရိုတင်းဓာတ်တို့ ပါဝင်မှု မြင့်မားသည်။ ဒါကြောင့်အသားမစားသည့် သက်သက်လွတ်သမားများ စားပေးသင့်သည်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားခြင်း ကြောင့်အဆီများကို ခြေဖျက်ပေးကာ ဇီဝဖြစ်ပျက်မှုကို ကောင်းမွန်စေပါတယ်။

Source: YCDC
Credit

Zawgyi ဖြင့်ဖတ်ပါ

ခန်ဓာကိုယျက အဆီပိုတှဖေယျရှားပေးမည့ျ အစားအစာ (၅)မြိုး

 

 



 

 

 

 


 

(၂) ကြက်ဥ၊ ဘဲဥ


 



 

 

(၄) အခွံမာ အေစ့အဆန်


 



Source: YCDC
Credit

Leave a Comment