လက်ထဲပိုက်ဆံ မပြတ်အောင် ဒီ (၄) ချက်ကို ဆောင်

တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိုက်ဖူးမှာပါ။

ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။

မြင်သမျှ ဝယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ငွေကိုစုဆောင်းနိုင်မယ့်နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်….

(1) ၅၀/၃၀/၂၀ နည်း…

ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်ရည်ရွယ်ပါတယ်။သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲပါ။၅၀ရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် (ထမင်းစရိတ်၊ အိမ်စရိတ် ၊ဘေလ်စသည်) ဖယ်ပါ။၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိူအပ်သောအရာများအတွက်သုံးစွဲပါ။(အဝတ်အစား၊ အသုံးအဆောင်)၂၀ရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ။

(2) ရိုးစင်းသောနည်း…

တအားစစ်စစ်စီစီ မစုချင်သူများအတွက် ရည်ရွယ်ပါတယ် ။လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါတစ်ပိူင်းကိူ မဖြစ်မနေသုံးရမယ့်အရာတွေအတွက်ဖယ်ပါ။နောက်တစ်ပိုင်းကို သင့်သွားလာလည်ပတ်စရိတ်၊ အပျော်အပါးကိစ္စများအတွက် ထားပါ။အပျော်အပါးမက်သူများအတွက် မစုဖြစ်ရင်တောင်မှ လကုန်ထိငွေမပြတ်တော့ဘူးပေါ့။

(3) အခြေခံဝင်ငွေနည်း

ပုံမှန်ဝင်ငွေမရှိပေမယ့် ငွေစုလိုသူများအတွက် ရည်ရွယ်ပါတယ်။သင့်လစဉ် အနည်းဆုံးရသော ဝင်ငွေကိုတွက်ပါ။ထို့နောက် ကုန်ကျစရိတ်ကိုတွက်ပါ။တစ်လအတွက် အနည်းဆုံးဝင်ငွေက၂သိန်းဆိုပါစို့။အဲ့ထဲကနေ နေ့စဉ်ကုန်ကျစရိတ်ကို စစ်စီစွာ ဖယ်ပြီး ကျန်ငွေကို စုပါ။အချိန်ကြာရင်စုငွေတွေ များလာပါမယ်။

(4) တစ်ပတ်တစ်ကြိမ်ထုတ်နည်း

ငွေစုချင်ပေမယ့် လမကုန်ခင်ငွေပြတ်နေတတ်သူတွေအတွက်ပါ။သင့်တစ်လတာဝင်ငွေမှ ဘယ်လောက်ကို သုံးချင်လဲ ဘယ်လောက်ကို စုချင်လဲခွဲခြားပါ။စုမယ့်ငွေကိုဖယ်ထားပါ။သုံးဖို့ချန်ထားသောငွေကို ၄ပုံခွဲပါ။တစ်ပတ်ကို၁ပုံစာပဲသုံးပါ။လစဉ်ဝင်ငွေကို ချိန်ဆပြီး သုံးစွဲပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Unicode

Leave a Comment