အရေပြားပေါ်မှာ အသားပိုလေးတွေဖြစ်နေလို့ စိတ်ညစ်နေသူလေးတွေရှိလား ဒါဆိုရင်တော့ အလှပျက်စေတဲ့ အသားပိုလေးတွေကို ဒီနည်းလမ်းလေးတွေသုံးပြီး ဖြေရှင်းလိုက်ရအောင်လား
အသားပိုဆိုတာက အရေပြားပေါ်မှာ တွယ်ကပ်နေတဲ့ အသားစလေးတွေပါ အရိုးတွေ၊ အကြောတွေ လုံးဝပါမနေတဲ့ အသားသက်သက် အလုံးလေးတွေပေါ့။ လူကို ဒုက္ခမပေးတတ်ပါဘူး။ အရွယ်သေးရင်တော့ အခုပြောပြမယ့်နည်းလေးတွေက အဆင်ပြေစေမှာပါ။
အသားပိုတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝပစ္စည်းတွေက….
Tea tree oil
Tea tree oil မှာ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားအတွက် အသုံးပြုဖို့ သင့်တော်ပါတယ်။ ဂွမ်းစမှာ Tea tree oil ကိုစွတ်လို့ အသားပိုနေရာမှာ လိမ်းပေးပြီး နှိပ်နယ်ပေးပါ။
ပြီးရင် ပတ်တီးလေးနဲ့စည်းလို့ တစ်ညထားပါ။ အသားပို မခြောက်မချင်း ညတိုင်းလုပ်ပေးပါ။ အသားပိုက ခြောက်ပြီး ကြွေကျသွားပါလိမ့်မယ်။
ငှက်ပျောခွံ
ငှက်ပျောသီးစားပြီးတဲ့အခါ ငှက်ပျောခွံကို လွှင့်မပစ်ပါနဲ့။ အရေပြားပေါ်က အသားပိုတွေအတွက် အသုံးပြုပေးလို့ရပါတယ်။ ငှက်ပျောခွံက အသားပိုတွေကို ခြောက်စေနိုင်ပါတယ်။
ဒါကြောင့် အသားပိုပေါ်မှာ ငှက်ပျောခွံကို ကပ်လို့ ပတ်တီးလေးနဲ့စည်းပြီး ညတိုင်း ကပ်အိပ်ပါ။ အသားပိုက ခြောက်ပြီး ကြွေသွာပါလိမ့်မယ်။
ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်ထဲကို ဂွမ်းစလေးစိမ်လို့ ရတလာတဲ့ ဂွမ်းစကို အသားပိုပေါ်မှာ ကပ်ပါ။ ပတ်တီးလေးအပေးက ထပ်စည်းလို့ ၁၅ မိနစ် ကနေ နာရီဝက်လောက် ထားပေးပါ။
ပြီးရင် ရေဆေးချလိုက်ပါ။ ၂ ပတ်၊ ၃ ပတ်လောက် ဆက်တိုက်လုပ်ပေးပါ။ အသားပို ကြွေကျသွားပါလိမ့်မယ်။
ဗီတာမင် E
အသက်အရွယ်ရလာတဲ့အခါ အသားပိုတွေဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် E သုံးပေးလို့ရပါတယ်။ အသားပိုကို ဗီတာမင် E ပုံမှန်လိမ်းပေးလို့ နှိပ်နယ်ပေးမယ်ဆိုရင် အသားပိုတွေကို ခြောက်သွေ့ပြီး ကြွေကျစေမှာပါ။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ အရွယ်တင်စေနိုင်တဲ့ အာနိသင်ရှိပြီး အသားအရေ ရောင်ရမ်းတာကို လျော့ကျစေနိုင်ပါတယ်။ အသားပိုတွေကို ဖယ်ရှားဖို့လည်း အသုံးပြုပေးလို့ရပါတယ်။
ညအိပ်ခါနီးတိုင်း ကြိတ်ခြေထားတဲ့ ကြက်သွန်ဖြူကို အသားပိုပေါ်မှာ အုံလို့ ပတ်တီးစည်းထားပါ။ မနက်ခင်းမှာ ရေဆေးချလိုက်ပါ။ ညတိုင်းလုပ်ပေးလို့ရပါတယ်။
အသားအရေက ထိခိုက်တုံ့ပြန်လွယ်တဲ့သူတွေဆိုရင်တော့ သေချာလေး စမ်းကြည့်ပြီးမှ လုပ်သင့်ပါတယ်။ အသားပိုက ကြီးလွန်းတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီးမှ ဖယ်ရှားသင့်ပါတယ်။
ကဲ…အသားပိုတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့။ အခုပြောပြတဲ့နည်းလေးတွေကို အသုံးပြုကြည့်လိုက်နော်။
Credit – hellosayarwon