သရုပ်ဆောင်အလုပ်တင်မကပဲ DJ အလုပ်၊ မိတ်ကပ်ဆရာအလုပ်အပြင် တတ်တူးထိုးဆရာပါ ထပ်မံလုပ်ကိုင်တော့မယ့် မိုးအောင်ရင်




 


Source: Moe Aung Yin’s fb
Credit ; World Info Post

ပရိသတ်ကြီးရေ မင်းသားချောမိုးအောင်ရင်ဟာဆိုရင် အနုပညာလောကမှာအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုများစွာ ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။မိုးအောင်ရင်ဟာအခုဆိုရင် အနုပညာအလုပ်တွေရပ်နားထားပြီးDJ တစ်ယောက်အဖြစ် ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့မိုးအောင်ရင်ဟာ သူ့ရဲ့အသက်မွေးဝမ်းကြောင်းပညာဖြစ်တဲ့ DJတီးခတ်မှုပညာတင်သာမက တက်တူးထိုးတဲ့ပညာပါ သင်ယူနေကြောင်းကို ပရိသတ်ကြီးအား ပုံနှင့်တကွပြသလာပါတယ်နော်။

မိုးအောင်ရင်က “Tatoo ပညာသင်ပေးလို့ BOOM Tattoo & Piercing Myanmar မှ ဆရာအော်ကို ကျေးဇူးတင်ပါတယ်ဗျ..🤘🏻 ကျွန်တော်ထိုးတာခံချင်တဲ့သူအားလုံး တန်းစီထားတော့်နော်..😉” ဆိုပြီး တက်တူးထိုးတဲ့ ပညာကို သင်ယူပြီး တက်တူးဆရာတစ်ယောက်အဖြစ်ပါ ရပ်တည်တော့မယ့်အကြောင်းကို ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Source: Moe Aung Yin’s fb
Credit ; World Info Post

Leave a Comment