ဦးဏှောက်အကျိတ်ရောဂါ အရမ်းဆိုးရွားနေပေမယ့် သာသနာ့ဘောင်မှာ တရားအားထုတ်ကုသိုလ်ယူနေတဲ့ အိအိချွန် ခေါ် ဒေါ်အဂ္ဂညနီ
အဆိုတော် အိအိချွန် ကတော့ မြန်မာသံစဉ်တွေကို ငယ်စဉ်ကတည်းက သီဆိုလာခဲ့သူဖြစ်ပြီး မြန်မာ့ဝတ်စုံလေးတွေကို စွဲစွဲမြဲမြဲဝတ်ဆင်တတ်သူ ဖြစ်ပါတယ်။ ဒါအပြင်
ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မြန်မာ့သံစဉ်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်။
ချိုလွင်တဲ့အသံလေးနဲ့ သီဆိုထားတဲ့ သူမရဲ့မြန်မာ့သံစဉ်သီချင်းလေးတွေက ကြားရသူအဖို့ စိတ်နှလုံးချမ်းမြေ့စေပါတယ်။ လက်ရှိမှာ အိအိချွန် ဟာ သီလရှင်ဝတ်နေတာ
တစ်လနီးပါးကြာမြင့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သူမရဲ့ သာသနာ့ဘောင်ထဲက ဘွဲ့နာမည်ကတော့ တနင်္ဂနွေသမီးဖြစ်တာကြောင့် ဒေါ်အဂ္ဂညနီ ပဲ ဖြစ်ပါတယ်။ ဘွဲ့နာမည်ရဲ့အဓိပ္ပာယ်ကတော့
ကြီးကြယ်မြင့်မြတ်ခြင်းပဲ ဖြစ်ပါတယ်။ အဆိုတော် အိအိချွန် ဟာ ဦးဏှောက်အကျိတ်ရောင်ရောဂါ ခံစားနေရတာဖြစ်ပြီး ဝေဒနာတွေကို တရားဓမ္မနဲ့ကုသနိုင်ဖို့ ကြိုးစားနေတာ
ဖြစ်ပါတယ်။ အဆိုတော် အိအိချွန် ကတော့ သီတင်းကျွတ်နေ့အထိမ်းအမှတ်အနေနဲ့ ၇ ရက်သားသမီးတွေကို အခုလိုပဲ ဆုတောင်းပေးခဲ့ပါတယ်။ “ဆွမ်းခံကြွမဂ်လာရှိသော
သီတင်းကျွတ်အခါသမယမှာ(၇)ရက်သားသမီး ဒကာ ဒကာမအပေါင်းသူတော်ကောင်းတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကောင်းကျိုးလိုရာဆန္ဒအားလုံးပြည့်စုံကြပါစေရှင်
ဆရာလေးကျန်းမာစွာဖြင့် သာသနာပြုနေပါတယ်ရှင် ။ စိတ်ပူပေးကြတဲ့ဒကာ ဒကာမများကိုလည်း အထူးကျေးဇူးတင်ပါတယ်နော် “လို့ သူမရဲ့ လူမူကွန်ယက်မှာ ရေးသားခဲ့ပါတယ် ။
Zawgyi
ဦးေဏွာက္အက်ိတ္ေရာဂါ အရမ္းဆိုး႐ြားေနေပမယ့္ သာသနာ့ေဘာင္မွာ တရားအားထုတ္ကုသိုလ္ယူေနတဲ့ အိအိခြၽန္ ေခၚ ေဒၚအဂၢညနီ
အဆိုေတာ္ အိအိခြၽန္ ကေတာ့ ျမန္မာသံစဥ္ေတြကို ငယ္စဥ္ကတည္းက သီဆိုလာခဲ့သူျဖစ္ၿပီး ျမန္မာ့ဝတ္စုံေလးေတြကို စြဲစြဲၿမဲၿမဲဝတ္ဆင္တတ္သူ ျဖစ္ပါတယ္။ ဒါအျပင္
ရွည္လ်ားနက္ေမွာင္တဲ့ ဆံပင္ေတြကို ပိုင္ဆိုင္ထားတဲ့ သူမကေတာ့ ျမန္မာ့သံစဥ္ကို ခ်စ္ျမတ္ႏိုးတဲ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတြကို သိမ္းပိုက္ထားသူေလးပဲ ျဖစ္ပါတယ္။
ခ်ိဳလြင္တဲ့အသံေလးနဲ႔ သီဆိုထားတဲ့ သူမရဲ႕ျမန္မာ့သံစဥ္သီခ်င္းေလးေတြက ၾကားရသူအဖို႔ စိတ္ႏွလုံးခ်မ္းေျမ့ေစပါတယ္။ လက္ရွိမွာ အိအိခြၽန္ ဟာ သီလရွင္ဝတ္ေနတာ
တစ္လနီးပါးၾကာျမင့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ သူမရဲ႕ သာသနာ့ေဘာင္ထဲက ဘြဲ႕နာမည္ကေတာ့ တနဂၤေႏြသမီးျဖစ္တာေၾကာင့္ ေဒၚအဂၢညနီ ပဲ ျဖစ္ပါတယ္။ ဘြဲ႕နာမည္ရဲ႕အဓိပၸာယ္ကေတာ့
ႀကီးၾကယ္ျမင့္ျမတ္ျခင္းပဲ ျဖစ္ပါတယ္။ အဆိုေတာ္ အိအိခြၽန္ ဟာ ဦးေဏွာက္အက်ိတ္ေရာင္ေရာဂါ ခံစားေနရတာျဖစ္ၿပီး ေဝဒနာေတြကို တရားဓမၼနဲ႔ကုသႏိုင္ဖို႔ ႀကိဳးစားေနတာ
ျဖစ္ပါတယ္။ အဆိုေတာ္ အိအိခြၽန္ ကေတာ့ သီတင္းကြၽတ္ေန႔အထိမ္းအမွတ္အေနနဲ႔ ၇ ရက္သားသမီးေတြကို အခုလိုပဲ ဆုေတာင္းေပးခဲ့ပါတယ္။ “ဆြမ္းခံႂကြမဂ္လာရွိေသာ
သီတင္းကြၽတ္အခါသမယမွာ(၇)ရက္သားသမီး ဒကာ ဒကာမအေပါင္းသူေတာ္ေကာင္းတို႔ စိတ္ခ်မ္းသာ ကိုယ္က်န္းမာစြာျဖင့္ ေကာင္းက်ိဳးလိုရာဆႏၵအားလုံးျပည့္စုံၾကပါေစရွင္
ဆရာေလးက်န္းမာစြာျဖင့္ သာသနာျပဳေနပါတယ္ရွင္ ။ စိတ္ပူေပးၾကတဲ့ဒကာ ဒကာမမ်ားကိုလည္း အထူးေက်းဇူးတင္ပါတယ္ေနာ္ “လို႔ သူမရဲ႕ လူမူကြန္ယက္မွာ ေရးသားခဲ့ပါတယ္ ။mdatenews
mdatenews