သူ့ကိုယ်သူအွန်လိုင်းမှ နာမည်ကြီးဆယ်လီတစ်ဦးဟုဆိုကာ ဆိုင်ရှင်ကိုထမင်းအလကားကျွေးခိုင်းသည့် လူငယ်လေးကြောင့် သူ၏အကောင့်ကိုဝင်ကြည့်လိုက်ရာ follower217ယောက်သာရှိသည့်အဖြစ်

ဆိုရှယ်မီဒီယာခေတ်ကို ရောက်ရှိလာခြင်းကြောင့် အွန်လိုင်းမှတစ်ဆင့် နာမည်ကြီးလာသည့်ဆယ်လီများဟာလည်း အတော်လေးများပြားလာခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံ Shenzhenတွင် လူငယ်ကောင်လေးတစ်ဦးဟာ ကောင်မလေးနှစ်ယောက်နှင့်အတူ စားသောက်ဆိုင်တွင် စိတ်ကြိုက်မှာယူစားသောက်ခဲ့ပါတယ်။

 

ထို့နောက် စားသောက်ပြီးချိန်တွင် လူငယ်ကောင်လေးဟာ မန်နေဂျာဆီသွားပြီး သူဟာအွန်လိုင်းပေါ်တွင်အလွန်နာမည်ကြီးနေသူတစ်ဦးဖြစ်သည့်အတွက် အစားအသောက်ဖို့မယူဘဲ အခမဲ့ကျွေးရန် တောင်းဆိုခဲ့ပါတယ်။

ထို့ကြောင့် ကောင်လေး၏အကောင့်ကို ဝင်ကြည့်လိုက်ရာ Followers၂၁၇ယောက်သာရှိတာကို မြင်တွေ့လိုက်ရပါတော့တယ်။ထိုအခါ ကောင်လေးက အကောင့်အသစ်ဖွင့်ထားတာဟုဆင်ခြေပေးခဲ့သေးကြောင်း သိရပါတယ်။

Shoon (Cele Daily)

 

Zawgyi

 



 



Shoon (Cele Daily)

Leave a Comment