7.10.2022 မှ 13.10.2022 အထိတစ်ပတ်စာ(၇)ရက်သားသမီးဟောစာတမ်း…

တစ်ပတ်စာ ၇ ရက်သားသမီး ဟောစာတမ်းလေးကို တင်ပေးလိုက်ပါတယ်။(7.10.2022 မှ 13.10.2022 အထိ) ဖြစ်ပါတယ်။

တနင်္ဂနွေဒီကာလအတွင်း အနည်းငယ်စိတ်ကူးများ၊အတွေးများ လွဲချော်နိုင်ပါတယ်။ အချိန်ယူပြီးမှဆောင်ရွက်ပါ။

ငွေများဝင် လိုက်၊ ထွက်လိုက်၊ ချေးငှားလိုက်၊ ပြန်ဆပ်လိုက်၊ သွင်းလိုက်၊ ထုတ်လိုက်နှင့် ရှုပ်နေမည်။ စာရင်းများ အားသွန်ခွန်စိုက် ရှင်း နေရမည်။ စာရင်းအချို့ မှားယွင်းမည်။

လုပ်ငန်းအချို့ပြိုင်ဘက်များနှင့်အတူ ယှဉ်ပြိုင်နေရ မည်။ ဆောက်လုပ်ရေးများ ရပ်ဆိုင်း ထားရမည်။ သို့မဟုတ် အလွန် နှေးကွေးနေမည်။ လုပ်ငန်းအချို့အဆက်အသွယ် ပြတ်နေမည်။

မိမိကြံရည်၊ ဖန်ရည်ရှိသူများသာ ငွေများစွာလွယ်လွယ်ကူကူ ရရှိလာမည်။ မိမိနေချင်သော အလုပ် နေရာ များတွင် လုပ်ခွင့်ရသူများသာ အလုပ်တွင်ပျော်သော အချိန် ဖြစ်သည်။

အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက် က နေရာတကာပါဝင်စွက်ဖက်နေမည်။တတ်နိုင်သလောက်သည်းခံပါ။ ပေါက်ကွဲရင်ပြဿနာကြီးသွားနိုင်ပါတယ်။ပညာရေးတွင် သင်တန်းအသစ်များ တတ် ရောက် သင်ယူရမည်။ ပညာသင်၍

ကောင်းသောအချိန်ဖြစ်သည်။လှုပ် ရှားတတ်ကြွသော အချိန်ဖြစ်သည်။ အချစ်ရေးထက် မိဘတွေစေ့စပ်ပေးတာမျိုး၊မိဘ သဘောတူသော သူများ နှင့် စကားပြော နေရသောအချိန်ဖြစ်တတ်သည်။

ကျန်းမာရေးတွင် လှေကားတတ်လျှင်လည်း သတိ ထားပါ။ချော်လဲ တတ် သည်။ အအေးမိ၊ နှာစေး နှင့် မီးယပ်ရောဂါများလည်း ကြုံတွေ့ ရမည်။အရာရာကို ရိုးရိုး

နှင့် ရှင်းရှင်း လုပ် ဆောင်ပါ။ ရှင်းနေတာကိုရှုပ်အောင်မလုပ်လိုက်ပါနဲ့။အကျိုးပေးဂဏန်း 1/3/5အထူးဟော ရိုးရှင်းစွာ ဖြတ်သန်းပါ။ယတြာ သံပုရာရည်ဘုရားလှူပေးပါ။

တနင်္လာဒီကာလအတွင်း အပြောင်းအလဲများစွာ ပေါ်ပေါက်လာမည်ဖြစ်ရာ ရင်ဆိုင်ရာတွင် တည်တည်ငြိမ်ငြိမ်နှင့် ကြံ့ကြံ့ခိုင်ရန် လိုအပ်ပါတယ်။

ထို့အပြင် သင်၏အိမ်လုံခြုံရေးနှင့် သင်၏ငွေကြေးကိစ္စရပ်များကို အမြော်အမြင်ရှိစွာ ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်လိမ့်မည်။

သင့်အလုပ်အကိုင်ကံကတော့သမ္မာအာဇီဝကျလေလေ အောင်မြင်မှုများ ရရှိလေဖြစ်ပါလိမ့်မည်။ သင်၏အကြံအစည်များ၌ အဟန့်အတားများစွာ ရှိနေနိုင်ပါတယ်။

အခြားသူများနှင့် ပေါင်း သင်း ဆက်ဆံရေးတိုးတတ်လာပါကထိုအဟန့်အတားများကို ကျော်ဖြတ်နိုင်လိမ့်မည်။သင်၏အထက်လူကြီးများ လုပ်ဖေါ် ကိုင်ဖက်များနှင့် စည်းစည်းလုံးလုံးနေထိုင်ရန် ကြိုးစားသင့်သည်။

ဝေးရပ်မြေကို အကြောင်းပြုပြီး အမြတ် အစွန်း များ ရရှိတတ်ပြီး အောင်မြင်ကျော်ကြားမှုကိုလည်း ရရှိနိုင်ပါတယ်။ရပ်ဝေးကိုစတင်ထွက်ခွာပြီးစီးပွားသွားရှာ ခြင်းများဟာလဲ ကံကောင်းမှုရဲ့ပထမခြေလှမ်းဖြစ်ပါလိမ့်မယ်။သတိထားရမှာက

ကျန်းမာရေးအညံ့များ ရှိနေပါ တယ်။အစား အသောက် မလွန်ကျူးမိပါစေနှင့်။ ကာယလေ့ကျင့်ခန်း မှန်မှန်လုပ်၍ စိတ်ဖိစီးမှုသက်သာရန် ဆောင်ရွက်သင့်ပါ တယ်။

ကိုယ်ကျန်းမာနေရင်တော့ ကိုယ်မွေးထားတဲ့ ခွေးလေးတွေ၊ကြောင်လေးတွေကျန်းမာရေး ညံ့တတ်ပါတယ်။ တစ်ကိုယ်ရေတစ်ကာယသမားများအချစ်သစ်တွေ့နိုင်တယ်။

မိမိဘက်ကရေလာမြောင်းပေး စတင်ရန် လိုအပ်ပါလိမ့်မည်။ မိတ်ဆွေဟောင်းများကို လက်တွဲမဖြုတ်ဘဲ မိတ်ဆွေသစ်များနှင့်လည်း ပူးပေါင်းပြီး လုပ်ငန်းကို အကောင်အထည်ဖေါ်ပါ။

အကျိုးပေးဂဏန်း 4/6/9အထူးဟော အနည်းငယ် လိမ္မာပါးနပ်ဖို့လိုပါတယ်။ယတြာ အိမ်ကဘုရားဆောင်အား သန့်ရှင်းရေးလုပ်ပေးပါ။

အင်္ဂါဒီကာလအတွင်း အောင်မြင်မှုကို ထိန်းထားရမယ်။ ကိုယ်တစ်ဦးတည်း ဦးဆောင်လုပ်ကိုင်နေရသဖြင့် အလွန် ပင်ပန်းနေမယ်။မိသားစုနှင့် အိမ်ထောင်ဖက်တို့၏ တာဝန်များကို ကြီးမားစွာ ယူဆောင်ထား၍ အလုပ်ကို ပိုမို လုပ်နေရမည်။

မိမိအတတ်ပညာ၏ ကြိုးစားမှုများကြောင့် ကြီးသူများ၏ ဦးစားပေးမှု၊ ချီးမြှောက်မှုခံရမည်။ ယာဉ်၊ ကား၊ ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းများမှ ငွေအထူးရရှိလိမ့်မည်။

ပညာရေးတွင် သင်တန်းတစ်ခုပြီးတစ်ခု ဆက်တိုက်တတ်နေရမည်။ပညာသင်ယူမှုအားကောင်းနေမည်။ မည်သည့် ပညာရပ်မဆို သင်ယူရန်အခွင့်ရသဖြင့် မိုးရွာတုန်းရေခံရန်သာ လိုပေသည်။

အချစ်ရေးတွင် အချစ်ဟောင်းသည် ရော်ရွက်ဝါနှင့်အတူ ကြွေကျ၍ အဝေးသို့ပင် ထွက်ခွာသွားတတ်သည်။ ရွက်ဟောင်းတို့နေရာ၌ ရွက်သစ်အချစ်များလည်း ဝေဝေဆာဆာဖူးပွင့် လာကြမည်ဖြစ်သည်။

ကျန်းမာရေးတွင် အမြင့်မှကျ၍ဖြစ်စေ၊ ခြေချော်လဲ၍ဖြစ်စေ၊ ခြေကွဲ၊ ခါးနာလိမ့်မည်။ မတော်တဆ ထိခိုက်မှုများ ခံရတတ်သည်။ မိမိပြောဆိုမည့်စကားများကို သတိထားပြောဆိုပါ။

အတင်းအဖျင်း ပြောဆိုရာတွင် ဝင်ရောက်မပါပါစေနှင့်။ မိမိကိစ္စ၌သာ စိတ်ဝင်စားပါ။ အိမ်ထောင်ရေးကိစ္စများလဲ အပေးအယူမျှတ နေပါလိမ့်မယ်။စိတ်သဘောထား ကိုက်ညီမှုများပါလိမ့်မယ်။အကျိုးပေးဂဏန်း 3/5/0အထူးဟော လုပ်ငန်းကံစီးပွားကံအားကောင်းမယ်။ယတြာ လက်ဖက်ရည်နဲ့လမုန့် ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး/ရာဟုဒီကာလအတွင်း လုပ်ငန်းရည်ရွယ်ချက်များကို အာရုံစိုက်ပြီးလုပ်ဆောင်ပါ။ မှန်းဆလုပ်ကိုင်ရသော လုပ်ငန်း များကို သတိထားပါ။စာချုပ်စာတမ်းပါ အချက်အလက်များကို သတိမပြုမိဘဲ အမှုအခင်းဖြစ်တတ်ပါ

တယ်။ ကျွမ်း ကျင်လိမ္မာသော ပညာရှင်များကို လိုအပ်ပါက ခေါ်ယူတိုင်ပင်ပါ။ကျန်းမာရေးကံကောင်းနေပါတယ်။ ရောဂါဘယ များ ခုခံနိုင်စွမ်းအား မြင့်တတ်နိုင်ရန် ပျော်ပျော်ရွှင်ရွှင်နေထိုင်၍ အကောင်းမြင်ရှုထောင့်မှ ကြည့်ရှုပါ။

ရေကြောင်းနှင့် ဆိုင်သော လုပ်ငန်းများကို သတိပြု သွားလာလှုပ်ရှားပါ။လူမျိုးခြား၊ ဘာသာခြားများ၏ ကူညီစောင့်ရှောက်မှုကြောင့် ပိုမိုကောင်းမွန်သော အဆင့်သို့ ရောက်ရှိလိမ့်မည်။ နှလုံးသားကိစ္စများကို ကံကြမ္မာအတိုင်းသာထားပါ။

မိမိအတ္တ ကြောင့် အချစ်ရေးပိုဆိုးသွားနိုင်တယ်လို့မြင်လို့ပါ။ အလုပ် အကိုင် တွင် အခက်အခဲအတားအဆီးများ ပြည့်နှက်နေ၏။သို့ရာတွင် ပညာရှိစွာ စဉ်းစားဆင်ခြင်စွာ တုန့်ပြန်ပါက အရာရာ ကို ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်လိမ့်မည်။ အ

မြော် အမြင်ရှိစွာ ရင်းနှီးမြှတ်နှံမှုက အမြက်အစွန်းရရှိလိမ့်မည်။မရွှေ့ ပြောင်းနိုင် သော ပစ္စည်းများကို အာရုံစူးစိုက်နိုင်ပါက အမြက်အစွန်းများစွာရရှိပါလိမ့်မည်။ ပုံမှန်ဝင်ငွေကံနှင့် ထီပေါက်ကိန်း တို့ကို မြင်တွေ့နေရပါတယ်။

အကျိုးပေးဂဏန်း 1/6/8အထူးဟော မသေချာတာတွေလုပ်မိပြီးပြဿနာဖြစ်တတ်သည်။ယတြာ ငွေ၂၀၀ကျပ်ကို ပံ့သကူပစ်ပါ။

ကြာသပတေးဒီကာလအတွင်း အလုပ်များလျှင်မြန်စွာ ပြုလုပ်နေသော်လည်း အရာမရောက်၊ ပျက်စီးမှုကများနေမည်။ မည်သည့်အရာမျှ အလိုမကျ လွယ်လွယ်ရထားသောငွေများ လွယ်လွယ်သုံးဖြစ်မည်။

အလုပ်တွင် မြုပ်နေသော ပြိုင်ဘက်များ ရုတ်တရက်ထွက်ပေါ်လာပြီး စီးပွားပြိုင်မှုကို ခံရတတ်သည်။ ဈေးကွက်ယှဉ်ပြိုင်လုယူနေရမည်။ ရှိသမျှပစ္စည်းအကုန်ထုတ်၍ ရင်းနှီးမှုမပြုမိရန် လိုပေသည်။

တပည့်ဆွေမျိုးများ၏ ကတိပျက်မှု၊ လုပ်ငန်းမကျွမ်း ကျင်မှုများ ခံရမည်။ ပညာရေးတွင် အဆင့်မြင့်ပညာများကို သင်ယူခွင့်ရမည်။ဆက်သွယ်ရေးနှင့် အင်တာနက်ဆိုင်ရာ သတင်းစုဆောင်းရေးပညာရပ်များကိုလွယ်ကူစွာသင်ယူဖြစ်မည်။

သို့သော်ပညာရေးအထောက် အကူပြု ကွန်ပျူတာ နှင့်ဆက်စပ် ပစ္စည်းများ မကြာခဏသုံးမရ errorဖြစ်မည်။ငွေနောက်လိုက်ပြီး ဥပဒေနဲ့မလွတ်ကင်းတာတွေ လုပ်မိ သည်။ အိမ်ထောင်ရေးမှာတော့ မိမိဖြစ်စေ၊ မိမိအိမ်ထောင်ဘက်ဖြစ်စေ

ကျန်းမာရေးညံ့နိုင်တာမျိုးတွေ့ရပါတယ်။အချစ်ရေးတွင် နှလုံးသားအချစ်ထက် မိတ်ဆွေ၊ မောင်နှမ အရင်းကဲ့သို့ ချစ်ရသော အရွယ်တူများ တွေ့၍ သူတို့နှင့် အပျော်ခရီးများ ထွက်ရမည်။

အစားတွေစား၊ သီချင်းတွေဆို၊ ပျော်ရွှင်လွတ်လပ်သော ငယ်ရွယ်သူတို့၏ အခွင့်အရေး များ ရရှိလိမ့်မည်။ ကျန်းမာရေးတွင်ဆေးစားမှားမည်။ ယားယံသောအဖုအပိန့်များ ပေါက်မည်။

အကျိုးပေးဂဏန်း 2/5/0အထူးဟော စိတ်အလိုမလိုက်ပါနဲ့။ယတြာ အလင်းတိုင် ၇တိုင်အိမ်ကဘုရားမှာထွန်းညှိပူဇော်လိုက်ပါ။

သောကြာဒီကာလအတွင်း နိုင်ငံရပ်ခြားနှင့် ဆက်သွယ်လုပ်ငန်းများ ငွေအရင်းအနှီးများသော်လည်း ငွေဝင်မှုနည်းနေ မည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်နှင့် အပျော်ခရီးထွက်နေချိန်ဖြစ်မည်။

အေးချမ်းသာယာနေမည်။ သားသမီးတို့ နှင့်အတူစိတ်လက်ချမ်းသာစွာဖြတ်သန်းရတတ်သည်။ပညာရေးတွင် သင်ယူလိုစိတ်ရှိနေသော်လည်း မသင်ဖြစ်၊ သင်ဖြစ်လည်း စိတ်မပါ၊ အလွန်ပျင်းရိသောအချိန်ဖြစ်သည်။

နှုတ်ဖြေ၊ ရေးဖြေ၊ လက်တွေ့ အားလုံး ဆုံးရှုံးနိုင်သော အချိန်ဖြစ်၍ သတိပြုသင့်သည်။အချစ်ရေးတွင် ပိတောက်ပန်းလို ခဏမျှသာပွင့်၍ ပျောက်သွား သည့်ပမာ အချစ်များရှေ့မှာရောက်နေပြီးမှ ရုတ်တရက်ပျောက်သွားတတ်သည်။

ချစ်သူရှိပြီးနေသူများလည်း ရန်တ ကျက်ကျက်ဖြင့် ရှေ့ဆက်ရန် ခက်နေမည်။ ကျန်းမာရေးတွင် အလိုက်မသိသူများ၏ဆူပူမှုကြောင့် နှလုံးခုန်၊ နားအူနှင့် မျက်စိနောက်မှုများ ကြုံတွေ့ရမည်။

အစာမစားမိ၍ အစာအိမ်ရောဂါပြန်ထလာ သလို အစာစားလွန်ကဲမှုကြောင့် လည်း အစာမကြေရောဂါ ဖြစ်လိမ့်မည်။ထီထိုးကံစမ်းမိရာမှလည်း ဆုကြီးကြီးမားမား ပေါက်လာမည်။ ဆက်သွယ် ရေး၊ ခရီးသွားလုပ်ငန်းမှန်သမျှ အနည်းငယ်

နောက်ကျပြီးမှ အောင်မြင်မည်။အကျိုးပေးဂဏန်း 1/3/6အထူးဟော ကံအကောင်းများတယ်လို့ မြင်ပါတယ်။ယတြာ ဖခင်ကိုအားဆေးဝယ်လှူလိုက်ပါ။

စနေဒီကာလအတွင်း လုပ်ချင်တိုင်းလုပ်၍ မရဖြစ်နေမည်။ သို့သော်နာမည်ကြီးလာမည်။ ကြီးသူများက စောင့် ရောက်မှု ကိုခံရမည်။

စပ်တူနှင့် အကျိုးဆောင်၊ လက်ဝတ်ရတနာ၊ ခရီးသွားလာရေးစသော အလုပ်ပေါင်းစုံမှ ငွေရ မည်။ အလွန် တတ်ကြွစွာ အလုပ်လုပ်နေရမည်။ လုပ်ငန်းအဆက်အသွယ်များ အထူးကောင်းသည်။

အလုပ်သမားနှင့် ဆွေမျိုးများ ကြောင့် အချို့စီးပွားရေးများ အရှုံးပေါ်မည်။အိမ်ထောင်ရေးတွင် အိမ်ထောင်ဖက်၏ တစ်ဖဝါးမှမခွာပဲ အရိပ်လို စောင့်ရှောက်နေမည်။ အိမ်ထောင်ဖက် ကြောင့် မလွတ်မလပ် စိတ်အနှောက်အယှက်ဖြစ်မည်။

သားသမီး များ၏ ပညာရေးနှင့် အားကစားပျော်ရွှင်ရေးအတွက် ငွေကုန်များသောကြောင့် လင်မယားစကားများရမည်။ပညာရေးတွင် သင်တန်းကြေးများ သွင်းပြီးကာမှ စိတ်မဝင်စားဖြစ် နေမည်။ မြန်မြန်သင်ပြီး မြန်မြန်ပြီးဆုံးအောင် ဆန္ဒစောနေမည်။

ကျန်းမာရေးတွင် မတော်တဆမှုကြောင့် သွေးထွက်သံယိုဖြစ်နိုင်ပါ တယ်။ သောက်စားမူးယစ် သူများနှင့်ရန်ဖြစ်တတ်၍အထူးရှောင်ပါ။လိင်မတူသူများကျွေးသောအစားအစာများမှစေတနာနှင့်ကျွေး သော် လည်း မိမိနှင့်မတည့်ရင်အားနာပြီး မစားလိုက် ပါနဲ့။

ငွေကြေးကိစ္စပြဿနာများ မပေါ်ပေါက်ရန် အဖက်ဖက်မှ ဆင်ခြင် သုံး သပ်၍ သုံးစွဲပါ။ အချစ်ရေးကိစ္စများအဆင်ပြေမယ်။ ချစ်သူဆီကလိုချင်တဲ့အဖြေရရှိမယ်။အကျိုးပေးဂဏန်း 2/4/0အထူးဟော မိမိစိတ်တိုင်းကျစီမံနိုင်သူများ

အဆင်ပြေနိုင်သည်။ယတြာ မိမိထက်နွမ်းပါးသူကို အစားအသောက်တစ်ခုခုဝယ်ကျွေး လိုက်ပါ။၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ။ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695

Leave a Comment