လည်ပင်း၊လည်ဂုတ် မည်းနေခြင်းဟာ ကိုယ်ကိုတိုင်အတွက်လည်း အနည်းငယ် စိတ်အခန့်မသင့်စရာကောင်းသလို အခြားသူတွေ အမြင်မှာလည်း ကြည့်ရဆိုးစေပါတယ်။
ဒီလို အရေပြားမည်းခြင်းကို ဖယ်ရှားပေးနိုင်မယ့်နည်းလမ်းကောင်းတွေကို ဖော်ပြပေးသွားပါမယ်။ နည်းလမ်းများစွာရှိသော်လည်း လွယ်လွယ်ကူကူရနိုင်တဲ့ ပစ္စည်း (၃)မျိုးကိုသာ ပြောပြပေးပါမယ်နော်။
၁။ သခွားသီး
သခွားသီးမှာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းအာနိသင်ရှိပြီး အရေပြားကိုလည်း ဖြူဝင်းစေနိုင်ပါတယ်။ သခွားသီးအရည်(သို့) သခွားသီးစိပ်ကို မည်းနေသော လည်ပင်းပေါ်သို့ပွတ်တိုက်ပေးပါ။
၁၀ မိနစ် ၁၅ မိနစ်ခန့်ကြာပြီးနောက် ရေအေးဖြင့်ဆေးကြောပါ။ နောက်ထပ် နည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။
သခွားရည်နှင့် သံပုယိုရည်ကိုဆတူရောစပ်၍ ဂွမ်းဖြင့် လည်ပင်းတစ်ဝိုက်ကို သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ။
၂။ ရှားစောင်းလက်ပက်
အရေအပြားအတွက် ကုထုံးဆိုလျှင် ရှားစောင်းလက်ပက်ကတော့ မပါမဖြစ်ပါပဲ။ အားလုံးသိတဲ့အတိုင်းပါပဲရှားစောင်းလက်ပက်က အရေပြား မည်းညိုခြင်းတွေကိုဖယ်ရှားပေးပြီး
လိုအပ်တဲ့ဗီတာမင်ဓါတ်တွေ အများအပြားပါဝင်နေပါတယ်။ရှားစောင်းလက်ပက်ကို ခွဲပြီးအထဲက အနှစ်ကို အရေအပြားပေါ်ကို တိုက်ရိုက်သုတ်လိမ်းပါ။
မိနစ် (၂၀)ခန့်ကြာလျှင် ရေဖြင့် ဆေးကြောပေးပါ။ တစ်နေ့ တစ်ကြိမ် ပုံမှန် လုပ်ပေးပါ။သင်လိုချင်တဲ့ဖြူဝင်းနေတဲ့လည်ပင်းသားလေးကိုရရှိစေမှာပါ။
၃။သံပုယိုသီး
သံပုယိုသီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓါတ်က အရေပြားကိုဖြူဝင်းစေပြီး အမာရွတ်တွေကိုတောင် လျော့ပါးစေနိုင်စွမ်းရှိပါတယ်။
သံပုယိုသီးကို အရည်သီးသန့်ညှစ်၍ ထားပါ။ ထို့နောက်အရည်ကို ဂွမ်းဖြင့်တို့၍ အရေပြားပေါ်သို့ လိမ်းပေးပါ။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်များအနေနဲ့ကတော့
သံပုယိုရည်ကို ရေအနည်းငယ်ရော၍ လိမ်းပေးပါ။ မိနစ် ၂၀ခန့် ကြာလျှင် ရေအေးဖြင့် ဆေးကြောပေးလိုက်ပါ။အရေပြား ခြောက်သွေ့တတ်တယ်ဆိုလျှင်တော့ အစိုဓါတ်ထိမ်းခရင်မ် တစ်မျိုးမျိုးကို လိမ်းပေးနိုင်ပါတယ်။
Credit – မူရင်းရေးသူ