လူသိနည္းတဲ့ ပ်ားရည္ရဲ႕ သံုး၀င္ပံု (၁၄) ခု

လူသိနည္းတဲ့ ပ်ားရည္ရဲ႕ သံုး၀င္ပံု (၁၄) ခု
လူအမ်ားစုက ကြက္ကီးေတြ၊ ကိတ္ေတြကို ႏူးညံ့ေစဖို႔ႏွင့္ သၾကားမသုံးခ်င္တဲ့အခါ အစားအစာေတြကို ခ်ိဳျမေစဖို႔ ပ်ားရည္ကို ဘယ္လိုသုံးရမလဲဆိုတာ သိၾကပါတယ္။ ဒါေပမယ့္ ပ်ားရည္မွာ antibiotic ဂုဏ္သတၱိေတြ ရွိၿပီး အနာက်က္ေစတာေၾကာင့္

အရသာရွိတာထက္ အမ်ားႀကီး အသုံးဝင္ပါေသးတယ္။ေရွးေခတ္အီဂ်စ္မွာ ပ်ားရည္ကို ေဆးဝါးအျဖစ္ အသုံးျပဳခဲ့ၾကတာ အံ့ၾသစရာေတာ့ မဟုတ္ပါဘူး။ ပ်ားရည္ကို တျခားနည္းလမ္းနဲ႔ ဘယ္လိုအသုံးခ်လို႔ ရမလဲဆိုတာကို က်န္းမာေရးႏွင့္ အလွအပ ဗဟုသုတအေနနဲ႔ မွ်ေဝေပးလိုက္ပါတယ္။

၁။ ပ်ားရည္က အရက္နာက်တာကို သက္သာေစပါတယ္
ပ်ားရည္မွာပါဝင္တဲ့ fructose ရဲ႕ျမင့္မားတဲ့ အဆင့္ေၾကာင့္ ပ်ားရည္တစ္ဇြန္းစာ စားေပးျခင္း သို႔မဟုတ္ tea ထဲမွာ ေဖ်ာ္ေသာက္ျခင္းက အရက္ေသာက္ျခင္းေၾကာင့္ ျဖစ္တဲ့ နံနက္ခင္းမွာ အရက္နာက်ျခင္းကို ဖယ္ရွားေပးပါတယ္။

၂။ ပ်ားရည္ကို မ်က္ႏွာ scrub ႏွင့္ mask အျဖစ္ အသုံးျပဳႏိုင္ပါတယ္
ပ်ားရည္ကို သင့္မ်က္ႏွာ အတြက္ cleansing scrub သို႔မဟုတ္ moisturizing mask အျဖစ္ အသုံးျပဳႏိုင္တယ္ဆိုတာ သိပါသလား? chemical အေျခခံတဲ့ scrubs ေတြ masksေတြနဲ႔ မတူဘဲ ပ်ားရည္က သဘာဝႏွင့္ ပဋိဇီဝေဆးတစ္မ်ိဳး ျဖစ္ပါတယ္။

၎က အေရျပားဆဲလ္ေသေတြ၊ ဘက္တီးရီးယားမ်ားႏွင့္ အညစ္အေၾကးမ်ားကို ဖယ္ရွားေပးပါတယ္။ သင္ကိုယ္တိုင္ စမ္းၾကည့္ခ်င္ရင္ ပ်ားရည္ႏွင့္ oatmeal ကို ေရေႏြးေႏြးေလးျဖင့္ေရာၿပီး scrub အျဖစ္ အသုံးျပဳႏိုင္သလို ပ်ားရည္ႏွင့္ အုန္းဆီစစ္စစ္ကို ေရာၿပီး Mask အျဖစ္ အသုံးျပဳႏိုင္ပါတယ္။

၃။ ပ်ားရည္က antibiotic တစ္ခု ျဖစ္ပါတယ္
ပ်ားရည္က အနာ ျမန္ျမန္က်က္ေစတဲ့အျပင္ ဘက္တီးရီးယားေတြ ျပန႔္ပြားျခင္းမွလည္း ကာကြယ္တားဆီးေပးပါတယ္။ ပ်ားရည္က E. coli ႏွင့္Staphylococcus aureus ကဲ့သို႔ ဘက္တီးရီးယားေတြကိုေတာင္

ေသေစ၊ ျပန႔္ပြားမႈကို တားဆီးႏိုင္တယ္ဆိုတာ စမ္းသပ္မႈတစ္ခုမွာ ျပသခဲ့ပါတယ္။ ပ်ားရည္ကို ဝယ္တဲ့အခါ ပ်ားရည္အေရာင္ရင့္က antibacterial ဂုဏ္သတၱိ ေတြ အားေကာင္းတယ္ဆိုတာ သတိရပါ။

၄။ ပ်ားရည္ကို diet အကူအညီတစ္ခု အျဖစ္ အသုံးျပဳလို႔ ရပါတယ္
ပ်ားရည္က သင့္ရဲ႕ကိုယ္တြင္း ဇီဝကမၼျဖစ္စဥ္ကို အရွိန္ ျမႇင့္ေပးပါတယ္။ Green teaကလည္း သင့္ရဲ႕ကိုယ္တြင္း ဇီဝကမၼျဖစ္စဥ္ကို အရွိန္ျမင့္ေပးတာေၾကာင့္ Green tea ထဲမွာ ပ်ားရည္ ထည့္ေသာက္ျခင္းက သင့္ခႏၶာကိုယ္အတြက္ အင္အား ႏွစ္ဆတိုးျမႇင့္ေစျခင္းအျဖစ္ အလုပ္ လုပ္ပါလိမ့္မယ္။

၅။ ပ်ားရည္က အိပ္မေပ်ာ္တာကို သက္သာေစပါတယ္
အိပ္မေပ်ာ္တဲ့ ေရာဂါခံစားေနရသူေတြဟာ အိပ္ရာမဝင္ခင္ ပ်ားရည္အနည္းငယ္ ေသာက္သုံးေပးသင့္ပါတယ္။ ပ်ားရည္မွ ာပါဝင္တဲ့သၾကားက အိပ္ေပ်ာ္ေစဖို႔အတြက္ လႈံ႕ေဆာ္ေပးပါတယ္။

၆။ ပ်ားရည္က အမာ႐ြတ္မ်ားကို ညိဳးႏြမ္းေစပါတယ္
သင့္မွာ ဝက္ၿခံအမာ႐ြတ္ေတြ သိသာေနလို႔ ေလ်ာ့နည္းခ်င္ရင္ ပ်ားရည္ႏွင့္ အုန္းဆီ သို႔မဟုတ္ သံလြင္ဆီကို ဆတူ ေရာၿပီး အေရျပားထဲသို ႔စိမ့္ဝင္ေအာင္ ပြတ္ေပးပါ။ ပြတ္ေပးၿပီးရင္ ၁၅မိနစ္ေလာက္ ေရဖက္ေႏြးေႏြးေလးနဲ႔ အုပ္ေပးထားပါ။

ပ်ားရည္က ေရာင္ရမ္းျခင္းေတြကို ေလ်ာ့ခ်ေပးတဲ့ ဂုဏ္သတၱိေတြေၾကာင့္ ဝက္ၿခံေတြကို ကုသရာမွာလည္း အသုံးဝင္ပါတယ္။ ပ်ားရည္ကို မိနစ္ ၂၀၊ ၃၀ေလာက္ မ်က္ႏွာေပၚမွာ လိမ္းေပးထားျခင္းျဖင့္ mask အျဖစ္ သုံးႏိုင္ပါတယ္။

၇။ ပ်ားရည္က အျမင္အာ႐ုံကို ပိုမို ေကာင္းမြန္ေစပါတယ္
မ်က္စိထဲတစ္ခုခုဝင္သြားရင္ ပ်ားရည္ကို ေရႏွင့္ေရာၿပီး မ်က္စိကို ေဆးေပးပါ။ ပ်ားရည္ႏွင့္ မုန္လာဥနီေဖ်ာ္ရည္ကို ေရာၿပီးေသာက္ေပးျခင္းက ကြန္ျပဴတာေရွ႕မွာ အခ်ိန္ၾကာၾကာ အလုပ္လုပ္ရတဲ့သူေတြအတြက္ မ်က္စိေရတိမ္ႏွင့္ ပင္ပန္းႏြမ္းနယ္မႈေတြကို ကုသတဲ့ေနရာမွာ အသုံးဝင္ပါတယ္။

၈။ ပ်ားရည္က ခံတြင္းအနံ႔ ဆိုးျခင္းကို သက္သာေစပါတယ္
ပ်ားရည္ရဲ႕ ဘက္တီးရီးယား ဆန႔္က်င္ဂုဏ္သတၱိက ခံတြင္းအနံ႔ ဆိုးျခင္းကို ေပ်ာက္ေစျခင္းမွာ အသုံးဝင္ပါတယ္။ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ဇြန္း၊ သစ္ႀကံပိုးမႈန႔္ လက္ဖက္ရည္ဇြန္းနဲ႔ 1/8 ၊ ေရေႏြးေႏြး ခြက္တစ္ဝက္ကို ေရာၿပီး ခံတြင္းသန႔္စင္ေဆးအျဖစ္ ပလုပ္က်င္းေပးႏိုင္ပါတယ္။

၉။ ပ်ားရည္ကို အေရျပားေျခာက္ေသြ႕ျခင္းႏွင့္ တံေတာင္ဆစ္ေတြကို အစိုဓါတ္ရရွိေစဖို႔ အသုံးျပဳႏိုင္ပါတယ္
တံေတာင္ဆစ္ အေရျပားေျခာက္ေသြ႕မႈျပႆနာကို လူတိုင္းႀကဳံဖူးၾကမွာပါ။ ဒီျပႆနာကို ေပ်ာက္ကင္းေစဖို႔ သဘာဝနည္းလမ္းကေတာ့ တံေတာင္ဆစ္ခ်ိဳး၊ ဒူးႏွင့္ အျခားေျခာက္ေသြ႕တဲ့ ေနရာေတြေပၚမွာ ပ်ားရည္ႏွင့္ ဒိန္ခ်ဥ္ေရာၿပီး အသားအေရထဲ စိမ့္ဝင္ေအာင္ ပြတ္ေပးပါ။ ၁၅မိနစ္ မိနစ္၃၀ေလာက္ထားၿပီး မွ ေရျဖင့္ေဆးပါ။ အသားအေရကို စိုေျပေစတဲ့ အက်ိဳးသက္ေရာက္မႈေတြ ရွိပါတယ္။

၁၀။ ပ်ားရည္က သဘာဝ “Red Bull ” ျဖစ္ပါတယ္
ပ်ားရည္မွာ ေသြးေၾကာထဲသို႔ တိုက္႐ိုက္ စုပ္ယူေပးတဲ့ glucose ႏွင့္ fructose ေတြ ပါဝင္ၿပီး မၿပိဳကြဲတဲ့ အခ်က္ေၾကာင့္ ကြၽန္ ေတာ္တို႔ခႏၶာကိုယ္ကို စြမ္းအင္ေတြ ျဖည့္ေပးႏိုင္ပါတယ္။ ဒါက အထူးသျဖင့္ မာရသြန္ ကစားသမားမ်ားႏွင့္ အားကစားသမားမ်ား အတြက္ သင့္ေတာ္ပါတယ္။

၁၁။ ပ်ားရည္က အသီးေတြကို ထိန္းသိမ္းေပးပါတယ္
blueberries ႏွင့္ raspberries အသီးေတြကို တစ္ႏွစ္ပတ္လုံး ၾကာရွည္ခံေအာင္ စိမ္ထားခ်င္လွ်င္ အိုးထဲမွာ ေရ ၁၀ခ်ိဳး ၁ခ်ိဳးနဲ႔ ပ်ားရည္ကိုထည့္ႏိုင္ပါတယ္။

၁၂။ ပ်ားရည္ကို အိမ္မွာ ႏႈတ္ခမ္းလိမ္းေဆးျပဳလုပ္ဖို႔ အသုံးျပဳႏိုင္ပါတယ္
ေဆာင္းတြင္းကာလမွာ လူအေတာ္မ်ားမ်ားက ႏႈတ္ခမ္းေတြအက္ကြဲၿပီး ေျခာက္ေသြ႕တတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ႏႈတ္ခမ္း လိမ္းေဆးအဆီကို အသုံးျပဳတတ္ၾကပါတယ္။ သင္ကိုယ္တိုင္ အိမ္မွာ ႏႈတ္ခမ္းလိမ္းေဆးအဆီ ျပဳလုပ္ခ်င္ရင္ေတာ့ ဖေယာင္း ပါတဲ့ ပ်ားရည္( honey wax)၊ အုန္းဆီ၊ ဗီတာမင္အီး၊ သံလြင္ဆီတို႔ကို ေရာၿပီး လိမ္းပါ။ ဒီႏႈတ္ခမ္းလိမ္းေဆးက ေရဓါတ္ကို ရရွိေစၿပီး ႏႈတ္ခမ္းသားကို ႏူးညံ့ေစပါတယ္။

၁၃။ ပ်ားရည္က ေဘာက္ေတြကို ဖယ္ရွားေပးပါတယ္
ပ်ားရည္က ေဘာက္ျပႆနာေတြကို ဖယ္ရွားေပးတာေၾကာင့္ အံၾသစရာပါ။ ဦးေရျပားေျခာက္ေသြ႕ၿပီး ေဘာက္ရွိရင္ ပ်ားရည္ ၉၀%ကို ေရေႏြးေႏြး ၁၀%ႏွင့္ ေရာၿပီး သင့္ဆံပင္အထဲသို႔ ပြတ္ေပးပါ။

၃နာရီေလာက္ေနမွ သင့္ေခါင္းကို ေဆးေၾကာပါ။ ယားယံျခင္း ေလ်ာ့နည္းသြားတာကို ခံစားရၿပီး တစ္ပတ္အတြင္းမွာ ေဘာက္ေတြ ေပ်ာက္သြားပါလိမ့္မယ္။

၁၄။ ပ်ားရည္ကို အေမႊးရိတ္ခရမ္အျဖစ္ အစားထိုးႏိုင္ပါတယ္
အေမႊးအမွ်င္ရိတ္တဲ့ ခရမ္ေတြက ေဈးႀကီးပါတယ္။ ေဈး သက္သက္သာသာနဲ႔ သဘာအတိုင္း အေမႊးအမွ်င္ေတြကို ဖယ္ရွားခ်င္ရင္ ပ်ားရည္ကို

ေရေႏြးေႏြးေလးနဲ႔ေရာၿပီး shaving cream အျဖစ္ အစားထိုး ႏိုင္ပါတယ္။ ပ်ားရည္က အေရျပား အစိုဓါတ္ကို ရရွိေစၿပီး ယားယံျခင္းကို တားဆီးေပးပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

လူသိနည်းတဲ့ ပျားရည်ရဲ့ သုံးဝင်ပုံ (၁၄) ခု


လူအများစုက ကွက်ကီးတွေ၊ ကိတ်တွေကို နူးညံ့စေဖို့နှင့် သကြားမသုံးချင်တဲ့အခါ အစားအစာတွေကို ချိုမြစေဖို့ ပျားရည်ကို ဘယ်လိုသုံးရမလဲဆိုတာ သိကြပါတယ်။ ဒါပေမယ့် ပျားရည်မှာ antibiotic ဂုဏ်သတ္တိတွေ ရှိပြီး အနာကျက်စေတာကြောင့်

အရသာရှိတာထက် အများကြီး အသုံးဝင်ပါသေးတယ်။ရှေးခေတ်အီဂျစ်မှာ ပျားရည်ကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ပျားရည်ကို တခြားနည်းလမ်းနဲ့ ဘယ်လိုအသုံးချလို့ ရမလဲဆိုတာကို ကျန်းမာရေးနှင့် အလှအပ ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

၁။ ပျားရည်က အရက်နာကျတာကို သက်သာစေပါတယ်
ပျားရည်မှာပါဝင်တဲ့ fructose ရဲ့မြင့်မားတဲ့ အဆင့်ကြောင့် ပျားရည်တစ်ဇွန်းစာ စားပေးခြင်း သို့မဟုတ် tea ထဲမှာ ဖျော်သောက်ခြင်းက အရက်သောက်ခြင်းကြောင့် ဖြစ်တဲ့ နံနက်ခင်းမှာ အရက်နာကျခြင်းကို ဖယ်ရှားပေးပါတယ်။

၂။ ပျားရည်ကို မျက်နှာ scrub နှင့် mask အဖြစ် အသုံးပြုနိုင်ပါတယ်
ပျားရည်ကို သင့်မျက်နှာ အတွက် cleansing scrub သို့မဟုတ် moisturizing mask အဖြစ် အသုံးပြုနိုင်တယ်ဆိုတာ သိပါသလား? chemical အခြေခံတဲ့ scrubs တွေ masksတွေနဲ့ မတူဘဲ ပျားရည်က သဘာဝနှင့် ပဋိဇီဝဆေးတစ်မျိုး ဖြစ်ပါတယ်။

၎င်းက အရေပြားဆဲလ်သေတွေ၊ ဘက်တီးရီးယားများနှင့် အညစ်အကြေးများကို ဖယ်ရှားပေးပါတယ်။ သင်ကိုယ်တိုင် စမ်းကြည့်ချင်ရင် ပျားရည်နှင့် oatmeal ကို ရေနွေးနွေးလေးဖြင့်ရောပြီး scrub အဖြစ် အသုံးပြုနိုင်သလို ပျားရည်နှင့် အုန်းဆီစစ်စစ်ကို ရောပြီး Mask အဖြစ် အသုံးပြုနိုင်ပါတယ်။

၃။ ပျားရည်က antibiotic တစ်ခု ဖြစ်ပါတယ်
ပျားရည်က အနာ မြန်မြန်ကျက်စေတဲ့အပြင် ဘက်တီးရီးယားတွေ ပြန့်ပွားခြင်းမှလည်း ကာကွယ်တားဆီးပေးပါတယ်။ ပျားရည်က E. coli နှင့်Staphylococcus aureus ကဲ့သို့ ဘက်တီးရီးယားတွေကိုတောင်

သေစေ၊ ပြန့်ပွားမှုကို တားဆီးနိုင်တယ်ဆိုတာ စမ်းသပ်မှုတစ်ခုမှာ ပြသခဲ့ပါတယ်။ ပျားရည်ကို ဝယ်တဲ့အခါ ပျားရည်အရောင်ရင့်က antibacterial ဂုဏ်သတ္တိ တွေ အားကောင်းတယ်ဆိုတာ သတိရပါ။

၄။ ပျားရည်ကို diet အကူအညီတစ်ခု အဖြစ် အသုံးပြုလို့ ရပါတယ်
ပျားရည်က သင့်ရဲ့ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို အရှိန် မြှင့်ပေးပါတယ်။ Green teaကလည်း သင့်ရဲ့ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို အရှိန်မြင့်ပေးတာကြောင့် Green tea ထဲမှာ ပျားရည် ထည့်သောက်ခြင်းက သင့်ခန္ဓာကိုယ်အတွက် အင်အား နှစ်ဆတိုးမြှင့်စေခြင်းအဖြစ် အလုပ် လုပ်ပါလိမ့်မယ်။

၅။ ပျားရည်က အိပ်မပျော်တာကို သက်သာစေပါတယ်
အိပ်မပျော်တဲ့ ရောဂါခံစားနေရသူတွေဟာ အိပ်ရာမဝင်ခင် ပျားရည်အနည်းငယ် သောက်သုံးပေးသင့်ပါတယ်။ ပျားရည်မှ ာပါဝင်တဲ့သကြားက အိပ်ပျော်စေဖို့အတွက် လှုံ့ဆော်ပေးပါတယ်။

၆။ ပျားရည်က အမာရွတ်များကို ညိုးနွမ်းစေပါတယ်
သင့်မှာ ဝက်ခြံအမာရွတ်တွေ သိသာနေလို့ လျော့နည်းချင်ရင် ပျားရည်နှင့် အုန်းဆီ သို့မဟုတ် သံလွင်ဆီကို ဆတူ ရောပြီး အရေပြားထဲသို့စိမ့်ဝင်အောင် ပွတ်ပေးပါ။ ပွတ်ပေးပြီးရင် ၁၅မိနစ်လောက် ရေဖက်နွေးနွေးလေးနဲ့ အုပ်ပေးထားပါ။

ပျားရည်က ရောင်ရမ်းခြင်းတွေကို လျော့ချပေးတဲ့ ဂုဏ်သတ္တိတွေကြောင့် ဝက်ခြံတွေကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ ပျားရည်ကို မိနစ် ၂၀၊ ၃၀လောက် မျက်နှာပေါ်မှာ လိမ်းပေးထားခြင်းဖြင့် mask အဖြစ် သုံးနိုင်ပါတယ်။

၇။ ပျားရည်က အမြင်အာရုံကို ပိုမို ကောင်းမွန်စေပါတယ်
မျက်စိထဲတစ်ခုခုဝင်သွားရင် ပျားရည်ကို ရေနှင့်ရောပြီး မျက်စိကို ဆေးပေးပါ။ ပျားရည်နှင့် မုန်လာဥနီဖျော်ရည်ကို ရောပြီးသောက်ပေးခြင်းက ကွန်ပြူတာရှေ့မှာ အချိန်ကြာကြာ အလုပ်လုပ်ရတဲ့သူတွေအတွက် မျက်စိရေတိမ်နှင့် ပင်ပန်းနွမ်းနယ်မှုတွေကို ကုသတဲ့နေရာမှာ အသုံးဝင်ပါတယ်။

၈။ ပျားရည်က ခံတွင်းအနံ့ ဆိုးခြင်းကို သက်သာစေပါတယ်
ပျားရည်ရဲ့ ဘက်တီးရီးယား ဆန့်ကျင်ဂုဏ်သတ္တိက ခံတွင်းအနံ့ ဆိုးခြင်းကို ပျောက်စေခြင်းမှာ အသုံးဝင်ပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ သစ်ကြံပိုးမှုန့် လက်ဖက်ရည်ဇွန်းနဲ့ 1/8 ၊ ရေနွေးနွေး ခွက်တစ်ဝက်ကို ရောပြီး ခံတွင်းသန့်စင်ဆေးအဖြစ် ပလုပ်ကျင်းပေးနိုင်ပါတယ်။

၉။ ပျားရည်ကို အရေပြားခြောက်သွေ့ခြင်းနှင့် တံတောင်ဆစ်တွေကို အစိုဓါတ်ရရှိစေဖို့ အသုံးပြုနိုင်ပါတယ်
တံတောင်ဆစ် အရေပြားခြောက်သွေ့မှုပြဿနာကို လူတိုင်းကြုံဖူးကြမှာပါ။ ဒီပြဿနာကို ပျောက်ကင်းစေဖို့ သဘာဝနည်းလမ်းကတော့ တံတောင်ဆစ်ချိုး၊ ဒူးနှင့် အခြားခြောက်သွေ့တဲ့ နေရာတွေပေါ်မှာ ပျားရည်နှင့် ဒိန်ချဉ်ရောပြီး အသားအရေထဲ စိမ့်ဝင်အောင် ပွတ်ပေးပါ။ ၁၅မိနစ် မိနစ်၃၀လောက်ထားပြီး မှ ရေဖြင့်ဆေးပါ။ အသားအရေကို စိုပြေစေတဲ့ အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။

၁၀။ ပျားရည်က သဘာဝ “Red Bull ” ဖြစ်ပါတယ်
ပျားရည်မှာ သွေးကြောထဲသို့ တိုက်ရိုက် စုပ်ယူပေးတဲ့ glucose နှင့် fructose တွေ ပါဝင်ပြီး မပြိုကွဲတဲ့ အချက်ကြောင့် ကျွန် တော်တို့ခန္ဓာကိုယ်ကို စွမ်းအင်တွေ ဖြည့်ပေးနိုင်ပါတယ်။ ဒါက အထူးသဖြင့် မာရသွန် ကစားသမားများနှင့် အားကစားသမားများ အတွက် သင့်တော်ပါတယ်။

၁၁။ ပျားရည်က အသီးတွေကို ထိန်းသိမ်းပေးပါတယ်
blueberries နှင့် raspberries အသီးတွေကို တစ်နှစ်ပတ်လုံး ကြာရှည်ခံအောင် စိမ်ထားချင်လျှင် အိုးထဲမှာ ရေ ၁၀ချိုး ၁ချိုးနဲ့ ပျားရည်ကိုထည့်နိုင်ပါတယ်။

၁၂။ ပျားရည်ကို အိမ်မှာ နှုတ်ခမ်းလိမ်းဆေးပြုလုပ်ဖို့ အသုံးပြုနိုင်ပါတယ်
ဆောင်းတွင်းကာလမှာ လူအတော်များများက နှုတ်ခမ်းတွေအက်ကွဲပြီး ခြောက်သွေ့တတ်ကြပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်း လိမ်းဆေးအဆီကို အသုံးပြုတတ်ကြပါတယ်။ သင်ကိုယ်တိုင် အိမ်မှာ နှုတ်ခမ်းလိမ်းဆေးအဆီ ပြုလုပ်ချင်ရင်တော့ ဖယောင်း ပါတဲ့ ပျားရည်( honey wax)၊ အုန်းဆီ၊ ဗီတာမင်အီး၊ သံလွင်ဆီတို့ကို ရောပြီး လိမ်းပါ။ ဒီနှုတ်ခမ်းလိမ်းဆေးက ရေဓါတ်ကို ရရှိစေပြီး နှုတ်ခမ်းသားကို နူးညံ့စေပါတယ်။

၁၃။ ပျားရည်က ဘောက်တွေကို ဖယ်ရှားပေးပါတယ်
ပျားရည်က ဘောက်ပြဿနာတွေကို ဖယ်ရှားပေးတာကြောင့် အံသြစရာပါ။ ဦးရေပြားခြောက်သွေ့ပြီး ဘောက်ရှိရင် ပျားရည် ၉၀%ကို ရေနွေးနွေး ၁၀%နှင့် ရောပြီး သင့်ဆံပင်အထဲသို့ ပွတ်ပေးပါ။

၃နာရီလောက်နေမှ သင့်ခေါင်းကို ဆေးကြောပါ။ ယားယံခြင်း လျော့နည်းသွားတာကို ခံစားရပြီး တစ်ပတ်အတွင်းမှာ ဘောက်တွေ ပျောက်သွားပါလိမ့်မယ်။

၁၄။ ပျားရည်ကို အမွှေးရိတ်ခရမ်အဖြစ် အစားထိုးနိုင်ပါတယ်
အမွှေးအမျှင်ရိတ်တဲ့ ခရမ်တွေက ဈေးကြီးပါတယ်။ ဈေး သက်သက်သာသာနဲ့ သဘာအတိုင်း အမွှေးအမျှင်တွေကို ဖယ်ရှားချင်ရင် ပျားရည်ကို

ရေနွေးနွေးလေးနဲ့ရောပြီး shaving cream အဖြစ် အစားထိုး နိုင်ပါတယ်။ ပျားရည်က အရေပြား အစိုဓါတ်ကို ရရှိစေပြီး ယားယံခြင်းကို တားဆီးပေးပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Leave a Comment