တချို့လူတွေ ကြားဖူးမှာတောင် မဟုတ်တဲ့ အောင်ပန်းစျေးက ရှားရှားပါးပါး အစာပြေ မြေကြီးခဲ
Unicode
အစာပြေ မြေကြီးခဲ…ရှားရှားပါးပါးလေးမို့အောင်ပန်းစျေးနေ့တိုင်း မြေကြီးခဲ လာရောင်းတဲ့ မို့အို။စားလို့ရတဲ့မြေခဲလေးတွေပါ။
မြေခဲတိုင်းစားလို့မရပါဘူး။ပအိုဝ်းလူမျိုးအခေါ်အဝေါ်က*ဟမ်းတော့*လို့ခေါ်တယ်မြေကြီးတော့ ဟုတ်တယ် ရိုးရိုးမြေကြီးတော့ မဟုတ်ပါဖူး
ပထဝီမြေဓာတ်ရသောကြောင့် ဗိုက်ကြီးသည်တွေ့စားကြပါတယ်…..လွယ်လွယ်နဲ့ ရှာလို့မရပါဘူး ဒီစားလို့ရတဲ့မြေကြီးတွေက နေရာသက်သက်ရှိပါတယ်
များသောအားဖြင့် အဖိုးအဖွားတွေကြိုက်ကြတယ်အစာပြေပေါ့ ထမင်းစားပြီးရင် စားကြတာ များတယ် တချို့ကြ စားတာစွဲသွားရင် မစားဘဲမနေနိုင်ဖြစ်သွားပါတယ်
အရသာက စိမ့်ပါတယ် ထုံးဓါတ် အနဲငယ်ပါပါတယ် အနဲငယ်စပ်ပါတယ်
ရှမ်းလို လိန်ဟွမ်းလို့ခေါ်တယ် ဗမာလို မြေကြီးမွေးလို့ အဓိပ္ပါယ်ရတယ်
Credit all photos
#မြန်မာပြည်မြင်ကွင်းစုံ
Zawgyi
Credit all photos
Leave a Comment