နေ့လယ်စာကိုအမြဲ ထမင်းနဲ့ပဲခြမ်း အနည်းငယ်ရောပြီး စားနေရတဲ့ကောင်လေးကို မကြည့်ရက်တော့လို့ မေးကြည့်တဲ့အခါ
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဘူးတန်မြို့ရှိ အစိုးရကျောင်းက ကျောင်းဆရာမတစ်ဦးဟာ သူမရဲ့ ကျောင်းသားတစ်ဦးက နေ့လည်စာစားရန်ပင် ထမင်းတစ်မျိုးသာ စားနေရတာကို သိရှိခဲ့ပြီးနောက် ဆိုရှယ်မီဒီယာမှာ ကလေးရဲ့ဝမ်းနည်းဖွယ်အခြေအနေကိုဖော်ပြပြီးနောက်ကျောင်းသားငယ်အတွက် များစွာ အကူအညီရရှိခဲ့ပါတယ် ။
Choniil Mascariñas လို့ခေါ်တဲ့ ဆရာမက Siga ၊ Super Crunch နဲ့အတူ ရောထားတဲ့ထမင်းဟာ ကောင်လေးရဲ့ နေ့လည်စာဘဲလို့ ဆိုပါတယ် ။ နေ့လည်စာအတွက် ထိုအစာ စားရမယ်လို့ ကောင်လေးက ဆိုလိုက်တဲ့အခါမှာ ဆရာမက အလွန်အံ့အားသင့်ခဲ့ပါတယ် ။ဒါကြောင့် သူမက ဗီဒီယိုမှာရိုက်ကူးထားပြီး အင်တာဗျူးလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။
Visayan ဘာသာစကားနဲ့ ဆရာမက နေ့လည်းစာကို ဘာလို့ ဒီလိုမျိုးစားရတာလဲ လို့ မေးလိုက်တဲ့အခါမှာ Siga နဲ့ Super Crunch ဟာ မိဘတွေက သူ့ရဲ့နေ့လည်စာအတွက်ပေးတဲ့ Php3 (ဒေါ်လာ ဝ.၆၆) နဲ့ ဝယ်နိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တယ်လို့ ကောင်လေးက ပြန်ဖြေခဲ့ပါတယ် ။
ဘာလို့ငါးခြောက်တို့ မထုတ်လာတာလဲလို့ မေးလိုက်ပါတယ် ။ ကောင်လေးက ဝမ်းနည်းစွာနဲ့ သူဟာ ထမင်းတစ်မျိုးဘဲ အမြဲစားနေခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ် ။ Mascariñas က ထိုကောင်လေးရဲ့ အခက်အခဲကြောင့် ဝမ်းနည်းပြီး ဒီ post ကို ဝေမျှပြီး အင်တာနက်ပေါ်က လူတွေဟာ ပိုက်ဆံနဲ့ကုန်စုံပစ္စည်းတွေကို လှူဒါန်းပေးဖို့ လူအများကို လှုံ့ဆော်ပေးလိုက်တာပါ ။
လူများစွာက ကောင်လေးနဲ့ သူ့မိသားစုကို အကူအညီပေးတာကြောင့် ဆရာမဖြစ်သူက အလွန်ဝမ်းမြောက်နေခဲ့ပါတယ် ။ သူတို့ဟာ ငယ်စဉ်ကလေးဘဝတုန်းက အဲဒီလိုအဖြစ်အပျက်မျိုးကြုံခဲ့ဖူးတယ်လို့ အင်တာနက်သုံးသူတွေကလည်း Cmt ပေးနေခဲ့ကြပါတယ် ။
crd