ရုပ်ဆင်းသဏ္ဌာန်ဟာ အောင်မြင်မှုရဲ့ ကန့်သတ်ချက် မဟုတ်ကြောင်း သက်သေပြလာခဲ့တဲ့ Fashion blogger လူပုမလေးတစ်ဦး (ရုပ်သံ)

ရုပ်ဆင်းသဏ္ဌာန်ဟာ အောင်မြင်မှုရဲ့ ကန့်သတ်ချက် မဟုတ်ကြောင်း သက်သေပြလာခဲ့တဲ့ Fashion blogger လူပုမလေးတစ်ဦး (ရုပ်သံ)

Seattle မြို့မှ Fashion bloggerတစ်ဦးဖြစ်တဲ့ Doris Jeongအမည်ရှိ အမျိုးသမီးဟာပုံမှန်အရပ်အမြင့် ၅ ပေ ၄လက်မရှိတဲ့ အမေရိကန်အမျိုးသမီးနဲ့ နှိုင်းယှဉ်ရင် သူမဟာ အရပ်အမြင့် ၃ ပေ ၈ လက်မ (၁၁၂ စင်တီမီတာ) သာရှိပါတယ် ။ သူမအသက် ၄ နှစ်အရွယ်မှာ သူမဟာလူရမ်းကားအုပ်ရောဂါလို့ သတ်မှတ်ခံရသော်လည်း သူမရဲ့မိဘတွေနဲ့ Doris တို့က လုံးဝစိတ်ပျက်အားငယ်ခြင်းမရှိခဲ့ပါဘူး ။

Doris ကို တောင်ကိုရီးယားမှာ မွေးဖွားခဲ့ပြီး သူမ 6 လအရွယ်မှာ မိဘတို့နဲ့အတူ ပစိဖိတ်အနောက်မြောက်ကို ပြောင်းရွှေ့ခဲ့ပါတယ် ။ သူမဟာ လူကြိုက်များပြီးလူတွေစိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်အဖြစ်ကြီးထွားလာခဲ့ပါတယ် ။Dorisဟာအရပ်အမြင့် ၁၁၂စင်တီမီတာသာရှိတာကြောင့် အဝတ်အစားတွေဝယ်ဖို့ ခဲယဉ်းလှပါတယ် ။

ဒါက သူမကိုဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ လှုံ့ဆော်ပေးနေပါတယ် ။ဖက်ရှင်မှာအရွယ်အစားကန့်သတ်ချက်မရှိဘူးဆိုတာကို တခြားလူတွေကိုမြင်ဖို့အတွက် ဖက်ရှင်ဟာအရပ်ရှည်ရှည်၊ပိန်ပိန်နဲ့လှပတဲ့လူတွေအတွက်ဘဲမဟုတ်ဘူးဆိုတာကိုသက်သေပြချင်ခဲ့ပါတယ်။အခုဆိုရင် Doris ဟာ သူမရဲ့ Blog မှာ အရွယ်အ စားအမျိုးမျိုးရှိပြီး မတူညီတဲ့အမျိုးသမီးများအတွက် ဖက်ရှင်အကြံပေးချက်များကို မျှဝေခဲ့ပါတယ် ။လူတော်တော်များများက သူမကိုကြိုက်ကြပေမဲ့လည်း တစ်ခါတစ်ရံမှာ လှောင်ပြောင်ခံရတာတို့ တွေ့ရပါတယ် ။

သူမဟာ တရုတ်စားသောက်ဆိုင်တစ်ခုကို သွားတဲ့အချိန်တိုင်းယောက်ျားတစ်စုကသူမကိုရယ်ခဲ့ပါတယ် ။သို့ပေမဲ့ သူမဟာထိုလှောင်ပြောင်မှုတွေကို လျစ်လျူရှုခဲ့ပါတယ် ။ ကျွန်ုပ်တို့ရဲ့ ရုပ်ဆင်းသဏ္ဌာန်ဟာ ကျွန်ုပ်တို့ရဲ့အောင်မြင်မှုအတွက် ကန့်သတ်ချက် မဟုတ်ကြောင်းDoris ကသက်သေပြခဲ့ပါတယ် ။ မကောင်းတဲ့ လူတွေကို လျစ်လျူရှုပြီး ကျွန်ုပ်တို့ရဲ့ အိပ်မက်များကို အကောင်အထည်ဖော်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ် ။

 

crd

Leave a Comment