ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလို နှင်းတွေကျတဲ့မြို့လေး မြန်မာနိုင်ငံမှာရှိတယ်ဆိုတာ သိပြီးပြီလား
ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကတစ်ဆင့် ကားနဲ့သွားလို့ရတဲ့ ပန်ဝါမြို့ပါ ။ပန်ဝါကိုသွားတဲ့ လမ်းနစ်လမ်းရှိပါတယ်နော်။ ပထမကအလွယ်ကူဆုံးတစ်လမ်းက မြစ်ကြီးနားကန်ပိုက်တီ တရုတ်ပြည်လမ်းကနေမြန်မာပြည် ပြန်ဝင်တဲ့လမ်းပါ။
ပထမ လမ်းအသုံးပြုမယ်ဆိုရင် တရုတ်ပြည်လမ်းက မြန်မာပြည်ပြန်ဝင်ရတဲ့အတွက် တရုတ်ပတ်စပို့လိုပါတယ်။ ဒုတိယလမ်းက မြန်မာပြည်လမ်းပါ
မြစ်ကြီးနားချီဖွေလမ်းကို အသုံးပြုမယ်ဆိုရင် လမ်းမှာတစ်ညအိပ်နစ်ရက်ကြာပါမယ်နော်။ လမ်းကမြေနီလမ်းများပါတယ် ။ ပတ်စပို့လုပ်စရာမလိုပါဘူး။ ပထမလမ်း ရန်ကုန်မန်းလေးကလာမယ်ဆိုရင် လေယာဉ်နဲ့မြစ်ကြီးနားကိုဆင်းရပါတယ်။
မြစ်ကြီးနားကနေ ကားငှားပြီး ဆက်သွားရပါတယ်။ ကန်ပိုက်တီ လမ်းကနေတရုတ်ပြည် လမ်းသွားရင်ကားစီးချိန် ၅ နာရီပဲကြာပါတယ်နော်။
ကိုယ်လမ်းသိစရာမလိုဘူး ။ ကားသမားတွေသိပါတယ်။ ကားစင်းလုံးငှားလို့ရသလို လိုင်းကားတွေလည်းရှိပါတယ်။ ကန်ပိုက်တီဂိတ်မှာ ပတ်စ်ပို့ဝင်လုပ်ရပါမယ် မှတ်ပုံတင်မိတ္တူတစ်ခု လှိင်စင်ပုံနစ်ပုံပေးလိုက်ရင် ပတ်စပို့လုပ်ပေးပါတယ်။ အများဆုံး ၁၅ မိနစ်ပဲကြာပါတယ်။ လူများရင်တော့ တန်းစီစနစ်နဲ့လုပ်ရပါမယ်နော်။
ပတ်စ်ပို့ကတရုတ်ပြည်မှာ ၁၄ ရက် သွားလာခွင့်ရှိပါတယ်။ ပန်ဝါအဝင်ဂိတ်မှာ မှတ်ပုံတင်ပတ်စပို့ ပြန်ပြရပါတယ်။ ပန်ဝါမှာတည်းဖို့ဟိုတယ်တွေမသိရင် လဝက ဝန်ထမ်းတွေ ရဲတွေရှိပါတယ်။ အကူညီတောင်းရင် ကူညီကြပါတယ်နော်။ ဒီမြို့လေးကိုတော့ google map မှာခေါက်ကြည့်ရင်တော့ လတ္တီကျု (၂၅)ဒီဂရီ၊ (၅၉) မိနစ်၊ လောင်ဂျီ ကျု (၉၈)ဒီ ဂရီ၊ (၂၀)မိနစ်
မှာတည်ရှိပီး၊မြန်မာနိုင်ငံမြေပုံအရ ကချင် ပြည်နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ၊ ပန်ဝါမြို့လေးဘဲ ဖြစ်ပါတယ်နော်။
ဒီပန်ဝါမြို့လေးဟာ ဧရိယာစတုရန်းမိုင် ၁၃၅၅ လောက် မိုင်ကျယ်ဝန်းပြီး အရှေ့မှာတရုတ်နိုင်ငံ၊ တောင်ဘက်မှာဝိုင်းမော်မြို့နယ်နဲ့ တရုတ်နိုင်ငံ၊ အနောက်ဘက်နဲ့ မြောက်ဘက်မှာတော့ ချီဖွေမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတာပါ။ မြင့်မားမတ်စောက်တဲ့ တောင်တန်းနှင့်တောင်စောင်းများ
ဝန်းရံထားတာမို့ မြေပြန့်လွင်က မရှိသလောက်နည်းပါးလွန်းပါတယ်နော် တည်းခိုခန်းဟိုတယ်တွေက ၃ သောင်းအထက်တွေရှိပါတယ်။ ပန်ဝါမှာတရုတ်နဲ့ ကချင်များပါတယ်။ အားလုံးက ရိုးသားကြပါတယ် ။အကူညီတောင်းပြီးမြို့ကို လည်ပတ်လို့ရပါ တယ် ဒါကအလွယ်ကူဆုံးလမ်းပါ။ ဒုတိယလမ်း မြစ်ကြီးနားကနေ ချီဖွေမြို့လမ်းပါ မြစ်ကြီးနားချီဖွေ ကားတစ်ရက်စီးရပါတယ်။
ချီဖွေမှာ တစ်ညအိပ်ရပါလိမ့်မယ်နော်။ တည်းခိုခန်းတွေ အများကြီးရှိပါတယ် လမ်းခရီးမြေနီလမ်းဖြစ်ပြီးတော့ တောတောင်သဘာဝတွေအများကြီးရှိပါတယ်နော်။ မေခမြစ်အတိုင်း တက်သွားရတာပါ၊ နောက်နေ့မနက်ကားနဲ့ထွက်လာရင် ညနေ ၂ နာရီလောက် ပန်ဝါရောက်ပါတယ်။ ပန်ဝါမြို့ ၁ ရက်လောက်လည်ပြီးရင် ကန်ပိုက်တီလမ်းလည်း ပြန် လို့ရပါတယ်နော်။
ဆိုင်ကယ်စီးဝါသနာရှင်တွေကတော့ မြစ်ကြီးနားချီဖွေပန်ဝါလမ်းကို ဆိုင်ကယ်သွားလို့ရပါတယ်။မှတ်ချက်။ မြစ်ကြီးနားမှာ မိုးတွေအုံ့ပြီးမြူတွေ ကျနေရင်တော့ ပန်ဝါမှာ နှင်းကျတတ်ပါတယ်နော်။ မြစ်ကြီးမြို့ရောက်ရင်ခန့်မှန်းနိင်ဖို့ပါ။
crd
ကိုရီးယားဇာတ္လမ္းတြဲေတြထဲကလို ႏွင္းေတြက်တဲ့ၿမိဳ႕ေလး ျမန္မာႏိုင္ငံမွာရွိတယ္ဆိုတာ သိၿပီးၿပီလား
ကခ်င္ျပည္နယ္ျမစ္ႀကီးနားၿမိဳ႕ကတစ္ဆင့္ ကားနဲ႔သြားလို႔ရတဲ့ ပန္ဝါၿမိဳ႕ပါ ။ပန္ဝါကိုသြားတဲ့ လမ္းနစ္လမ္းရွိပါတယ္ေနာ္။ ပထမကအလြယ္ကူဆုံးတစ္လမ္းက ျမစ္ႀကီးနားကန္ပိုက္တီ တ႐ုတ္ျပည္လမ္းကေနျမန္မာျပည္ ျပန္ဝင္တဲ့လမ္းပါ။
ပထမ လမ္းအသုံးျပဳမယ္ဆိုရင္ တ႐ုတ္ျပည္လမ္းက ျမန္မာျပည္ျပန္ဝင္ရတဲ့အတြက္ တ႐ုတ္ပတ္စပို႔လိုပါတယ္။ ဒုတိယလမ္းက ျမန္မာျပည္လမ္းပါ
ျမစ္ႀကီးနားခ်ီေဖြလမ္းကို အသုံးျပဳမယ္ဆိုရင္ လမ္းမွာတစ္ညအိပ္နစ္ရက္ၾကာပါမယ္ေနာ္။ လမ္းကေျမနီလမ္းမ်ားပါတယ္ ။ ပတ္စပို႔လုပ္စရာမလိုပါဘူး။ ပထမလမ္း ရန္ကုန္မန္းေလးကလာမယ္ဆိုရင္ ေလယာဥ္နဲ႔ျမစ္ႀကီးနားကိုဆင္းရပါတယ္။
ျမစ္ႀကီးနားကေန ကားငွားၿပီး ဆက္သြားရပါတယ္။ ကန္ပိုက္တီ လမ္းကေနတ႐ုတ္ျပည္ လမ္းသြားရင္ကားစီးခ်ိန္ ၅ နာရီပဲၾကာပါတယ္ေနာ္။
ကိုယ္လမ္းသိစရာမလိုဘူး ။ ကားသမားေတြသိပါတယ္။ ကားစင္းလုံးငွားလို႔ရသလို လိုင္းကားေတြလည္းရွိပါတယ္။ ကန္ပိုက္တီဂိတ္မွာ ပတ္စ္ပို႔ဝင္လုပ္ရပါမယ္ မွတ္ပုံတင္မိတၱဴတစ္ခု လွိင္စင္ပုံနစ္ပုံေပးလိုက္ရင္ ပတ္စပို႔လုပ္ေပးပါတယ္။ အမ်ားဆုံး ၁၅ မိနစ္ပဲၾကာပါတယ္။ လူမ်ားရင္ေတာ့ တန္းစီစနစ္နဲ႔လုပ္ရပါမယ္ေနာ္။
ပတ္စ္ပို႔ကတ႐ုတ္ျပည္မွာ ၁၄ ရက္ သြားလာခြင့္ရွိပါတယ္။ ပန္ဝါအဝင္ဂိတ္မွာ မွတ္ပုံတင္ပတ္စပို႔ ျပန္ျပရပါတယ္။ ပန္ဝါမွာတည္းဖို႔ဟိုတယ္ေတြမသိရင္ လဝက ဝန္ထမ္းေတြ ရဲေတြရွိပါတယ္။ အကူညီေတာင္းရင္ ကူညီၾကပါတယ္ေနာ္။ ဒီၿမိဳ႕ေလးကိုေတာ့ google map မွာေခါက္ၾကည့္ရင္ေတာ့ လတၱီက်ဳ (၂၅)ဒီဂရီ၊ (၅၉) မိနစ္၊ ေလာင္ဂ်ီ က်ဳ (၉၈)ဒီ ဂရီ၊ (၂၀)မိနစ္
မွာတည္ရွိပီး၊ျမန္မာႏိုင္ငံေျမပုံအရ ကခ်င္ ျပည္နယ္ ျမစ္ႀကီးနားခ႐ိုင္၊ ခ်ီေဖြၿမိဳ႕နယ္ ၊ ပန္ဝါၿမိဳ႕ေလးဘဲ ျဖစ္ပါတယ္ေနာ္။
ဒီပန္ဝါၿမိဳ႕ေလးဟာ ဧရိယာစတုရန္းမိုင္ ၁၃၅၅ ေလာက္ မိုင္က်ယ္ဝန္းၿပီး အေရွ႕မွာတ႐ုတ္ႏိုင္ငံ၊ ေတာင္ဘက္မွာဝိုင္းေမာ္ၿမိဳ႕နယ္နဲ႔ တ႐ုတ္ႏိုင္ငံ၊ အေနာက္ဘက္နဲ႔ ေျမာက္ဘက္မွာေတာ့ ခ်ီေဖြၿမိဳ႕နယ္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတာပါ။ ျမင့္မားမတ္ေစာက္တဲ့ ေတာင္တန္းႏွင့္ေတာင္ေစာင္းမ်ား
ဝန္းရံထားတာမို႔ ေျမျပန႔္လြင္က မရွိသေလာက္နည္းပါးလြန္းပါတယ္ေနာ္ တည္းခိုခန္းဟိုတယ္ေတြက ၃ ေသာင္းအထက္ေတြရွိပါတယ္။ ပန္ဝါမွာတ႐ုတ္နဲ႔ ကခ်င္မ်ားပါတယ္။ အားလုံးက ႐ိုးသားၾကပါတယ္ ။အကူညီေတာင္းၿပီးၿမိဳ႕ကို လည္ပတ္လို႔ရပါ တယ္ ဒါကအလြယ္ကူဆုံးလမ္းပါ။ ဒုတိယလမ္း ျမစ္ႀကီးနားကေန ခ်ီေဖြၿမိဳ႕လမ္းပါ ျမစ္ႀကီးနားခ်ီေဖြ ကားတစ္ရက္စီးရပါတယ္။
ခ်ီေဖြမွာ တစ္ညအိပ္ရပါလိမ့္မယ္ေနာ္။ တည္းခိုခန္းေတြ အမ်ားႀကီးရွိပါတယ္ လမ္းခရီးေျမနီလမ္းျဖစ္ၿပီးေတာ့ ေတာေတာင္သဘာဝေတြအမ်ားႀကီးရွိပါတယ္ေနာ္။ ေမချမစ္အတိုင္း တက္သြားရတာပါ၊ ေနာက္ေန႔မနက္ကားနဲ႔ထြက္လာရင္ ညေန ၂ နာရီေလာက္ ပန္ဝါေရာက္ပါတယ္။ ပန္ဝါၿမိဳ႕ ၁ ရက္ေလာက္လည္ၿပီးရင္ ကန္ပိုက္တီလမ္းလည္း ျပန္ လို႔ရပါတယ္ေနာ္။
ဆိုင္ကယ္စီးဝါသနာရွင္ေတြကေတာ့ ျမစ္ႀကီးနားခ်ီေဖြပန္ဝါလမ္းကို ဆိုင္ကယ္သြားလို႔ရပါတယ္။မွတ္ခ်က္။ ျမစ္ႀကီးနားမွာ မိုးေတြအုံ႔ၿပီးျမဴေတြ က်ေနရင္ေတာ့ ပန္ဝါမွာ ႏွင္းက်တတ္ပါတယ္ေနာ္။ ျမစ္ႀကီးၿမိဳ႕ေရာက္ရင္ခန႔္မွန္းနိင္ဖို႔ပါ။
crd