ေမြးကင္းစအရြယ္သားမီးေလးေတြနဲ႕အတူ ေပ်ာ္ရႊင္ဖြယ္ေကာင္းတဲ့မိသားစုဘဝေလးကိုပိုင္ဆိုင္ထားၾကတဲ့ အႏုပညာရွင္မ်ားရဲ႕ပံုရိပ္မ်ား
ပရိတ္သတ္ႀကီးေရ…ပီးခဲ့တဲ့ကပ္ေရာဂါအေျခအေနေတြနဲ႔ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ အႏုပညာရွင္အမ်ားစုဟာ အႏုပညာလႈပ္ရွားမႈေတြရပ္နားခဲ့ၿပီး မိသားစုဘဝေလးကို တည္ေဆာက္ခဲ့ၾကတာပဲျဖစ္ပါတယ္။ လတ္တေလာမွာ အိမ္ေထာင္က်လက္ထပ္သြားၾကတဲ့ အႏုပညာရွင္ေတြရွိသလို တခ်ိဳ႕အႏုပညာရွင္ေတြကလည္း သားသမီးေလးေတြ စည္ပင္ပြားမ်ားၿပီး မိသားစုဘဝေလးကို ပိုင္ဆိုင္ႏိုင္ခဲ့ၾကတာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးအတြက္ ေမြးကင္းစအ႐ြယ္သားသမီးေလးေတြနဲ႔ ေပ်ာ္စရာေကာင္းတဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ေနၾကၿပီျဖစ္တဲ့ အႏုပညာရွင္မ်ားအေၾကာင္း တင္ဆက္ေပးလိုက္ပါတယ္ေနာ္။
Myanmar Idol အဆိုေတာ္ရဲေနာင္ဟာလည္း ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ဖခင္အျဖစ္ကို ပူပူေႏြးေႏြးေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ရဲေနာင္ဟာ သူ႔ရဲ႕သမီးေလးကို ၿပီးခဲ့တဲ့ စက္တင္ဘာလ (၃၀)ရက္ေန႔က ပိုင္ဆိုင္ခဲ့ၿပီး သမီးေလးကို Reina လို႔ နာမည္လွလွေလးေပးထားခဲ့တာပဲျဖစ္ပါတယ္။
သ႐ုပ္ေဆာင္ ေဘဘီေမာင္နဲ႔ အဆိုေတာ္ သားဂန္းတို႔ဟာလည္း သမီးေလးရဲ႕မိဘေတြအျဖစ္ မၾကာေသးခင္ကပဲေရာက္ရွိခဲ့တာျဖစ္ပါတယ္။ ေဘဘီေမာင္ဟာ သူမရဲ႕သမီးေလးကို ၿပီးခဲ့တဲ့ ၾသဂုတ္လ (၂၄) ရက္ေန႔မွာေမြးဖြားခဲ့ၿပီး သမီးေလးအတြက္ ဘီလီယံဆိုၿပီး အိမ္ေခၚနာမည္ေလးမွည့္ေပးထားတာပဲျဖစ္ပါတယ္။
အဆိုေတာ္မေလး အိမ့္ခ်စ္ဟာဆိုရင္လည္း ေတအမရာလႈိင္လို႔ အမည္ေပးခဲ့တဲ့ သူမရဲ႕သမီးဦးေလးကို ၿပီးခဲ့တဲ့ ၾသဂုတ္လ (၆) ရက္ေန႔မွာေမြးဖြားခဲ့တာ ျဖစ္ပါတယ္။ အိမ့္ခ်စ္ရဲ႕သမီးေလးဟာ အခုဆိုရင္ႏွစ္လေက်ာ္အ႐ြယ္ရွိၿပီျဖစ္ၿပီး အိမ့္ခ်စ္ဟာလည္း အလုပ္ေတြတစ္ဖက္နဲ႔ သမီးေလးကို ရင္အုပ္မကြာေစာင့္ေရွာက္ေနလ်က္ရွိပါတယ္။
အဆိုေတာ္ဗီဗာဟိန္းကေတာ့ ၿပီးခဲ့တဲ့ (၂၀၂၁) ခုႏွစ္က အိမ္ေထာင္ျပဳခဲ့ၿပီး သူမရဲ႕သားေလး ဗိုလ္အာကာဟိန္းကို ၾသဂုတ္လ (၁၈) ရက္ေန႔က ေမြးဖြားခဲ့တာပဲျဖစ္ပါတယ္။ ဗီဗာဟိန္းကေတာ့ သူ႔ရဲ႕မိဘေတြနဲ႔ ႐ုပ္ခ်င္းဆင္တဲ့ သားေလးကို မိဘေတြကိုလြမ္းတဲ့စိတ္နဲ႔ ပိုၿပီးခ်စ္ေနရတာပဲျဖစ္ပါတယ္။
ရွမ္းတိုင္းရင္းသူေလး သီရိရွင္းသန႔္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကပဲ အိမ္ေထာင္ျပဳခဲ့ၿပီး ၿပီးခဲ့တဲ့ စက္တင္ဘာလ (၂၂) ရက္ေန႔မွာ သူမရဲ႕ သားဦးေလး Ray ကို ေမြးဖြားခဲ့တာပဲျဖစ္ပါတယ္။ သီရိရွင္းသန႔္ရဲ႕သားေလး Ray ကေတာ့ သူ႔ရဲ႕ေဖေဖနဲ႔ တစ္ပုံစံတည္းတူၿပီး တလုံးတခဲႀကီးနဲ႔ ခ်စ္စရာေကာင္းတာကို ပရိသတ္ႀကီးလည္း ေတြ႕ျမင္ရမွာပါ။
Credit
ပရိတ်သတ်ကြီးရေ…ပီးခဲ့တဲ့ကပ်ရောဂါအခြေအနေတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာရှင်အများစုဟာ အနုပညာလှုပ်ရှားမှုတွေရပ်နားခဲ့ပြီး မိသားစုဘဝလေးကို တည်ဆောက်ခဲ့ကြတာပဲဖြစ်ပါတယ်။ လတ်တလောမှာ အိမ်ထောင်ကျလက်ထပ်သွားကြတဲ့ အနုပညာရှင်တွေရှိသလို တချို့အနုပညာရှင်တွေကလည်း သားသမီးလေးတွေ စည်ပင်ပွားများပြီး မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် မွေးကင်းစအရွယ်သားသမီးလေးတွေနဲ့ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်နေကြပြီဖြစ်တဲ့ အနုပညာရှင်များအကြောင်း တင်ဆက်ပေးလိုက်ပါတယ်နော်။
Myanmar Idol အဆိုတော်ရဲနောင်ဟာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဖခင်အဖြစ်ကို ပူပူနွေးနွေးရောက်ရှိခဲ့တာဖြစ်ပါတယ်။ ရဲနောင်ဟာ သူ့ရဲ့သမီးလေးကို ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀)ရက်နေ့က ပိုင်ဆိုင်ခဲ့ပြီး သမီးလေးကို Reina လို့ နာမည်လှလှလေးပေးထားခဲ့တာပဲဖြစ်ပါတယ်။
သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ဟာလည်း သမီးလေးရဲ့မိဘတွေအဖြစ် မကြာသေးခင်ကပဲရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဘေဘီမောင်ဟာ သူမရဲ့သမီးလေးကို ပြီးခဲ့တဲ့ သြဂုတ်လ (၂၄) ရက်နေ့မှာမွေးဖွားခဲ့ပြီး သမီးလေးအတွက် ဘီလီယံဆိုပြီး အိမ်ခေါ်နာမည်လေးမှည့်ပေးထားတာပဲဖြစ်ပါတယ်။
အဆိုတော်မလေး အိမ့်ချစ်ဟာဆိုရင်လည်း တေအမရာလှိုင်လို့ အမည်ပေးခဲ့တဲ့ သူမရဲ့သမီးဦးလေးကို ပြီးခဲ့တဲ့ သြဂုတ်လ (၆) ရက်နေ့မှာမွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အိမ့်ချစ်ရဲ့သမီးလေးဟာ အခုဆိုရင်နှစ်လကျော်အရွယ်ရှိပြီဖြစ်ပြီး အိမ့်ချစ်ဟာလည်း အလုပ်တွေတစ်ဖက်နဲ့ သမီးလေးကို ရင်အုပ်မကွာစောင့်ရှောက်နေလျက်ရှိပါတယ်။
အဆိုတော်ဗီဗာဟိန်းကတော့ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်က အိမ်ထောင်ပြုခဲ့ပြီး သူမရဲ့သားလေး ဗိုလ်အာကာဟိန်းကို သြဂုတ်လ (၁၈) ရက်နေ့က မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ ဗီဗာဟိန်းကတော့ သူ့ရဲ့မိဘတွေနဲ့ ရုပ်ချင်းဆင်တဲ့ သားလေးကို မိဘတွေကိုလွမ်းတဲ့စိတ်နဲ့ ပိုပြီးချစ်နေရတာပဲဖြစ်ပါတယ်။
ရှမ်းတိုင်းရင်းသူလေး သီရိရှင်းသန့်ကတော့ ပြီးခဲ့တဲ့နှစ်ကပဲ အိမ်ထောင်ပြုခဲ့ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၂) ရက်နေ့မှာ သူမရဲ့ သားဦးလေး Ray ကို မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ သီရိရှင်းသန့်ရဲ့သားလေး Ray ကတော့ သူ့ရဲ့ဖေဖေနဲ့ တစ်ပုံစံတည်းတူပြီး တလုံးတခဲကြီးနဲ့ ချစ်စရာကောင်းတာကို ပရိသတ်ကြီးလည်း တွေ့မြင်ရမှာပါ။
Credit