ဓာတ်ပုံရိုက်ရတာကိုဝါသနာမပါအတဲ့မောင်ဖြစ်သူက တူမလေးနဲ့ကြမှပဲ ဓာတ်ပုံတွေရိုက်ချင်နေတဲ့အကြောင်းပြောပြလာတဲ့ ဘေဘီမောင်
Source: Baby Maung’s fb
Credit
မင်းသမီးချောလေး ဘေဘီမောင်ကတော့ အောင်မြင်နေတဲ့သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်မှုတွေကို အပြည့်အဝ ရရှိနေတဲ့သူလေးပဲဖြစ်ပါတယ်နော်။ သူမဟာမော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာကာ ကြိုးစားအားထုတ်မှုတွေကြောင့် ပရိသတ်အသိအမှတ်ပြုတဲ့ မင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ သူမရဲ့အနုပညာခြေရာကိုလိုက်နင်းတဲ့ သရုပ်ဆောင် သံစဉ်မောင်ဆိုတဲ့ ညီမလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရသလို ချစ်စရာကောင်းတဲ့ မောင်ချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။
ဘေဘီမောင်နဲ့ သံစဉ်မောင်တို့ကတော့ သရုပ်ဆောင်တွေအဖြစ် အနုပညာလောကထဲမှာ ကျင်လည်နေကြပေမယ့် သူမတို့ရဲ့မောင်လေးကတော့ အနုပညာကိုဝါသနာမပါတဲ့အပြင် ဓာတ်ပုံတောင်မရိုက်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဘေဘီမောင်က အနေအေးသလောက် တူမလေးနဲ့ကျမှ သည်းသည်းလှုပ်ဖြစ်နေတဲ့ မောင်လေးအကြောင်းကို ပြောပြလာပါတယ်။ ဘေဘီမောင်က “တော်ရုံဆို ပုံလည်းသိပ်မတင်ဘူး ရိုက်လည်းမရိုက်ဘူး။ သူ့ တူမ ဘီဘီးနဲ့ကျမှ ပုံရိုက်ပေးပါမကြီးတဲ့😍 ကဲ ဘီလီယံလေးကဦးဦးနဲ့ချလပ်🥰📸” ဆိုပြီး တူမလေးနဲ့မှ ဓာတ်ပုံရိုက်ချင်တဲ့ မောင်လေးရဲ့ ပုံရိပ်လေးကို မျှဝေလာပါတယ်။
ဘေဘီမောင်ရဲ့သမီးလေး ဘီလီယံကတော့ တစ်အိမ်လုံးရဲ့ဆည်းလည်းလေးတစ်ယောက်ဖြစ်ပြီး ဖိုးဖိုး ဖွားဖွား ဦးဦး တီတီတွေရဲ့ အသည်းကျော်လေးဖြစ်လို့နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင်ရဲ့သမီးလေးကိုကြည့်ပြီး အချစ်ပိုနေကြမယ်ထင်ပါတယ်နော်။
Source: Baby Maung’s fb
Credit