သမီးလေးကိုနို့တိုက်နေတဲ့ ပုံတင်မိလို့ ဝေဖန်နေကြသူတွေအားလုံး အရှိုက်ထိစေမယ့်စကားတစ်ခွန်းဖြင့် ပြန်လည်ချေပလိုက်တဲ့ ဘေဘီမောင်

ဘေဘီမောင်ကတော့အခုမှာသမီးလေးတစ်ယောက်နဲ့တူတူပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါ။

ပရိသတ်တွေကလည်းသမီးလေးရောသူတို့မိသားစုလေးကိုပါချစ်မဝဖြစ်နေရတာပါ။

လူမှုကွန်ရက်ကနေလည်းသမီးလေးရဲ့ချစ်စရာပုံရိပ်လေးတွေတင်ပေးလေ့ရှိပြီးချစ်မဝဖြစ်နေရတာပါ။

ခုလိုပျော်ရွှင်စရာအချိန်လေးတွေဖြတ်သန်းနေတာကိုမနာလိုတဲ့သူတစ်ချို့ကလည်းရှိနေတာပါ။

ဒါကြောင့်လည်းသူမဟာခုလိုပဲပြန်ပြောပြခဲ့တာပါ။

နို့တိုက်တဲ့ပုံတင်တယ်ဆိုတာကလေတချို့တွေက လှလှလေးနေပြီးအလုပ် လုပ်နေရတဲ့ကျမကို နို့မတိုက်ဘူးလား နို့တိုက်အင်္ကျီလဲမဝတ်ထားဘူး။

Liveတွေလွှင့်ပြီးပဲဈေးရောင်းနေတယ်ဆိုပြီးပြောကြတာလဲရှိတဲ့အတွက် ကျွန်မက ဟုတ်ပါတယ် ကျွန်မမိသားစုကိုရှာဖွေကျွေးမွေးနေတဲ့အမျိုးသမီးတစ်ယောက်မို့ငွေရှာပါတယ်။

အလှူတန်းတွေလည်းလုပ်ချင်ပါတယ်။ကျမသမီးလေးကိုပညာတတ်ကြီးဖြစ်အောင်သင်ပေးဖို့ ကျမငွေရှာပါတယ်။

စီးပွားရှာတယ် အလုပ်တွေကြိုးစားတယ် ဒါပေမယ့် ကျမသမီးကိုတော့ မိခင်နို့ကိုရအောင်တိုက်ပါတယ်။

ကျမအလုပ် လုပ်ပီးပင်ပန်းနေပေမယ့် ကျမသမီးလေးမျက်နှာလေးကြည့်ပြီးနို့ချိုတိုက်ကျွေးချိန်ဟာကျမအတွက်အမောပြေပြီးကြည်နူးစရာအကောင်းဆုံးအချိန်ပါ

မှတ်ချက် မိခင်နို့တိုက်ကျွေးတဲ့မိခင်များကိုလေးစားသလိုအကြောင်းအမျိုးမျိုးကြောင့်မိခင်နို့မတိုက်ဖြစ်တဲ့မိခင်ကိုလည်းကိုယ်ချင်းစာပါတယ်

ဘေဘီလည်းတစ်ခါတလေ နို့ထွက်နဲလို့မိခင်နို့နဲ့အနီးစပ်ဆုံးနို့မှုန့်လေးတော့ကူပေးရပါတယ်ဆိုပြီးပြောပြခဲ့တာပါ။

Leave a Comment