အိမ်မွေးတိရစ္ဆာန်များအတွက် သူငယ်တန်းကလေးများလို သင်ကြားပေးနိုင်တဲ့ မူကြိုအတန်းကို စတင်ဖွင့်လှစ်ခဲ့တဲ့နိုင်ငံ

အိမ်မွေးတိရစ္ဆာန်များအတွက် သူငယ်တန်းကလေးများလို သင်ကြားပေးနိုင်တဲ့ မူကြိုအတန်းကို စတင်ဖွင့်လှစ်ခဲ့တဲ့နိုင်ငံ

 

ယနေ့ခေတ်မှာ တိရစ္ဆာန်တစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားရှိခြင်းက လူကြိုက်များလာခဲ့ပါတယ် ။ သို့သော် သူတို့ကိုကောင်းကောင်းဂရုစိုက်ခြင်း၊ ကျွေးမွေးခြင်း၊ ရေချိုးခြင်း (သို့) သန့်ရှင်းရေးပြုလုပ်ခြင်းက အချိန်များစွာလိုအပ်ဒါကြောင့် လူများစွာဟာ အိမ်မွေးတိရစ္ဆာန်မွေးချင်ကြပေမယ့် အလုပ်များလွန်းတာကြောင့် မလုပ်နိုင်ကြပါဘူး ။

ထိုအချိန်မှစပြီး ကိုရီးယားနိုင်ငံမှာ “pet kindergarten”လို့ခေါ်တဲ့ ဝန်ဆောင်မှုတစ်ခုက အိမ်မွေးခွေးများထိန်းကျောင်းတဲ့အတန်းကို ဖွင့်လစ်ခဲ့ပါတယ် ။မိသားစုရဲ့အိမ်မွေးတိရိစ္ဆာန်များကကလေးများကဲ့သို့ကျောင်းသွားနိုင်ပြီးအတန်းသို့နေ့တိုင်းလာရမာ ဖြစ်ပါတယ်။ သူတို့က ပြုစုစောင့်ရှောက်ခြင်း၊ ကျွေးမွေးခြင်းနဲ့ အိပ်စက်ခြင်းကိုသာမက နည်းစနစ်ကျစွာ သင်ကြားပေးခဲ့ပါတယ် ။ ကျောင်းသို့ရောက်တဲ့အခါ ဆရာများက ခွေးများကိုသက်တောင့်သက်သာဖြစ်စေရန်နဲ့ ၎င်းတို့ရဲ့ ကျောင်းသားခွေးများအတွက် ထိုင်ခုံများ စီစဉ်ပေးပါတယ် ။

အတန်းစစချင်းမှာ ပထမဆုံးက ခွေးတွေရဲ့ကျန်းမာရေးနဲ့ အခြေအနေကို စစ်ဆေးဖို့ပါ ။ ၁၀:၃၀မှာ ကျောင်းသားများက အားကစားလေ့ကျင့်ရန်၊ ကျန်းမာကြံ့ခိုင်မှုနဲ့ ယုံကြည်စိတ်ချမှုတိုးတက်စေရန် ပထမအတန်းကို စတင်ပါတယ် ။

ထိုသင်ခန်းစာနဲ့အတူ ဆရာများက ကျောင်းသားများကိုသင်ကြားရလွယ်ကူစေရန် ဟောင်သံများဖြင့် အုပ်စုဖွဲ့မှာဖြစ်ပြီး ခွေးများက အလွန်ပူးပေါင်းဆောင်ရွက်ပြီး ဆရာ့ညွှန်ကြားချက်များကို အမြဲလိုက်နာတာကိုတွေ့ရပါတယ် ။ ၁ နာရီမှာ နေ့လယ်စာစားပြီးနောက် ခွေးများက သူတို့ရဲ့အိပ်စက်ရန်နေရာသို့ ပြန်လာပြီး ဆရာရဲ့ သာယာသောတေးဂီတကို နားဆင်စေခဲ့ပါတယ် ။

ခွေးများကို နည်းစနစ်ကျစွာသင်ပေးပြီး ဆရာများက သင့်တော်တဲ့ သင်ကြားရေးနည်းလမ်းများကို ရှာဖွေရန် passive အုပ်စုများနဲ့တက်ကြွတဲ့ အုပ်စုများကဲ့သို့ သီးခြားအုပ်စုများခွဲထားပါတယ် ။ဒါတင်မကပါဘူး၊ အတန်းတက်တဲ့အခါ ခွေးတွေဟာသူတို့ရဲ့ကျောင်းသားဟောင်းတွေလိုပဲသူတို့ရဲ့သင်ခန်းစာဟောင်းတွေကိုစစ်ဆေးပြီး မှန်တာကိုလုပ်ရင် အရသာရှိတဲ့ အစားအစာတွေနဲ့ ဆုပေးမှာ ဖြစ်ပါတယ် ။

အဆိုပါ အိမ်မွေးတိရစ္ဆာန်မူကြိုအတန်းများရဲ့ သင်တန်းကြေးများက အတော်လေးဈေးကြီးတာကိုသိသော်လည်း လူများစွာက ၎င်းတို့ရဲ့ အိမ်မွေးတိရိစ္ဆာန်များကို အကောင်းဆုံးစောင့်ရှောက်မှုပေးရန် ငွေသုံးစွဲရန် ဆန္ဒရှိသေးပါတယ် ။

 

crd

Leave a Comment