အိမ်အလုပ်တွေမပြီးလို့ဆိုပြီး ဆူခဲ့မိသော အိမ်ဖော်အဒေါ်ကြီးအား CCTV ပြန်ကြည့်ချိန်မှာတော့…

အိမ်အလုပ်တွေမပြီးလို့ဆိုပြီး ဆူခဲ့မိသော အိမ်ဖော်အဒေါ်ကြီးအား CCTV ပြန်ကြည့်ချိန်မှာတော့…

အိမ်ထောင်ကျသွားသည်နှင့်သားသမီးတွေရှိလာသောအခါမိခင်တိုင်းသည်ခင်ပွန်းဖြစ်သူ တစ်ယောက်တည်းရဲ့ လုပ်စာကိုပဲစောင့်ဆိုင်းစားမနေချင်ပဲကလေးတွေရဲ့ အနာဂတ်အတွက်ကို စဉ်းစားကာအပြင်အလုပ်ထွက်လုပ်ပြီး ဝင်ငွေရှာချင်ကြတာကြောင့် ကလေးကိုအဖိုးအဖွားဆီမှာ အပ်နှံတာမျိုး သို့မဟုတ် ကလေးထိန်းသမား ဆီမှာ အပ်နှံတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ ငယ်ရွယ်သူ မိခင်တစ်ဦးသည် သားဦးလေး မွေးဖွားချိန်တွင် အိမ်ထဲမှာပဲ ကလေးထိန်းရင်း အချိန်ကုန် မနေချင်တာကြောင့် ခင်ပွန်းဖြစ်သူနှင့် တန်းတူအပြင် အလုပ်ထွက်လုပ်ကာ ဝင်ငွေရှာချင်ခဲ့သည်။

မိန်းကလေးသည် အိမ်ထောင်ကျပြီးတာနဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ တိုက်ခန်းမှာ ဌားနေတာကြောင့် ကလေးထိန်း ပေးရန်အတွက် အဖိုးအဖွားကလည်း အဝေးမှာ ရှိနေသည့်အတွက်ရပ်ကွက်ထဲက ကလေးထိန်းပေးသည့် အဒေါ်ကြီးတစ်ဦးကို ဌားရမ်းခဲ့တော့သည်။

မိန်းကလေးသည်အဒေါ်ကြီးအားတစ်နေကုန်ကလေးထိန်းရုံမကပဲအိမ်သန့်ရှင်းရေးလည်း လုပ်ခိုင်းသေးရာသူမအိမ်ပြန်လာ၍အလုပ်မပြီးသောအခါအကြောင်းရင်းမှန်ကို မသိရှိပဲ ကလေးထိန်းအဒေါ်ကြီးအား အနည်းငယ် ဆူခဲ့သည်။

တစ်နေ့တွင် အဒေါ်ကြီးလည်း အလုပ်ချိန်ပြီးသွား၍ အိမ်ပြန်သွားသောအခါသားငယ်လေးသည်မိခင်ဖြစ်သူရဲ့လက်ထဲတွင်ချော့တိတ်နေသော်လည်း တော်တော်နဲ့ အိပ်မပျော်ပဲ ငိုနေခဲ့ရာမိခင်ဖြစ်သူသည် အဒေါ်ကြီးမှ သားလေးကို အိပ်အောင် ဘယ်လိုနည်းလမ်းမျိုး သုံးလဲဆိုတာ သိချင်၍ CCTV မှတ်တမ်းအား ပြန်ကြည့်ခဲ့သည်။

ထိုအချိန်တွင် ကလေးထိန်း အဒေါ်ကြီးသည် သားလေးဂျီကျသမျှ အကုန်စိတ်ရှည်သည်းခံကာအချိန်ကြာမြင့်စွာလက်ထဲတွင် နွေးထွေးကြင်နာစွာ ပွေ့ဖက်ထားရင်းသီချင်းအော်ဆိုကာ ချော့တိတ်နေသော ပုံရိပ်လေးကို တွေ့ခဲ့ပြီး

အရင်ရက်တွေက အိမ်အလုပ်မပြီး၍ ဆူခဲ့မိသောအဖြစ်ကို ပြန်တွေးရင်း စိတ်ထဲမကောင်းဖြစ်သွားခဲ့ပြီး သူမရဲ့ကလေးထိန်းအဒေါ်ကြီးကိုချီးကျူးကာလူမှုကွန်ယက်တွင် မျှဝေခဲ့ပါသည်။

 

Credit

Unicode Version

အိမ်အလုပ်တွေမပြီးလို့ဆိုပြီး ဆူခဲ့မိသော အိမ်ဖော်အဒေါ်ကြီးအား CCTV ပြန်ကြည့်ချိန်မှာတော့…

အိမ်ထောင်ကျသွားသည်နှင့် သားသမီးတွေ ရှိလာသောအခါ မိခင်တိုင်းသည် ခင်ပွန်းဖြစ်သူတစ်ယောက်တည်းရဲ့လုပ်စာကိုပဲစောင့်ဆိုင်းစားမနေချင်ပဲ ကလေးတွေရဲ့အနာဂတ်အတွက်ကိုစဉ်းစားကာ အပြင်အလုပ်ထွက်လုပ်ပြီးဝင်ငွေရှာချင်ကြတာကြောင့် ကလေးကိုအဖိုးအဖွားဆီမှာအပ်နှံတာမျိုး သို့မဟုတ် ကလေးထိန်းသမား ဆီမှာ အပ်နှံတတ်ကြသည်။

သို့ဖြစ်၍ တရုတ်နိုင်ငံမှ ငယ်ရွယ်သူ မိခင်တစ်ဦးသည် သားဦးလေး မွေးဖွားချိန်တွင် အိမ်ထဲမှာပဲ ကလေးထိန်းရင်း အချိန်ကုန် မနေချင်တာကြောင့် ခင်ပွန်းဖြစ်သူနှင့် တန်းတူအပြင် အလုပ်ထွက်လုပ်ကာ ဝင်ငွေရှာချင်ခဲ့သည်။

မိန်းကလေးသည် အိမ်ထောင်ကျပြီးတာနဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ တိုက်ခန်းမှာ ဌားနေတာကြောင့် ကလေးထိန်း ပေးရန်အတွက် အဖိုးအဖွားကလည်း အဝေးမှာ ရှိနေသည့်အတွက်ရပ်ကွက်ထဲက ကလေးထိန်းပေးသည့် အဒေါ်ကြီးတစ်ဦးကို ဌားရမ်းခဲ့တော့သည်။

 

မိန်းကလေးသည် အဒေါ်ကြီးအားတစ်နေကုန်ကလေးထိန်းရုံမကပဲ အိမ်သန့်ရှင်းရေးလည်းလုပ်ခိုင်းသေးရာသူမအိမ်ပြန်လာ၍အလုပ်မပြီးသောအခါ အကြောင်း ရင်းမှန်ကို မသိရှိပဲ ကလေးထိန်းအဒေါ်ကြီးအား အနည်းငယ် ဆူခဲ့သည်။

တစ်နေ့တွင် အဒေါ်ကြီးလည်း အလုပ်ချိန်ပြီးသွား၍ အိမ်ပြန်သွားသောအခါသားငယ်လေးသည်မိခင်ဖြစ်သူရဲ့လက်ထဲတွင် ချော့တိတ်နေသော်လည်းတော်တော်နဲ့ အိပ်မပျော်ပဲ ငိုနေခဲ့ရာမိခင်ဖြစ်သူသည် အဒေါ်ကြီးမှ သားလေးကို အိပ်အောင် ဘယ်လိုနည်းလမ်းမျိုး သုံးလဲဆိုတာ သိချင်၍ CCTV မှတ်တမ်းအား ပြန်ကြည့်ခဲ့သည်။

ထိုအချိန်တွင် ကလေးထိန်း အဒေါ်ကြီးသည် သားလေးဂျီကျသမျှ အကုန်စိတ်ရှည်သည်းခံကာ အချိန်ကြာမြင့်စွာ လက်ထဲတွင် နွေးထွေးကြင်နာစွာ ပွေ့ဖက်ထားရင်းသီချင်းအော်ဆိုကာ ချော့တိတ်နေသော ပုံရိပ်လေးကို တွေ့ခဲ့ပြီး အရင်ရက်တွေက အိမ်အလုပ်မပြီး၍ ဆူခဲ့မိသောအဖြစ်ကို ပြန်တွေးရင်း စိတ်ထဲမကောင်းဖြစ်သွားခဲ့ပြီး သူမရဲ့ ကလေးထိန်းအဒေါ်ကြီးကို ချီးကျူးကာ လူမှုကွန်ယက်တွင် မျှဝေခဲ့ပါသည်။

Credit

Leave a Comment