ဆွဲဆောင်မှု့ရှိတဲ့ အမှုအရာလေးတွေကြောင့် ယောက်ကျားလေးတွေကြား ရေပန်းစားနေတဲ့ Bobby Soxer ရဲ့ ဘဝအကြောင်:

ဆွဲဆောင်မှု့ရှိတဲ့ အမှုအရာလေးတွေကြောင့် ယောက်ကျားလေးတွေကြား ရေပန်းစားနေတဲ့ Bobby Soxer ရဲ့ ဘဝအကြောင်း

လူငယ်များ၏ရင်ထဲမှာ အတိုင်းအတာအခုအထိ နေရာယူထားပြီးဖြစ်တဲ့ မြန်မာလူငယ်အမျိုးသမီးဟစ်ဟော့အဆိုတော် Bobby Soxer ရဲ့ အကြောင်းကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။နှုတ်ခမ်းပါးလေးပေါ်က

မှည့်နက်ကလေးနဲ့ စွာတာတာ အသံလေးပိုင်ဆိုင်ထားတဲ့ အမျိုးသမီးရက်ပါ အဆိုတော် bobby soxer ဆိုရင် မသိသူမရှိသလောက်ပါပဲနော်။ bobby soxer ကို B SOX သို့မဟုတ် ထက်ထက်လို့လဲချစ်စနိုးခေါ်ကြပါတယ်။

 

အမည်အရင်းမှာ ထက်ထက်အောင် ဖြစ်ပြီး မြန်မာလူငယ် Hip hop တေးရေးတေးဆို သရုပ်ဆောင် fashion model တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ အစောပိုင်း hip hop လူငယ်အမျိုးသမီးအဆိုတော်များဖြစ်တဲ့

စန္ဒီမြင့်လွင် မိစန္ဒီတို့နှငိ့အတူ bobby soxer ဟာ တစ်ယောက်အပါအဝင် ဖြစ်ပြီး သံစဥ်များကိုအကောင်းဆုံးသီကုံးပြီး စည်းချက်ကျကျ သီဆိုနိုင်သောကြောင့် မြန်မာhip hop ဘုရင်မ လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ် ။

bobby soxer ကို ၁၉၉၃ ခုနှစ် မေ ၂၂ ရက်တွင် ရန်ကူန်တွင် မွေးဖွားခဲ့ပါတယ်။အခုဆိုရင် အသက် ၂၈ နှစ်ရှိပြီဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ဇောလင်း နှင့် မိခင် ဒေါ် မိုးသိဂီတို့မှ မွေးဖွားခဲ့ပြီး

မောင်နှမနှစ်ယောက်ရှိသည့် အထဲတွင် သမီးအငယ် ဖြစ်ပါသည် ။ မော်ဒယ် အဆိုတော် စိုးလင်းဖြိုးနှင့်လည်း အမွှာမောင်နှမ ဖြစ်ပါတယ် ။ဒဂုံ ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ဆယ်တန်းအောင်မြင်ခဲံ့ပြီး

national management college myanmar ကနေ ဘွဲ့ရရှိခဲ့ပါသည် ။၂၀၀၆ ခုနှစ်တွင် အနုပညာလောကကို စတင် ဝင်ရောက်လာခဲ့ပြီး underground hiphop လောကကနေတစ်ဆင့် အောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်

ရဲလေးလွှမ်းပိုင် အိမ့်ချစ်တို့နှစ်အတူ မနှုတ်ဆက်ချင်ဘူး သီချင်းကစပြီးတော့ ပရိတ်သတ်က သတိထားမိလာခဲ့တဲ့ အချိန်မှာ သူမရဲ့အသက်ဟာ ၁၃ နှစ်ပဲရှိပါသေးတယ် ။မျှောလွင့်ကြစို့ ၊ ခုန်လိုက်၊ ၉၉.၉ % ၊လက်လက်ကို ထလို့ ၊

ဒွိဟ ၊တန်ပြန်သက်ရောက်မှု၊ အဖြူရောင်သတို့သမီး၊ စတဲ့သီချင်းတွေဟာ ablum မထွက်ခင်တစ်ခြားအနုပညာရှင်များနှင့် စုံတွဲ သီဆိုခဲ့တဲ့ single song တွေဖြစ်ပြီး ပ၇ိတ်သတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။

ပွဲ ဆိုတဲ့ သီချင်းကနေပြီးတော့ အာင်မြင်မှုကို စတင်ရရှိလာခဲ့ပြီး ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိလာခဲ့ပါတယ် ။ ဒုံးပျံ ဆိုတဲ့ ဆိုတဲ့ duo ablum ကို ၂၀၁၁ ခုနှစ် ခုနှစ် နိုဝင်ဘာလ ၂၁ ရက် နေ့ တွင်

ချစ်သူဖြစ်သူ လွှမ်းပိုင်နှင့် အတူ ထုတ်ဝေခဲ့ပါတယ်။ ဒုံးပျံထဲမှ သီချင်းအားလုံးနီးပါးဟာဆယ်ကျော်သက်လူငယ်တွေကြား ေပါက်ခဲ့ပြီး ဒုံးပျံ ဒီလိုမျိုးချစ်သူ၊ တိတ်တခိုး၊ အရိပ်ကလေးလို ၊စိတ်ပျက်နေတဲ့သူ၊

မဝေးဘူး ၊ ယုံကြည်နေလိုက် စတဲ့ သီချင်းတွေဟာ လူငယ်တွေပါးစပ်ဖျားမှာ အလွန်အမင်းရေပန်းစားခဲ့ပါတယ်။ ထို ablum ဟာshwe FM CitY FM ကနေ best music ablum award ရရှိခဲ့ပြီး ရရှိလာတဲ့ ဆုကြေးကို

သုခရိပ်မြံုပရဟိတ အဖွဲ့ အစည်းကို မြန်မာငွေ ၁၀ သိန်း ကျပ် လှူဒါန်းခဲ့ပါတယ် အဆိုတော် လွှမ်းပိုင် နှင့် အတူ စုံတွဲ အခွေထွက်ရှိပြီးနောက်မှာ စီးပွားရေးကြော်ငြာများစတင်ရိုက်ကူးခဲ့ပြီး စတိတ်ရှိုးများ

မြန်မာပြည် အနှံအပြားမှာ လှည့်လည်သီဆိုခဲ့ပြီးတော့ ပရိတိသတ်အားပေးမှု တစ်ခဲနက်ရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အောင်မြင်မှုဟာ တစ်ရှိန်ထိုးတိုးတက်လာခဲ့ပြီး ရော့စတားအဖွဲ နှင့် အတူ သီချင်းတွေ

သီဆိုခဲ့ပါတယ် လွမ်းပိုင်၏ ဂီတစာဆို လွှမ်းပိုင် ablum တွင်လည်း ပါဝင်အားဖြည့်သီဆိုခဲ့ပါတယ် ။ကိုကို ဆိုသော သီချင်းကို လွှမ်းပိုင် ၊အိမ့်ချစ်တို့နှစ်အတူသီဆိုခဲ့ပြီး ထိုသီချင်းဟာ shwe fM မှ best music award ဆု

ရရှိခဲ့ပါတယ်။ သူမဟာ အဆိုတော် စိုင်းစိုင်းခမ်းလိုင်နှင့်အတူ ၂၀၁၄ FIFA WORLD CUP campain မှာ ပါဝင်ခဲ့ပြီး campain အတွက်သီချင်းဖြစ်တဲ့ the world is ours ဆိုတဲ့ သီချင်းကို အတူသီဆိုခဲ့ပါတယ်။

သူမဟာ သူမ၏ပွဲဦးထွက် ablum ဖြစ်တဲ့ ၂၁ ablum ကို ၂၀၁၅ february ၈ ရက်နေ့တွင် ထွက်ရှိခဲံပြီး music vedio များကိုchannel + မှဆက်လက် ထုတ်လွင့်ခဲ့ပါတယ်။ ထို ablum ထဲမှ အလွမ်းသမ၊

စနေမ အနာဂတ်လေးစတဲ့ သီချင်းတွေဟာ အောင်မြင်မှုရရှိခဲ့ပါတယ် ။ သကြန်အိမ်မက်၊ အများနဲ့မသက်ဆိုင်တဲ့ငါ ၊ရယ်တာပေါ့ စတဲ့ သကြ်န်သီချင်းများကိုလည်း လွှမ်းပိုင်နှင့်အတူတူ သီဆိုခဲ့ပါသေးတယ်။

မင်းသဘော၊ နာကျည်းခြင်းရလဒ် ၊စင်သီးယား ၊ကိုကိုနော် ၊ ရှားမှရှား စတဲ့ သီချင်းတွေဟာ တစ်ခြားသော အနုပညာရှင်များနှင့် စံုတွဲသီဆိုခဲ့ပြီး အောင်မြင်မှုရခဲ့တဲ့ တေးသီချင်းတွေ ဖြစ်ပါတယ် ။bobby soxer ဟာ

အောင်မြင်တဲ့အဆိုတော်မလေးတစ်ယောက်အဖြစ်ရပ်တည်နေပြီး travel program တစ်ခုဖြစ်တဲ့ let’s go အစီအစဥ်မှာလည်း လွှမ်းပိုင် ဘန်နီဖြိုး ကျော်ထွဋ်ဆွေ နန်းသူဇာ နန်းမြတ်ဖြိုးသင်း တို့နှင် အတူ

ပါ၀င်ရိုက်ကူးခဲ့ပါတယ် ။ ထို program ဟာ ၂၀၁၄ ခုနှစ်တွင်ရုပ်သံလိုင်းမှာထုတ်လွင့်ပြသတဲ့ reality show တစ်ခု ဖြစ်ပြီး ပြည်တ္ငင်းပြည်ပ ခရီးလှည့်လှည်သွားလာကာ စိတ်ကို relax ဖြစ်စေတဲ့ အစီအစဥ် တစ်ခု

ဖြစ်တာကြောင့် ကြည့်ရှုသူများပြီး နာမည်ကြီးခဲ့ပါသေးတယ်။ မတ်လ ၂၀၁၅ တွင် အောင်သီရိဗီဒီယို ထုတ်လုပ်ရေးမှ ထွက်ရှိခဲ့သော ဒါရိုက်တာညွှန့်မြန်မာညီညီအောင် ရိုက်တဲ့ အာရွီးတဲ့ ကိုကိုဟူသော ဇာတ်ကားမှာ

ရုပ်ရှင်သရုပ်ဆောင် လူမင်းနှင့် အတူ ခေါင်းဆောင်မင်းသမီးနေရာကနေပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၃ ဂျုလိုင် ၂၆ ရက်နေ့တွင် coca cola က brand ambassdor ခန့်အပ် ခဲ့ပြိး coca ၊cola ရဲ့ ကြောငြာအစီအစဥတွေမှာလဲ

ပါတင်လုပ်ဆောင်ခဲ့ပါတယ်။ veve၊ spy wine ၊cola၊ samsung mobile myanmar စတဲ့ brand တွေမှာ ambassador အနေနဲ့ ပါ၀င်လုပ်ဆောင်ခဲ့ပါတယ် ။ချစ်သူဖြစ်သူ လူငယ်ဟစ်ဟော့ အဆိုတော်လွှမ်းပိုင်နှင့်

၂၀၀၉ ခုနှစ်ကတည်းက လက်တွဲခဲ့ပြီး အခုဆိုရင် ချစ်သူသက်တမ်း ၁၀နှစ်ကျော်သွားပါပြီ။ သူတို့ချစ်သူနှစ်ယောက်ရဲ့ သစ္စာရှိရှိနဲ့ကာလကြာရှည်စွာ relationship ကို တည်ဆောက်ထားပုံက လူငယ်တွေကြားမှာ

အားကျစရာဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ လွှမ်းပိုင်နှင့် အတူ game streaming လုပ်နေပြီး ဂွက်ဂွက် ဆိုပြီးတော့ လွှမ်းပိုင်က ချစ်စနိုးခေါ်ပါတယ် ကြည်နူးစရာအတွဲလေးပါပဲနော် တစ်ယောက်နဲ့ တစ်ယောက်က အမြဲအတူတူ

ရှိနေတတ်ကြပြီး အဆိုတော်လွှမ်းပိုင်ဟာ ချစ်တာကို ထုတ်မပြတတ်ပေမယ့် b SOX ကတော့ အရမ်းချစ်ပါတယ်လို့ပြောပါတယ် သူမက ကလေးဆန်ပေမယ့်လဲ လွှမ်းပိုင်ကတော့ နားလည်မှုရှိရှိ ချစ်ပေးတယ်လို့ပြောပါတယ်

ပရိတ်သတ်တွေကတော့ နှစ်ယောက်သားရွှေလက်တွဲမယ့် အချိန်ကို သိချင်နေပါပြီ။ ဖိအားမထားတတ်ပဲအလုပ်လုပ်တတ်တယ်လို့ ထက်ထက်က ဆိုပါတယ် HIGH SCHOOL ဆိုတဲ့ လူငယ်တွေ အတွက်

CLOTHING COLLECTION တစ်ခုကို ချစ်သူလွှမ်းပိုင်နှငိ့အတူ ၂၀၁၇ ဒီဇင်ဘာ ၃ ရက်နေ့ကဖွင့်လှစ်ထားပြီး FASHION ရေစီးကြောင်းအလိုက် လူငယ်တွေ အတွက်သင့်တော်မယ့် DESIGN အမျိုးမျိုးကို

ဦးစားပေးတင်သွင်းသွားမယ်လို့ ပြောပါတယ် ။ သူမဟာ သီချင်းစာသားတွေကို ကိုယ်တိုင်ရေးနိုင်တဲ့အချိန်တစ်ခုရောက်မှသာ ပရိတ်သတ်တွေကို ချပြခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဟစ်ဟော့ဂီတကို ရူးသွပ်ပြီး R&B

ဂီတကိုလည်းနှစ်သက်တယ်လို့ဆိုပါသေးတယ်။ RAndB သီချင်းတွေကိုကိုယ်တိုင်းရေးဆိုပြုလုပ်နိုင်တဲ့ အချိန်ရောက်ရင် ပရိတ်သတ်တွေကို ချပြမယ်လို့လဲ ပြောခဲ့ပါသေးတယ်။ နှုတ်ခမ်းစူစူလေးနဲ့စကားပြောတတ်တဲ့သူမဟာ

ပွင့်ပွင့်လင်းလင်းရှိပြီး အလုပ်လုပ်တဲ့အခါမှာ စိတ်ဖိစီးတာ သိပ်မခံနိုင်ဘူးလို့လဲပြောပါတယ်။ အစားအသောက်ကောင်းကြိုက်တတ်တဲ့ B Sox ဟာ ဝိတ်မတက်အောင်လို့တော့ gym အမြဲဆော့ရတယ်လို့ ဆိုပါတယ်။

Trend ဖြစ်တဲ့ အဝတ်အစားတွေထက် ကိုယ့်နဲ့ လိုက်တဲ့ ကိုယ့်ကြိုက်တဲ့ အဝတ်အစားများကိုသာ ရွှေးချယ်ပြီးဝတ်တတ်တယ်လို့ဆိုပါသေးတယ်အဆိုေတာ်မိစန္ဒီ နန်းမြတ်မြိုးသင်း နန်းသူဇာတို့နှင့်လည်းအဆိုတော်မိစန္ဒီက

b soxဟာ ထက်မြက်ပြီး တော်တဲ့ ရက်ပါအဆိုတော်ကောင်းတစ်ယောက်လို့ချီးကျူးထားပါသေးတယ် ။ အဆိုတော် မိစန္ဒီနဲ့လက်တွဲညီညီ သီချင်းတွေ သီဆိုခဲ့ပြီး နောင်ဂျိမ့်နောင်ဂျိမ့် နော်ကိုကိုနော် စတဲ့သီချင်းတွေပါ

ပရိတ်သတ်အားပေးမှု ရရှိခဲ့တဲ့သီချင်းတွေဖြစ်ပါတယ်။ အကို စိုးဖြိုးနဲ့လဲ မြန်မြန်ချစ်ရင်ချစ်တယ်ပြော ရင်ခုန်သံမပြောင်းလဲကြေး စတဲ့ သီချင်းတေွကို သီဆို ခဲ့ပါေသးတယ် Bobby Soxer ဟာ လက်ရှိမှာအောင်မြင်မှုများစွား

တစ်ခဲနက်ပိုင်ဆိုင်ထားပြီးသီချင်းများသီဆိုကားmusic life ကို ချစ်သူ လွှမ်းပိုင်နှင့်အတူ ပျော်ရွှငိစွာဖြတ်သန်းလျှက်ရှိနေပါတယ်။အဆိုတော် bobby Soxer တစ်ယောက် ဒီထက်မက အောင်မြင်မှုတွေရရှိနိုင်ပါစေလို့

ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှငိ့ အခုဆိုရင် လူငယ် HIPHOP အဆိုတော် BOBBY SOXER အကြောင်းကို တင်ဆက်သွားတာပဲ ဖြစ်ပါတယ် နောက်ထပ် အသစ်အသစ်တေွလည်းကြိုးစားတင်ဆက်ပေးသွားမှာမို့

ကျွန်မတို့ THINYUPAR BIOGRAPHY CHANNEL ကို LIKE AMD FOLLOW လေး လုပ်ထားပေးပါရှင့် ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်ပါတယရှင့်။

 

Leave a Comment