DJ သမားတွေရဲ့အင်တာဗျူးဗီဒီယိုတွေက သူမကိုရည်ရွယ်ပြီးပြောနေတာလားလို့တောင်ထင်ရနေရကြောင်းရင်ဖွင့်လာတဲ့ လမင်းကဗျာ

DJ သမားတွေရဲ့အင်တာဗျူးဗီဒီယိုတွေက သူမကိုရည်ရွယ်ပြီးပြောနေတာလားလို့တောင်ထင်ရနေရကြောင်းရင်ဖွင့်လာတဲ့ လမင်းကဗျာ

 



 


 


Credit

ရုပ်ရှင်ဇာတ်ကား နဲ့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အများသိ အနုပညာရှင်တစ်ဦးဖြစ်တဲ့ လမင်းကဗျာ လေးကတော့အောင်မြင်မှုတွေ ဆက်လက်ရယူနေဆဲဖြစ်ပါသတဲ့။ အနုပညာလောကမှာ ရေပန်းစားနေသူလေးတစ်ဦးဖြစ်သလို ကိုယ်ပိုင်စီးပွားရေးကိုလည်း ကြိုးစားလုပ်ကိုင်နေသူလေးပါ။လမင်းကဗျာကတော့ အခုဆိုရင် ဇာတ်ကားရိုက်ကူးမှုတွေရပ်နားထားချိန်မှာ DJ တစ်ယောက်အဖြစ် DJ Moon ဆိုတဲ့နာမည်နဲ့ အနုပညာအသက်မွေးဝမ်းမှုပညာရပ်တစ်ခုကို ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လမင်းကဗျာက တချို့ DJ တွေရဲ့ အင်တာဗျူးဗီဒီယိုတွေဟာ သူမကိုဦးတည်ပြီး ပြောနေသလားလို့တောင်ထင်ရတယ်ဆိုပြီး ပြောလာပါတယ်။လမင်းကဗျာက “တစ်ချို့ အင်တာဗျူးဖြေတဲ့ သူတွေက ကျမ ကို တည်ပီးပြောနေသလိုပဲ ခံစားရတယ် 🥹 အိုးမလုံ အုံပွင့်တယ်ပဲ ပြောပြော DJ ဆိုတဲ့အရာကြီးက ဟိုအကိုကြီးနဲ့ ကျမကြောင့် ဂယက်ထပီး ခလေးအစ ခွေးအဆုံး DJ DJ ဆိုပီးဖြစ်လာကြတယ်ဆိုတာလဲ မမေ့နဲ့အုံး။ ကျမ DJ စလုပ်ထဲက မကျွမ်းကျင်ဘူး နားမလည်ဘူး ဘာမှမတက်သေးဘူး ပြောထားပြီးသား။ တက်ပါတယ် ကျွမ်းပါတယ် ပါရမီပါပါတယ်လို့လဲ တစ်ခွန်းမှမပြောထားဘူးနော်။ ခုမှ လမ်းလျှောက်တက်ခါစ ခလေးတစ်ယောက်လိုပေါ့။

ရှင်တို့လို့ ဘယ်ကျွမ်းကျင်အုံးမလဲ🥴ပေါ်ပင်လုပ်တယ်လို့တော့ မပြောပါနဲ့။ လူတစ်ယောက်မှာ ကိုယ့်စိတ်ကြိုက် ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုပ်ပိုင်ခွင့်ရှိတယ်။ စန်း ရှိရင်ပေါက်မယ် ကြိုးစားရင် အောင်မြင်မယ် ဒါပါပဲ။ အခုလဲ ကိုယ့်ကိုယ်ကို ယုံကြည်မှု့မရှိသေးလို့ သင်တန်းတွေထပ်တက်နေပါတယ်။ မကြာမီ အကောင်းဆုံး ပြန်လာခဲ့ပါအုံးမယ်။ အများကြီးလဲ ထပ်ပီးကြိုးစားသွားပါအုံးမယ်ရှင့်။ ဟုတ်ကဲ့😊 ပင်လယ်ရေ (or) မိုးခါးရေ ဆိုတာတစ်ယောက်ထဲသောက်လို့မကုန်ပါဘူး😷😌🥵 မုဒိတာ ပွားနိုင်ကြပါစေ😍 #DJ_Moon 😋” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာခဲ့တာပဲဖြစ်ပါတယ်။

Source: Lamin Kabyar’s fb

Credit

Leave a Comment