Unicode
သီတင်းကျွတ်လပြည့်နေ့လို အခါကြီးရက်ကြီးတွေမှာ လူအများ နည်းလမ်းပေါင်းများစွာဖြင့် ကုသိုလ်ယူဖို့ တွေးတောနေကြမှာပါ။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့
ကုသိုလ်ကောင်းမှု ပြုလုပ်ကြရာမှာ ငါးလွှတ်ကြတဲ့ ဓလေ့က အမြဲပါဝင်နေပါတယ်။ အခါကြီးရက်ကြီးနေ့များမှာ ဘုရားဘေးမဲ့ကန် သို့မဟုတ် အနီးအနားမှ ကန်၊ မြစ်၊
ချောင်းများအတွင်း စည်စည်ကားကား ငါးလွှတ်ကြရာ ဒီနှစ်အတွက်တော့ Covid-19 ကပ်ရောဂါကြီးနှင့် နားရမည်ဖြစ်သောကြောင့် ငါးများနှင့် ဂေဟစနစ်ထိခိုက်မှု အလွန်သက်သာရာရလိမ့်မည်ဟု တွေးမိကြပါသည်။
ကျွန်တော်တို့သည် တစ်ကယ်တမ်းတော့ လောဘဖြင့် ကုသိုလ်သာမြင်တော့သည် မျက်စိရှေ့တွေ့မြင်နေရသည့် ငါးများရဲ့ ငရဲကျသဖွယ် ဒုက္ခများ နှင့်
ဂေဟစနစ်များအတွက် အန္တရာယ်ဆိုးများကို ကျွန်တော်တို့သည် ဘယ်သောအခါမှ မမြင်ခဲ့ကြပါ။ သူတစ်ပါး ကုသိုလ်ယူခြင်းကို တားဆီးခြင်းမဟုတ် စာရေးသူ
ကျွန်တော်သည် ငယ်ငယ်ထဲက ငါးလွှတ်သည့် ဓလေ့ကို ကုသိုလ်ဖြစ်မည်ဟု တစ်ခါမှ မယူဆခဲ့ပါ။ ကုသိုလ်တစ်မျိုးထဲသာ မဟုတ်ပဲ အခြားအရာများကိုလဲ ကျွန်တော့်တို့ မြင်ကွင်းထဲစတင်ထည့်သွင်းကြည့်ကြရအောင်လားဗျာ။
အရင်ဆုံး ဘုရား ဘေးမဲ့ငါးကန်များဆီ စိတ်ကူးထဲ အလည်သွားကြည့်ရအောင်
ဘုရားဖူးသွားပြီးတိုင်း အပြန်မှာ လူတိုင်း ဘေးမဲ့ငါးကန်ဆီ အလည်ရောက်ကြပါတယ်။ ကလေး လူကြီးမရွေး ဘုရားငါးကန်သွားရတာကို အလွန်နှစ်သက်ကြပါတယ်။
အရင်ဆုံး ငါးကန်ကြီးကို ခပ်လှမ်းလှမ်းက မြင်နေရချိန်မှာ အရင်ဆုံး ငါးကန်ဆီက အောက်သိုးသိုး အနံ့ပြင်းပြင်းက ကြိုဆိုနေမှာပါ လူကြီးများဆီက အသံမထွက်
ကလေးအများစုမှာတော့ ငယ်ရွယ်ပွင့်လင်းသူများပီပီ အနံ့ကိုစတင်သတိထားမိပြီး လူကြီးများကို မေးခွန်းထုတ်တာကိုမြင်ရတိုင်း ကျွန်တော်အမြဲကြိတ်ပြုံးမိပါတယ်။
မကြာခင်မှာ ငါးကန်ဘေးမှ ဈေးဆိုင်တွေမှာ ကိုယ်စီကိုယ်စီ ငါးစာ ပေါင်မုန့်၊ ရောင်စုံဝေဖာ၊ ပေါက်ပေါက်ဆုပ်၊ ကန်စွန်းရွက် များနဲ့ လွှတ် ငါး၊ လိပ်များ ရောင်းချနေကြပါပြီ
။ ကျွန်တော်တို့အားလုံး ရေထဲမှာ ရေညစ်ညန်းစေ အမှိုက်သာဖြစ်မယ့်
ပေါင်မုန့်တွေအားရပါးရဝယ်ပြီး အစာကျွေးဟန်ပြပြီး စီမံခန့်ခွဲ ထိန်းသိမ်းမှု ညံ့ဖြင်းပြီး မဆန့်အင်္ဂါ
ငါးများ ပြွတ်သိပ်ထည့်ထားသည့် ရေကန်ထဲ ပေါင်မုန့်များကို အမှိုက်သွန်သလိုချ၊ ပလတ်စတစ်အိတ် အမှိုက်များပစ်ချပါတော့မယ်။
မရှိရှိတာရွေးစားရသည်မို့သာ ငါးများသည် ပေါင်မုန့်ကို အလုအယက်စားနေကြသည်။ ပေါင်မုန့်များတွင် တဆေးခေါ် Yeast မှုန့်များ ပါဝင်ပြီး ငါးများစားသုံးသည့်အခါ
ဗိုက်ထဲတွင်စားထားတဲ့ ပေါင်မုန့်စတွေ ပွတက်လာပြီး အစာချေဖျက်ရန်ခက်ခဲ ဝမ်းသွားရန်ခက်ခဲစေပြီး ဝမ်းချုပ်သောကြောင့် ကျန်းမာရေးချို့တည့်စေပြီး ငါးများကိုသေစေနိုင်သည်။
ပေါက်ပေါက်စုပ်များ နှင့် ဝေဖာချောင်းများမှာလဲ အလားတူပင်ဖြစ်သည်။ ကန်ထောင့်များတွင် အစာကျွင်းအစာကျန်များစုပြီး ရေများ ပုတ်သည် နောက်ဆက်တွဲ ရေမသန့်သောကြောင့် ငါးများသေရသည်။
ငါးကို ပေါင်မုန့်ကျွေးခြင်းသည် မြန်မာနိုင်ငံတွင်သာရှိသည် အခြားနိုင်ငံများတွင် ပန်းခြံကဲ့သို အများပြည်သူပိုင်နေရာများမှ ရေအိုင်များအတွင်းသို့ ပေါင်မုန့်ကဲ့သို့
အစာများချကျွေးခြင်းနှင့် ခိုစာကျွေးခြင်းကို
အထူးတားမြစ်ထားသည် ချကျွေးခဲ့သည်ရှိသော် ဒဏ်ရိုက်သည်။ ငါးကျန်းမာရေးနှင့် မညီညွတ်သည့် ပေါင်မုန့်အစား ငါးများအတွက်
ရည်ရွယ်၍ထုတ်လုပ်ထားသည့် ငါးစာခြောက်များကို အစာထိုးကျွေးသင့်သည်။ ငါးစာခြောက်များကို ငါးတိုင်းနီးပါးစားသလို ငါးအတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး
ကြာရှည်ခံသည်၊ ထိန်းသိမ်းရလွယ်သည်။ ဘုရားငါးကန်များတွင် ငါးစာရောင်းချပြီး အသက်မွေးဝမ်းကြောင်းပြုနေရသူများလည်း လုပ်ငန်းမထိခိုက်ပဲ ငါးစာများကို ပြောင်းလဲပြီး ဆက်လက်ရောင်းချနိုင်လိမ့်မည်။
ငါးလွှတ်ခြင်း အနုပညာ နှင့် နောက်ဆက်တွဲများ
“ငါးလွှတ်ပြီး ကုသိုလ်ယူကြတာလား ငါးစာကျွေးပြီး ကုသိုလ်ယူကြတာလား ”
ငါးလွှတ်ရင်း သင့်မသင့်သေခြာအကဲခတ်မပြုလုပ် ကုသိုလ်ယူကြတာ အင်မတန် ဝမ်းသာကြည်ညိုဖွယ်ရာ မြင်ကွင်းလေးပါ။ ကျွန်တော် တို့အားလုံး ငါးပေါက်များကို
ငါးကန်ထဲသွန် မိုးပေါ်မော့ရင်မော့ မမော့ရင် မျက်စိစုံမှိတ်ပြီး ဆုများတောင်း ကုသိုလ်ယူကြချိန် ကန်ထဲရှိ ပေါင်မုန့်နှင့် နေ့စဉ်နှစ်ပါသွားနေရသည့် ငါးကြီးများဖို့
ငါးသေးများက အစာဖြစ်သွားတာကို မြင်မိကြမှာမဟုတ်ပါ။ တစ်ခါတစ်ရံ ဘုရားငါးကန်ဆိုင်များမှ ငါးများဝယ်ပြီးလွှတ်ခြင်းမဟုတ် လူအများသည် မိမိတို့အိမ်မှာ
မမွေးထားချင်တော့သည့် အလှမွေးငါးများ သို့မဟုတ် ဆိုင်များမှ ဝယ်ယူလာပြီး ငါးကန်ကို အမှိုက်ပုံကဲ့သို့ အမှိုက်လာသွန်ကြသေးသည်။
န်းသည့် ပတ်ဝန်းကျင်သို့ ပို့ဆောင်ခြင်းခံလိုက်ရသည်မှာ သေစေဖို့အတွက်သာဖြစ်ပြီ
း အချို့သော ငါးမျိုးစိတ်များဖြစ်သည့် စုပ်ခွက်ငါးနှင့် သားရဲငါးမျိုးစိတ်များမှာ ပြန့်ပွားသောင်းကျန်း၍ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ကြီးမားစွာ ဒုက္ခပေးနိုင်သည်။
မိမိ မဆင်မချင် လွှတ်လိုက်သည့် ငါးမှာ ရောဂါပိုးပါလာလျှင်လဲ ကန်အတွင်းရှိ အခြားငါးများကို လွယ်ကူစွာကူးစက်နိုင်သည်။ လွှတ်သည့်အခါ ငါးအပြင်
လိပ်များပါပါတတ်သည်။ နေရာအစုံမှလိပ်များပါဝင်နိုင်ပြီး တစ်ခါတစ်ရံ ကုန်းလိပ်များတောင်ပါလာတတ်တယ်။ စာရေးသူကိုယ်တိုက် မျက်မြင်ကြုံတွေ့ဖူးပြီ
း ငါးကန်အတွင်းလွှတ်လိုက်သည့်အခါ ကုန်းလိပ်များမှာ ရေနစ်သေကြရသည်။ လွှတ်သူကို လှမ်းတားဖို့ရာလည်း လက်ခံမည်မဟုတ် ကိုယ်ရိုင်းရာကျမည်
ကန်ထဲဆင်းဆယ်လျှင်လည်း ဂေါပကနှင့် နှစ်ပါသွားရမည်ကို တွေးပြီး စိတ်မကောင်းစွာကြည့်ခဲ့ရသည်။
ကံကောင်းထောက်မစွာ လိပ်ကလေးကုန်းပေါ်ရောက်ခဲ့ပြီး
အသက်ရှင်ခဲ့ရသည် သို့သော် သက်ဆိုးရှည်မည်မထင်။ ဘုရားငါးကန်များအတွင်းတွင်
နေရာယူထားသည့် လိပ်အများစုမှာလည်း ပြည်တွင်းတွင်
မရှိသင့်ပဲ ပြည်ပမှတင်သွင်းလာသည့် ဆိုးသွမ်းသော လိပ်ပါးနီများသာဖြစ်နေသည် (လိပ်ပါးနီ
အန္တရာယ်အကြောင်း အပြည့်
အစုံ လေ့လာချင်သူများအတွက် အောက်မှာ Link ဖော်ပြပေးထားပါမည်)။ ငှက်လွှတ်ခြင်းမှာလဲ ကုသိုလ်ထက် ငှက်လေးများအတွက်
ဆိုးကျိုးများသာ စောင့်မျှော်နေသည်။ အဖမ်းခံရပြီး နေရာဒေသအသစ်မှာ အလွှတ်ခံရသည့် ငှက်များအဖို့ ကျီးထိုးခံပြီး သေဆုံးရသလိုမျိုး အခက်အခဲများသာ ရှိနေသည်။
လွှတ်သူမရှိတော့လျှင် ဖမ်းရောင်းသူလဲရှိတော့မည်မဟုတ်
လူသသဘာဝရေပြင် ကြီးငယ်များအတွင်းငါးများ ဘေးမဲ့လွှတ်ခြင်း
လူအချို့မှာ အခါကြီးရက်ကြီးတိုင်း သဘာဝ မြစ်၊ ချောင်း၊ အင်းအိုင်များအတွင်းသို့ ငါးများ စေလွှတ်ဘေးမဲ့ပေးကြသည် ထိုအခါ ငါးများနှင့် ဂေဟစနစ်အပေါ်
ထိခိုက်မှု ပမာဏမှာ ပိုမိုများပြားသည်။ ကြုံရာငါးများကို ကြုံရာနေရာမှ
ာလွှတ်သည့်အခါ ပါလာသည့်ရောဂါများပြန့်ပွားခြင်း၊ ပြည်တွင်းမှမျိုးစိတ်မဟုတ်ပဲ ပြည်ပမှသားရဲ
မျိုးစိတ်များဖြစ်နေသည့်အခါ ထိုငါးများသည် ကျူးကျော်ပြန့်ပွား သောင်းကျန်းနိုင်သည်။ အရိုးရှင်းဆုံးဉပမာပေးရမည်ဆိုလျှင် ရေအောက် ဂေဟစနစ်တစ်ခုအတွင်းတွင်
ငါးမျိုးစိတ်များသည် သားကောင် သားရဲမျိုးစိတ်များ ဟန်
ချက်ညီမျှစွာနေချိန်မှာ လူအများစည်းကမ်းမဲ့ ငါးလွှတ်မှုကြောင့် ဟန်ချက်ပျက်စေ၍ ဂေဟစနစ်ကို ထိခိုက်စေနိုင်သည်။
ဥပမာအနေနဲ့ ချင်းမိုင်မြို့နားရ ဂူကရေစိမ့်အိုင်ထဲ မွေးမြူရေးငါးခူတွေ ဘေးမဲ့လွှတ်လို့ ကန်ထဲက မူရင်းရှိတဲ့ ကျောက်ငါးကြင်းများ အနည်းငယ်သာကျန်တော့တာသိရသည်။
ကျူးကျော်မျိုးစိတ်များ အမဲလိုက်စားသောက် သတ်ဖြတ်သည့်အ
တွက် ပြည်တွင်းငါးမျိုးစိတ်များစွာ ပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိသည် (ကျူးကျော်မျိုးစိတ်များ၏
အန္တရာယ်အကြောင်းလေ့လာချင်သူများအတွက်လည်း Link ဖြင့် အောက်တွင်ဖော်ပြပေးပါမည်)။ ကုသိုလ်အတွက်ရည်ရွယ်ပြီး ပြုလုပ်ခြင်းဖြစ်သော်လည်း ငါးလွှတ်ခြင်းမှာ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်အတွက် ဆိုးကျိုးပေါင်းများစွာရှိသည့်အတွက် အထူးသတိထားသင့်ပါသည်။
ကျွန်တော်တို့အားလုံး ကုသိုလ်ကောင်းမှုပြုလုပ်ရန် ငါးစာကျွေးသည့်အခါ ပေါင်မုန့်၊ ပေါက်ပေါက်၊ ဝေဖာများ အစား ငါးများအတွက် သီးသန့်ထုတ်လုပ်ထားပြီး
အဟာရပြည့်ဝစေသည့် ငါးစာများ အစားထိုးကျွေးသင့်သည်။ စည်းကမ်းမဲ့ ငါးလွှတ်ခြင်းမှာလည်း ဂေဟစနစ်အတွက် ဆိုးကျိုးပေါင်းများစွာ ရှိသည့်အတွက် ကျွမ်းကျင်သည့်
ပညာရှင်များကိုသာ ကိုင်တွယ်စေပြီး မဆင်မခြင်
ငါးလွှတ်ခြင်းမှ ရှောင်ရှားသင့်သည်ဟု အကြံပြုရင်း နိဂုံးချုပ်ပါရစေဗျာ။ အားလုံးပဲ သီတင်းကျွတ်ကာလကို ချစ်ခင်မြတ်နိုးရသူများနှင့်
ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ Waterways of Myanmar မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
Article by Shin Paing
Waterways of Myanmar page မှ ကူးယူဖော်ပြသည်။
Zawgyi
သီတင္းကြၽတ္လျပည့္ေန႔လို အခါႀကီးရက္ႀကီးေတြမွာ လူအမ်ား နည္းလမ္းေပါင္းမ်ားစြာျဖင့္ ကုသိုလ္ယူဖို႔ ေတြးေတာေနၾကမွာပါ။ ဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးတို႔
ကုသိုလ္ေကာင္းမႈ ျပဳလုပ္ၾကရာမွာ ငါးလႊတ္ၾကတဲ့ ဓေလ့က
အၿမဲပါဝင္ေနပါတယ္။ အခါႀကီးရက္ႀကီးေန႔မ်ားမွာ ဘုရားေဘးမဲ့ကန္ သို႔မဟုတ္ အနီးအနားမွ ကန္၊ ျမစ္၊
ေခ်ာင္းမ်ားအတြင္း စည္စည္ကားကား ငါးလႊတ္ၾကရာ ဒီႏွစ္အတြက္ေတာ့ Covid-19 ကပ္ေရာဂါႀကီးႏွင့္ နားရမည္ျဖစ္ေသာေၾကာင့္ ငါးမ်ားႏွင့္ ေဂဟစနစ္ထိခိုက္မႈ အလြန္သက္သာရာရလိမ့္မည္ဟု ေတြးမိၾကပါသည္။
ကြၽန္ေတာ္တို႔သည္ တစ္ကယ္တမ္းေတာ့ ေလာဘျဖင့္ ကုသိုလ္သာျမင္ေတာ့သည္ မ်က္စိေရွ႕ေတြ႕ျမင္ေနရသည့္ ငါးမ်ားရဲ႕ ငရဲက်သဖြယ္ ဒုကၡမ်ား ႏွင့္
ေဂဟစနစ္မ်ားအတြက္ အႏၲရာယ္ဆိုးမ်ားကို ကြၽန္ေတာ္တို႔သည္ ဘယ္ေသာအခါမွ မျမင္ခဲ့ၾကပါ။ သူတစ္ပါး ကုသိုလ္ယူျခင္းကို တားဆီးျခင္းမဟုတ္ စာေရးသူ
ကြၽန္ေတာ္သည္ ငယ္ငယ္ထဲက ငါးလႊတ္သည့္ ဓေလ့ကို ကုသိုလ္ျဖစ္မည္ဟု တစ္ခါမွ မယူဆခဲ့ပါ။ ကုသိုလ္တစ္မ်ိဳးထဲသာ မဟုတ္ပဲ အျခားအရာမ်ားကိုလဲ ကြၽန္ေတာ့္တို႔ ျမင္ကြင္းထဲစတင္ထည့္သြင္းၾကည့္ၾကရေအာင္လားဗ်ာ။
အရင္ဆုံး ဘုရား ေဘးမဲ့ငါးကန္မ်ားဆီ စိတ္ကူးထဲ အလည္သြားၾကည့္ရေအာင္
ဘုရားဖူးသြားၿပီးတိုင္း အျပန္မွာ လူတိုင္း ေဘးမဲ့ငါးကန္ဆီ အလည္ေရာက္ၾကပါတယ္။ ကေလး လူႀကီးမေ႐ြး ဘုရားငါးကန္သြားရတာကို အလြန္ႏွစ္သက္ၾကပါတယ္။
အရင္ဆုံး ငါးကန္ႀကီးကို ခပ္လွမ္းလွမ္းက ျမင္ေနရခ်ိန္မွာ အရင္ဆုံး ငါးကန္ဆီက ေအာက္သိုးသိုး အနံ႔ျပင္းျပင္းက ႀကိဳဆိုေနမွာပါ လူႀကီးမ်ားဆီက အသံမထြက္
ကေလးအမ်ားစုမွာေတာ့ ငယ္႐ြယ္ပြင့္လင္းသူမ်ားပီပီ အနံ႔ကိုစတင္သတိထားမိၿပီး လူႀကီးမ်ားကို ေမးခြန္းထုတ္တာကိုျမင္ရတိုင္း ကြၽန္ေတာ္အၿမဲႀကိတ္ၿပဳံးမိပါတယ္။
မၾကာခင္မွာ ငါးကန္ေဘးမွ ေဈးဆိုင္ေတြမွာ ကိုယ္စီကိုယ္စီ ငါးစာ
ေပါင္မုန႔္၊ ေရာင္စုံေဝဖာ၊ ေပါက္ေပါက္ဆုပ္၊ ကန္စြန္း႐ြက္ မ်ားနဲ႔ လႊတ္ ငါး၊ လိပ္မ်ား ေရာင္းခ်ေနၾကပါၿပီ
။ ကြၽန္ေတာ္တို႔အားလုံး ေရထဲမွာ ေရညစ္ညန္းေစ အမႈိက္သာျဖစ္မယ့္ ေပါင္မုန္႔ေတြအားရပါးရဝယ္ၿပီး အစာေကြၽးဟန္ျပၿပီး စီမံခန္႔ခြဲ ထိန္းသိမ္းမႈ ညံ့ျဖင္းၿပီး မဆန္႔အဂၤါ
ငါးမ်ား ႁပြတ္သိပ္ထည့္ထားသည့္ ေရကန္ထဲ ေပါင္မုန္႔မ်ားကို အမႈိက္သြန္သလိုခ်၊ ပလတ္စတစ္အိတ္ အမႈိက္မ်ားပစ္ခ်ပါေတာ့မယ္။
မရွိရွိတာေ႐ြးစားရသည္မို႔သာ ငါးမ်ားသည္ ေပါင္မုန္႔ကို အလုအယက္စားေနၾကသည္။ ေပါင္မုန္႔မ်ားတြင္ တေဆးေခၚ Yeast မႈန႔္မ်ား ပါဝင္ၿပီး ငါးမ်ားစားသုံးသည့္အခါ
ဗိုက္ထဲတြင္စားထားတဲ့ ေပါင္မုန္႔စေတြ ပြတက္လာၿပီး အစာေခ်ဖ်က္ရန္ခက္ခဲ ဝမ္းသြားရန္ခက္ခဲေစၿပီး ဝမ္းခ်ဳပ္ေသာေၾကာင့္ က်န္းမာေရးခ်ိဳ႕တည့္ေစၿပီး ငါးမ်ားကိုေသေစႏိုင္သည္။
ေပါက္ေပါက္စုပ္မ်ား ႏွင့္ ေဝဖာေခ်ာင္းမ်ားမွာလဲ အလားတူ
ပင္ျဖစ္သည္။ ကန္ေထာင့္မ်ားတြင္ အစာကြၽင္းအစာက်န္မ်ားစုၿပီး ေရမ်ား ပုတ္သည္ ေနာက္ဆက္တြဲ ေရမသန႔္ေသာေၾကာင့္ ငါးမ်ားေသရသည္။
ငါးကို ေပါင္မုန္႔ေကြၽးျခင္းသည္ ျမန္မာႏိုင္ငံတြင္သာရွိသည္ အျခားႏိုင္ငံမ်ားတြင္ ပန္းၿခံကဲ့သို အမ်ားျပည္သူပိုင္ေနရာမ်ားမွ ေရအိုင္မ်ားအတြင္းသို႔ ေပါင္မုန္႔ကဲ့သို႔
အစာမ်ားခ်ေကြၽးျခင္းႏွင့္ ခိုစာေကြၽးျခင္းကို အထူးတားျမစ္ထားသည္ ခ်ေကြၽးခဲ့သည္ရွိေသာ္ ဒဏ္႐ိုက္သည္။ ငါးက်န္းမာေရးႏွင့္ မညီၫြတ္သည့္ ေပါင္မုန္႔အစား ငါးမ်ားအတြက္
ရည္႐ြယ္၍ထုတ္လုပ္ထားသည့္ ငါးစာေျခာက္မ်ားကို အစာထိုးေကြၽးသင့္သည္။ ငါးစာေျခာက္မ်ားကို ငါးတိုင္းနီးပါးစားသလို ငါးအတြက္ က်န္းမာေရးႏွင့္ညီၫြတ္ၿပီး
ၾကာရွည္ခံသည္၊ ထိန္းသိမ္းရလြယ္သည္။ ဘုရားငါးကန္မ်ားတြင္ ငါးစာေရာင္းခ်ၿပီး အသက္ေမြးဝမ္းေၾကာင္းျပဳေနရသူမ်ားလည္း လုပ္ငန္းမထိခိုက္ပဲ ငါးစာမ်ားကို ေျပာင္းလဲၿပီး ဆက္လက္ေရာင္းခ်ႏိုင္လိမ့္မည္။
ငါးလႊတ္ျခင္း အႏုပညာ ႏွင့္ ေနာက္ဆက္တြဲမ်ား
“ငါးလႊတ္ၿပီး ကုသိုလ္ယူၾကတာလား ငါးစာေကြၽးၿပီး ကုသိုလ္ယူၾကတာလား ”
ငါးလႊတ္ရင္း သင့္မသင့္ေသျခာအကဲခတ္မျပဳလုပ္ ကုသိုလ္ယူၾကတာ အင္မတန္ ဝမ္းသာၾကည္ညိဳဖြယ္ရာ ျမင္ကြင္းေလးပါ။ ကြၽန္ေတာ္ တို႔အားလုံး ငါးေပါက္မ်ားကို
ငါးကန္ထဲသြန္ မိုးေပၚေမာ့ရင္ေမာ့ မေမာ့ရင္ မ်က္စိစုံမွိတ္ၿပီး ဆုမ်ားေတာင္း
ကုသိုလ္ယူၾကခ်ိန္ ကန္ထဲရွိ ေပါင္မုန္႔ႏွင့္ ေန႔စဥ္ႏွစ္ပါသြားေနရသည့္ ငါးႀကီးမ်ားဖို႔
ငါးေသးမ်ားက အစာျဖစ္သြားတာကို ျမင္မိၾကမွာမဟုတ္ပါ။ တစ္ခါတစ္ရံ ဘုရားငါးကန္ဆိုင္မ်ားမွ ငါးမ်ားဝယ္ၿပီးလႊတ္ျခင္းမဟုတ္ လူအမ်ားသည္ မိမိတို႔အိမ္မွာ
မေမြးထားခ်င္ေတာ့သည့္ အလွေမြးငါးမ်ား သို႔မဟုတ္ ဆိုင္မ်ားမွ ဝယ္ယူလာၿပီး ငါးကန္ကို အမႈိက္ပုံကဲ့သို႔ အမႈိက္လာသြန္ၾကေသးသည္။
အခ်ိဳ႕ အလွေမြးငါးမ်ားသည္ ႏုနယ္လြန္းသည့္အတြက္
ၾကမ္းတမ္းလြန္းသည့္ ပတ္ဝန္းက်င္သို႔ ပို႔ေဆာင္ျခင္းခံလိုက္ရသည္မွာ ေသေစဖို႔အတြက္သာျဖစ္ၿပီ
း အခ်ိဳ႕ေသာ ငါးမ်ိဳးစိတ္မ်ားျဖစ္သည့္ စုပ္ခြက္ငါးႏွင့္ သားရဲငါးမ်ိဳးစိတ္မ်ားမွာ ျပန္႔ပြားေသာင္းက်န္း၍ ပတ္ဝန္းက်င္ႏွင့္ ေဂဟစနစ္ကို ႀကီးမားစြာ ဒုကၡေပးႏိုင္သည္။
မိမိ မဆင္မခ်င္ လႊတ္လိုက္သည့္ ငါးမွာ ေရာဂါပိုးပါလာလွ်င္လဲ ကန္အတြင္းရွိ အျခားငါးမ်ားကို လြယ္ကူစြာကူးစက္ႏိုင္သည္။ လႊတ္သည့္အခါ ငါးအျပင္
လိပ္မ်ားပါပါတတ္သည္။ ေနရာအစုံမွလိပ္မ်ားပါဝင္ႏိုင္ၿပီး တစ္ခါတစ္ရံ
ကုန္းလိပ္မ်ားေတာင္ပါလာတတ္တယ္။ စာေရးသူကိုယ္တိုက္ မ်က္ျမင္ႀကဳံေတြ႕ဖူးၿပီ
း ငါးကန္အတြင္းလႊတ္လိုက္သည့္အခါ ကုန္းလိပ္မ်ားမွာ ေရနစ္ေသၾကရသည္။ လႊတ္သူကို လွမ္းတားဖို႔ရာလည္း လက္ခံမည္မဟုတ္ ကိုယ္႐ိုင္းရာက်မည္
ကန္ထဲဆင္းဆယ္လွ်င္လည္း ေဂါပကႏွင့္ ႏွစ္ပါသြားရမည္ကို ေတြးၿပီး စိတ္မေကာင္းစြာၾကည့္ခဲ့ရသည္။
ကံေကာင္းေထာက္မစြာ လိပ္ကေလးကုန္းေပၚေရာက္ခဲ့ၿပီး အသ
က္ရွင္ခဲ့ရသည္ သို႔ေသာ္ သက္ဆိုးရွည္မည္မထင္။ ဘုရားငါးကန္မ်ားအတြင္းတြင္
ေနရာယူထားသည့္ လိပ္အမ်ားစုမွာလည္း ျပည္တြင္းတြင္ မရွိသင့္ပဲ ျပည္ပမွတင္သြင္းလာသည့္ ဆိုးသြမ္းေသာ လိပ္ပါးနီမ်ားသာျဖစ္ေနသည္ (လိပ္ပါးနီ
အႏၲရာယ္အေၾကာင္း အျပည့္အစုံ ေလ့လာခ်င္သူမ်ားအတြက္
ေအာက္မွာ Link ေဖာ္ျပေပးထားပါမည္)။ ငွက္လႊတ္ျခင္းမွာလဲ ကုသိုလ္ထက္ ငွက္ေလးမ်ားအတြက္
ဆိုးက်ိဳးမ်ားသာ ေစာင့္ေမွ်ာ္ေနသည္။ အဖမ္းခံရၿပီး ေနရာေဒသအသစ္မွာ အလႊတ္ခံရသည့္ ငွက္မ်ားအဖို႔ က်ီးထိုးခံၿပီး ေသဆုံးရသလိုမ်ိဳး အခက္အခဲမ်ားသာ ရွိေနသည္။
လႊတ္သူမရွိေတာ့လွ်င္ ဖမ္းေရာင္းသူလဲရွိေတာ့မည္မဟုတ္
လူသသဘာဝေရျပင္ ႀကီးငယ္မ်ားအတြင္းငါးမ်ား ေဘးမဲ့လႊတ္ျခင္း
လူအခ်ိဳ႕မွာ အခါႀကီးရက္ႀကီးတိုင္း သဘာဝ ျမစ္၊ ေခ်ာင္း၊ အင္းအိုင္မ်ားအတြင္းသို႔ ငါးမ်ား ေစလႊတ္ေဘးမဲ့ေပးၾကသည္ ထိုအခါ ငါးမ်ားႏွင့္ ေဂဟစနစ္အေပၚ
ထိခိုက္မႈ ပမာဏမွာ ပိုမိုမ်ားျပားသည္။ ႀကဳံရာငါးမ်ားကို ႀကဳံရာေနရာမွာလႊတ္သည့္အခါ ပါလာသည့္ေရာဂါမ်ားျပန္႔ပြားျခင္း၊ ျပည္တြင္းမွမ်ိဳးစိတ္မဟုတ္ပဲ ျပည္ပမွသားရဲ
မ်ိဳးစိတ္မ်ားျဖစ္ေနသည့္အခါ ထိုငါးမ်ားသည္ က်ဴးေက်ာ္ျပန္႔ပြား ေသာင္းက်န္းႏိုင္သည္။ အ႐ိုးရွင္းဆုံးဉပမာေပးရမည္ဆိုလွ်င္ ေရေအာက္ ေဂဟစနစ္တစ္ခုအတြင္းတြင္
ငါးမ်ိဳးစိတ္မ်ားသည္ သားေကာင္ သားရဲမ်ိဳးစိတ္မ်ား ဟန္ခ်က္ညီမွ်စြာေနခ်ိန္မွာ လူအမ်ားစည္းကမ္းမဲ့ ငါးလႊတ္မႈေၾကာင့္ ဟန္ခ်က္ပ်က္ေစ၍ ေဂဟစနစ္ကို ထိခိုက္ေစႏိုင္သည္။
ဥပမာအေနနဲ႔ ခ်င္းမိုင္ၿမိဳ႕နားရ ဂူကေရစိမ့္အိုင္ထဲ ေမြးျမဴေရးငါးခူေတြ ေဘးမဲ့လႊတ္လို႔ ကန္ထဲက မူရင္းရွိတဲ့ ေက်ာက္ငါးၾကင္းမ်ား အနည္းငယ္သာက်န္ေတာ့တာသိရသည္။
က်ဴးေက်ာ္မ်ိဳးစိတ္မ်ား အမဲလိုက္စားေသာက္ သတ္ျဖတ္သည့္အတြက္ ျပည္တြင္းငါးမ်ိဳးစိတ္မ်ားစြာ ေပ်ာက္ကြယ္ႏိုင္သည့္ အႏၲရာယ္ရွိသည္ (က်ဴးေက်ာ္မ်ိဳးစိတ္မ်ား၏
အႏၲရာယ္အေၾကာင္းေလ့လာခ်င္သူမ်ားအတြက္လည္း Link ျဖင့္ ေအာက္တြင္ေဖာ္ျပေပးပါမည္)။ ကုသိုလ္အတြက္ရည္႐ြယ္ၿပီး ျပဳလုပ္ျခင္းျဖစ္ေသာ္လည္း ငါးလႊတ္ျခင္းမွာ သဘာဝပတ္ဝန္းက်င္ႏွင့္ ေဂဟစနစ္အတြက္ ဆိုးက်ိဳးေပါင္းမ်ားစြာရွိသည့္အတြက္ အထူးသတိထားသင့္ပါသည္။
ကြၽန္ေတာ္တို႔အားလုံး ကုသိုလ္ေကာင္းမႈျပဳလုပ္ရန္ ငါးစာေကြၽးသည့္အခါ ေပါင္မုန္႔၊ ေပါက္ေပါက္၊ ေဝဖာမ်ား အစား ငါးမ်ားအတြက္ သီးသန္႔ထုတ္လုပ္ထားၿပီး
အဟာရျပည့္ဝေစသည့္ ငါးစာမ်ား အစားထိုးေကြၽးသင့္သည္။ စည္းကမ္းမဲ့ ငါးလႊတ္ျခင္းမွာလည္း ေဂဟစနစ္အတြက္ ဆိုးက်ိဳးေပါင္းမ်ားစြာ ရွိသည့္အတြက္ ကြၽမ္းက်င္သည့္
ပညာရွင္မ်ားကိုသာ ကိုင္တြယ္ေစၿပီး မဆင္မျခင္ ငါးလႊတ္ျခင္းမွ ေရွာင္ရွားသင့္သည္ဟု အႀကံျပဳရင္း နိဂုံးခ်ဳပ္ပါရေစဗ်ာ။ အားလုံးပဲ သီတင္းကြၽတ္ကာလကို ခ်စ္ခင္ျမတ္ႏိုးရသူမ်ားႏွင့္
က်န္းမာေပ်ာ္႐ႊင္စြာ ျဖတ္သန္းႏိုင္ၾကပါေစလို႔ Waterways of Myanmar မွ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။
Article by Shin Paing
Waterways of Myanmar page မွ ကူးယူေဖာ္ျပသည္။