မိခင်ကြီးဒေါ်ခင်သန်းဝင်းကို သီတင်းကျွတ်မှာအမှတ်တရအနေနဲ့ဂစ်တာတစ်လက်ဝယ်ပြီးလက်ဆောင်ပေးခဲ့တဲ့ စိန်ဖြိုးနဲ့ရီရီပွင့်ဖြူ

မိခင်ကြီးဒေါ်ခင်သန်းဝင်းကို သီတင်းကျွတ်မှာအမှတ်တရအနေနဲ့ဂစ်တာတစ်လက်ဝယ်ပြီးလက်ဆောင်ပေးခဲ့တဲ့ စိန်ဖြိုးနဲ့ရီရီပွင့်ဖြူ


 



 

Source: SEIN PHYO & YI ‘s fb

Credit

သရုပ်ဆောင် ဒေါ်ခင်သန်းဝင်းကတော့ အနုပညာအမွေတွေကို သမီးဖြစ်သူ ရီရီပွင့်ဖြူထံ လက်ဆင့်ကမ်းထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရီရီပွင့်ဖြူဟာ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး ပညာရေးကို ဦးစားပေးခဲ့ပေမယ့် ပရိသတ်တွေနဲ့တော့ အဆက်အသွယ်ပြတ်တောက်မသွားခဲ့ပါဘူး။ ဒေါ်ခင်သန်းဝင်းကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ဒီနေ့ဒီအချိန်ထိ အနုပညာလောကထဲမှာ ကျင်လည်နေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ရီရီပွင့်ဖြူက သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ပြီဖြစ်ပြီး သူ့ရဲ့ခင်ပွန်း မောင်နဲ့အတူတူပဲ Vlog တွေကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရီရီပွင့်ဖြူက သူမရဲ့ခင်ပွန်း မောင်နဲ့အတူတူ မိခင်ကြီးဒေါ်ခင်သန်းဝင်းအတွက် သီတင်းကျွတ်လက်ဆောင်အဖြစ် ဂစ်တာလေးတစ်လုံး လက်ဆောင်ဝယ်ပေးခဲ့တာကို တွေ့ရပါတယ်။ ရီရီပွင့်ဖြူက “အမေ့အတွက် သီတင်းကျွတ်လက်ဆောင်ဂစ်တာ” ဆိုပြီး သူမရဲ့ ခင်ပွန်းမောင်နဲ့အတူတူ သီတင်းကျွတ်လက်ဆောင်လေးအတူတူ သွားခဲ့တဲ့ ဗီဒီယိုလေးကို မျှဝေပေးလာခဲ့ပါတယ်။

မောင်နဲ့ ရီရီပွင့်ဖြူကတော့ ဂစ်တာတီးသင်နေတဲ့ ဒေါ်ခင်သန်းဝင်းကို ဂစ်တာလေးတစ်လက် လက်ဆောင်ပေးပြီး ပျော်ရွှင်စေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ပျော်ရွှင်နေကြမယ် ထင်ပါတယ်နော်။


Source: SEIN PHYO & YI ‘s fb

Credit

Leave a Comment