ကိုမာဝင်သွားခဲ့ပြီး အသက်ရှုနေပေမယ့် အခုချိန်ထိ ပြန်လည်သတိမရလာသေးတဲ့ စာရေးဆရာ အကြည်တော်
ကိုမာဝင်သွားခဲ့ပြီး အသက်ရှုနေပေမယ့် အခုချိန်ထိ ပြန်လည်သတိမရလာသေးတဲ့ စာရေးဆရာ အကြည်တော်
ပရိသတ်ကြီးရေ ဟာသစာပေတွေကို အဓိကထားရေးသားတဲ့ နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်တဲ့ အကြည်တော် လို့ ဆိုလို့ရင် မသိသူမရှိလောက်အောင်
နာမည်ကြီးလှပါတယ်။ အကြည်တော် ရဲ့ ဝတ္ထုတွေဟာ ထူးခြားကောင်းမွန်းလွန်းတာကြောင့် ရုပ်ရှင်ဇာတ်ကားတွေအဖြစ် ပြန်လည်ရိုက်ကူး ပုံဖော်ခဲ့ကြပါတယ်။
“ကဝေပျိုရဲ့နိဒါန်း” ဆိုတဲ့ဗီဒီယိုဇာတ်ကားဟာ ပရိသတ်တွေကြား အတော်လေးနာမည်ကြီးခဲ့ပြီး နောက်ပိုင်း ကဝေပျိုရဲ့ပစ္စပ္ပုန် အစရှိတဲ့နောက်ဆက်တွဲ ဇာတ်လမ်းတွေအထိ အောင်မြင်ခဲ့ပါတယ်။
အကြည်တော် ရဲ့ ” ဇော်ကကနေသည်”ရုပ်ရှင်ဇာတ်ကားကြီးဟာလဲ အကယ်ဒမီဆုကြီး တန်းဝင်ခဲ့တဲ့အထိ လူကြိုက်များခဲ့ပါတယ်။ အကြည်တော် ဟာ အခုချိန်ထိ အိမ်ထောင်မပြုသေးဘဲ လူပျိုကြီးအဖြစ်နေထိုင်နေပြီး
လှု့မှု့ကွန်ယက်ပေါ်ကနေ ဟာသစာပေလေးတွေ ရေးသားနေတာကြောင့် ပရိသတ်တွေအမောပြေကြရပါတယ်။ ဒီကနေ့မှာတော့ စာရေးဆရာအကြည်တော်ရဲ့ ကျန်းမာရေးအခြေအနေသတင်းကြောင့် အနုပညာရှင်တွေနဲ့
ချစ်တဲ့ပရိသတ်တွေ စိတ်မကောင်းဖြစ်နေကြရပါတယ်။ အကြည်တော် ကတော့ ပင်လုံဆေးရုံကြီးဆေးကုသမှုခံယူနေရပြီး သတိလစ်နေတာ(၃)ရက်လောက်ရှိပြီလို့ မိသားစုဝင်တွေမှတဆင့်သိရပါတယ်။ ဆရာ ဟာ လည်ချောင်း၊
လည်ပြွန်နှင့်ပတ်သက်တဲ့ ကင်ဆာဝေဒနာခံစားနေရပြီး ကို ထိုင်းမှာ သွားရောက်ကုသနေခဲ့ပြီး ကင်ဆာဆေးသွင်းဖို့အတွက် မြန်မာနိုင်ငံကိုပြန်လာခဲ့တာပါ။ အဲ့အချိန်မှာ ရုတ်တရတ်အသက်ရူမဝဘဲ (၁၀)မိနစ်နှလုံးခဏရပ်တန့်သွားခဲ့တာကြောင့်
ပင်လုံဆေးရုံကြီးကို ချက်ချင်းပို့ဆောင်ခဲ့ပါတယ်။ အကြည်တော် ကိုဗစ်ရောဂါကို နှစ်ကြိမ်မြောက်ခံစားခဲ့ရပြီး နောက်ဆက်တွဲအနေနဲ့ လည်ချောင်းကင်ဆာဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။ လက်ရှိမှာအချိန်တော့
သတိမရတာ ၃ ရက်နီးပါးရှိပြီဖြစ်ပြီး ကိုမာလက္ခဏာလိုမျိုး အသံတော့ကြားနေရပြီး သတိကတော့လစ်နေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ချစ်တဲ့
အနုပညာရှင်တစ်ဦးဖြစ်တဲ့ စာရေးဆရာအကြည်တော် အမြန်ဆုံးပြန်လည်သတိရပြီး နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးခဲ့ပါအုန်းနောည်။
Zawgyi
အသက်ရှုနေပေမယ့် ကိုမာဝင်သွားခဲ့ပြီး အခုချိန်ထိ ပြန်လည်သတိမရလာသေးတဲ့ စာရေးဆရာ အကြည်တော်
mdatenews
credit
Leave a Comment