Source: Han Lay’s fb
Credit
ပရိသတ်ကြီးရေဟန်လေးကတော့လှပကျော့ရှင်းတဲ့ အလှကိုပိုင်ဆိုင်ထားပြီး Miss Universe myanmar ရဲ့အလှမယ်ဟောင်းတစ်ဦးလည်းဖြစ်ပြီးအမြဲပွင့်လင်းဖော်ရွေသူလေးပါ။အလှမယ်မင်းသမီးတစ်လက်ဖြစ်ပေမယ့် အချက်အပြုတ်ရေးရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်တဲ့အပြင် မိသားစုကိုလည်းထောက်ပံ့နိုင်တဲ့ အရမ်းကိုတော်တဲ့ မင်းသမီးတစ်လက်ပါပဲနော်။
ဟန်လေးဟာ ပြီးခဲ့တဲ့ဇူလိုင်လက TomorrowLand ဖျော်ဖြေပွဲကို သွားရောက်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံခဲ့ရပြီး နာမည်ကြီး ဆယ်လီတွေရဲ့ ရှုံ့ချခြင်းကိုလည်း ခံခဲ့ရသူဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိမှာလည်း ဟန်လေးက တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာကျင်းပတဲ့ BTS Show ပွဲကြည့်ဖို့ ကိုရီးယားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဟန်လေးက ပြီးခဲ့တဲ့သြဂုတ်လ (၁၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ BTS Show ပွဲအမှတ်တရကို “အိမ်မက်ထဲက တစ်ခု 💜နောက်ခါဆိုတာ မသေချာတော့ပေမဲ့ ဆိုပီး တွေးနေ သိ့နေချိန်မှာ ကံကောင်းစွာနဲ့ရောက်လာခဲ့တယ်။
ကောင်လေး ၇ယောက်နဲ့တွေ့ဖို့ ARMY တစ်ယောက်ရဲ့အိမ်မက်ပါပဲ 💜 ပွဲတစ်ရက်လုံး ပင်ပန်း ပွဲစချိန်မှ သေချာလေးရှေ့ကနေမြင်ရမှ မယုံနိုင်ဖြစ်ပီ ရင်တုန် ငိုချ Purple Ocean ထဲကို ငါရောက်လာခဲ့ပြီ။
15 ရက်နေ့ပွဲရော ၄ နာရီအကြာ လတ်ပတ်ရ မှ yet to come အကျီကိုရအောင်ဝယ် ခဲ့တာရော ခုဆို ဆို့အောက့်ပဲ / ၂ နာရီအကြာတန်းစီတဲ့ ဆောင်လေ းရော 16 ရက်နေ့ After party ကလည်း တန်လွန်းလို့ ကျေနပ်လွန်းလို့ ပါ။
ကိုယ် သိပ့်ကြိုက်ခဲ့တဲ့ Jungkook ကလည်း အပြင်မှာ ချောလိုက်တာ အရမ်းပဲများပီး လှလာတယ်။ Suga က မျက်စိ့ထဲကမထွက်အောင် အရမ်းမိုက်လာလို့ အချစ်တိုးရ 😁 ဒီနေ့ ခုBusan ကအပြန် Train စီဖို့ Gate ရှာနေချိန် စာဝင်လာတော့ Jin စစ်မူထမ်းရတော့မယ် တဲ့ 😔( ခွဲရတော့မှာပေါ့ 2025ထိ့ ) မျော်နေရမယ်။
ဒါဟာ ဒီတစ်ခါ Yet To Come & BTS ပွဲကို ရောက်အောင်လာခဲ့တာ ကံပါပဲ ကျေးဇူးတင်တယ် ကို့ကိုယ် 💜” ဆိုပြီး ပြောပြလာပါတယ်။
ဟန်လေးဟာ ဒီတစ်ခါ BTS Show ပွဲလက်မှတ်ကိုတော့ ကံစမ်းမဲပေါက်လို့သွားခဲ့ရတာဖြစ်ပြီး သူမရဲ့စိတ်ကူးအိပ်မက်တစ်ခုကို အကောင်အထည်ဖော်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဟန်လေးကတော့ သူမရဲ့စိတ်ကူးအိပ်မက်တွေကို တစ်ခုပြီးတစ်ခု ဖြည့်ဆည်းအကောင်အထည်ဖော်ဖြစ်နေတာ အားကျစရာပါပဲ။
Source: Han Lay’s fb
Credit