အစ်ကိုဖြစ်သူကျော်ရှိန်းရဲ့မင်္ဂလာဆောင်ကို အလှဆုံးပြင်ဆင်ပြီးတတ်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ ပပဝင်းခင်ရဲ့ဗီဒီယို

အစ်ကိုဖြစ်သူကျော်ရှိန်းရဲ့မင်္ဂလာဆောင်ကို အလှဆုံးပြင်ဆင်ပြီးတတ်ရောက်ဂုဏ်ပြုပေးခဲ့တဲ့ ပပဝင်းခင်ရဲ့ဗီဒီယို


 


 


 

Source: Kyaw Shain’s fb

Credit

အနုပညာလောကရဲ့ ထူးထူးခြားခြား မောင်နှမ နှစ်ယောက်ဖြစ်တဲ့ ပပဝင်းခင်နဲ့ ကျော်ရှိန်းတို့ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ပပဝင်းခင်နဲ့ ကျော်ရှိန်းတို့ မောင်နှမနှစ်ယောက်စလုံးက အသက်အရွယ်တွေ ကိုယ်စီရရှိလာ ချိန်မှာတော့ အနုပညာအလုပ်တွေကို အရင်ကလောက်မလုပ်ကိုင်တော့ပဲ လူပျိုကြီး၊ အပျိုကြီးတွေအဖြစ်ပဲ အပူအပင်ကင်းကင်းနေထိုင်နေကြတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးချစ်တဲ့ ကျော်ရှိန်းဟာ အခုဆိုရင် သူ့ရဲ့လူပျိုကြီးဘဝကို စွန့်လွှတ်ပြီး သူအရမ်းချစ်မြတ်နိုးရတဲ့မိန်းကလေးနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ကျော်ရှိန်းတို့ချစ်သူနှစ်ယောက်ဟာ (၂၀၁၃) ခုနှစ်ကတည်းက သိကျွမ်းခဲ့ကြပြီး (၂၀၁၉) ခုနှစ်ရောက်မှချစ်ကြိုက်ခဲ့ကာ ချစ်သူသက်တမ်း သုံးနှစ်ကျော်မှာ နှစ်ဖက်မိဘသဘော တူကြည်ဖြူစွာနဲ့ လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ကျော်ရှိန်းကတော့ သူ့ရဲ့လူပျိုကြီးဘဝကို အပြီးတိုင်စွန့်လွှတ်ပြီး အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ရှိန့်းအတွက် ဝမ်းသာဂုဏ် ယူကြောင်းစကားလေးတွေ ဝေမျှပြောပြပေးခဲ့ကြပါဦးနော်။


Source: Kyaw Shain’s fb

Credit

Leave a Comment