သူမရဲ့ကားတွေကို ဈေးကြီးကြီးနဲ့ရောင်းမိလို့ တိုက်ခိုက်နေကြသူတစ်ချို့ကို ချိုသာတဲ့အပြုံးလေးဖြင့် ရန်တွေ့လိုက်တဲ့ မြန်သူသူရဲ့ဗီဒီယိုဖိုင်
မြတ်သူသူဆိုတာနဲ့ပရိသတ်တွေချစ်တဲ့အနုပညာရှင်တစ်ယောက်ပါ။
သူမကတော့MRTV-4ဇာတ်လမ်းတွဲလေးတွေကနေအောင်မြင်လာပြီးခုမှာတော့နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။
ကြော်ငြာလေးတွေvideoလေးတွေကိုလည်းရိုက်ကူးနေရတာပါ။
ဒါ့အပြင်သူမဟာလူမှုကွန်ရက်ကနေအမြဲတိုက်ခိုက်ခံရလေ့ရှိတာပါ။
သူမကလည်းအမြဲပညာသားပါပါပြန်တုန့်ပြန်လေ့ရှိတာပါ။
အခုမှာလည်းသူမကားရောင်းတဲ့ကိစ္စနဲ့ခုလိုပြန်ဖြေရှင်းလိုက်တာပါ။
ပွဲစားအကိုကြီးများ စိတ်လျှော့ကြပါနော် အကိုကြီးတို့လောကကို သိလည်းမသိပါဘူး လာလည်းမလာပါဘူးရှင်
မြတ်သူက ကားပွဲစားလည်းမဟုတ်တော့ ကားပေါက်ဈေးတွေတော့ မသိနိုင်ပါဘူးရှင် ဝယ်ချင်တဲ့သူတွေကလည်း ကားကိုလာကြည့်ပြီး ကားတကယ်ကောင်းမှ
ဈေးလာညှိနှိုင်းပြီးတန်မယ်ထင်မှ ဝယ်ကြမယ့်သူတွေပါပဲရှင့် မြတ်သူကိုယ်ပိုင်ကား မြတ်သူနီးစပ်ရာအသိတွေနဲ့တိုင်ပင်ပြီး တင်ထားပေမယ့် အဆင်ပြေမယ်ထင်ရာ ဒီဈေးမဟုတ်လည်း မြတ်သူကျေနပ်ရင် ရောင်းပေးလိုက်မှာပါပဲ မြတ်သူဝယ်ထားတုန်းကလည်း
တန်ရာတန်ကြေးပေးဝယ်ထားရတာပါရှင် နားလည်မှုမလွဲစေချင်လို့ အခုလိုရေးလိုက်ရတာပါနော် တချို့က မြတ်သူပရိသတ်တွေမို့ ချစ်တဲ့စိတ်နဲ့ Love react ပေးကြတာပါ Love react များတိုင်း ဖွန်ကြောင်ချင်နေကြတာမဟုတ်ရပါဘူးရှင်
ပိုစ့်တင်တဲ့သူအပေါ် မူတည်သွားလို့ပါနော် ဆိုပြီးပြောပြခဲ့တာပါ။

credit