ပရိသတ်ကြီးရေ အနုပညာလောကထဲကို မော်ဒယ်အဖြစ် စတင်ဝင်ရောက်လာခဲ့သူကလေးကတော့ စမိုင်းလ် ပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှု့အနေနဲ့ ကြော်ငြာလေးတွေ ရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှု့ကို ရရှိခဲ့ပါတယ်။
သူမကတော့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအနေနဲ့ ရိုက်ကူးခဲ့ပြီး ထူးခြားတဲ့ရုပ်ရှင်ကြောင့် ပရိသတ်တွေ သတိထားမိခဲ့ပြန်ပါတယ်။
ဒီလိုအောင်မြင်မှု့တွေရရှိခဲ့တဲ့ သူမကတော့ အနုပညာလှုပ်ရှားမှု့တွေကို ဆက်လက်မလုပ်ကိုင်တော့ဘဲ ချစ်ရတဲ့ချစ်သူနဲ့ လက်ထက်ခဲ့ပြီး နိုင်ငံရပ်ခြားကိုထွက်ခွာသွားခဲ့ပါတယ်။
သူမတို့ဇနီးမောင်နှံဟာ နိုင်ငံရပ်ခြားမှာ အတူတကွကြိုးစားခဲ့ပြီးနောက် လက်ရှိမှာတော့ လူချမ်းသာစာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
စမိုင်းလ် တို့မိသားစု ဟာ အမေရိကန်နိုင်ငံမှာ နာမည်ကြီး Youtuber တစ်ဦးရဲ့စံအိမ်ကြီးကို တန်ဖိုးကြီးပေးပြီး ဝယ်ယူနိုင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးမဂ္ဂဇင်းတစ်ခုမှာ မြန်မာနိုင်ငံသားအနေနဲ့ ပထမဆုံးအင်တာဗျူးဖော်ပြခြင်း ခံလိုက်ရတာကြောင့်လဲ ဂုဏ်ယူခဲ့ရပါသေးတယ်။
စမိုင်းလ် ကတော့ ၂၂ ရက်နေ့မှာကျရောက်တော့မယ် သူမရဲ့ချစ်ခင်ပွန်းဖြစ်သူအတွက် မွေးနေ့လက်ဆောင်ပေးချင်လို့ ကြော်ငြာလေးနှစ်ခုကို ပရိသတ်တွေကို ရှာပေးဖို့တောင်းဆိုခဲ့ပါတယ်။
ရှာဖွေပေးနိုင်မယ့်သူတစ်ယောက်ချင်းစီအတွက် ဆုငွေဆယ်သိန်းပေးမယ်ဆိုတဲ့အကြောင်းကို ” ၂၂ရက်နေ့မှာကျရောက်ရဲ့ ကျမရဲ့အမျိုးသားအတွက်မွေးနေ့လက်ဆောင်ပေးချင်လို့ ကျမသရုပ်ဆောင်ထားတဲ့သူ
အရမ်းကြိုက်ခဲ့တဲ့ကြော်ငြာတွေဖြစ်တဲ့…..ဘယ်လောက်ထိချစ်လဲပြောကြော်ငြာ ( မျက်မှန်လှုပ်တဲ့ သီချင်းကြော်ငြာ ) ခွင့်လွှတ်တယ် ( သီချင်းကြော်ငြာ ) ယခုကြော်ငြာလေးတွေကိုသိမ်းထားတဲ့သူရှိခဲ့ရင်
သို့မဟုတ် ရှာပေးနိုင်သူရှိခဲ့ရင် ထိုက်ထိုက်တန်တန်လက်ဆောင်ငွေပေးပါမယ်.. ကူညီပေးကြပါအုန်းနော် ပထမဆုံးရှာတွေ့တဲ့သူကိုသာ
ဆုငွေ ၁၀သိန်းစီပေးသွားမှာဖြစ်ပါတယ်နော်” လို့ စမိုင်းလ် ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ကဲ…ပရိသတ်ကြီးရေ စမိုင်းလ် ပါဝင်သရုပ်ဆောင်ထားတဲ့ ကြော်ငြာလေးတွေကို မှတ်မိကြသေးလား???တကယ်လို့များ
ရှာတွေ့ခဲ့တာပဲဖြစ်ဖြစ် သိမ်းထားသူများရှိရင် ဆုငွေ ၁၀ သိန်းရမှာဖြစ်တဲ့အတွက် သွားရောက်ကံစမ်းသင့်ပါတယ်နော်။