ပုဂံမြေကို အလည်တခေါက်ရောက်ခဲ့ရင် ကလေးတွေရဲ့ သူတို့နယ်ပယ်အလိုက်ထူးချွန်မှုလေးတွေကို အသိအမှတ်ပြု ချီးကျူးစကားပြောပေးကြဖို့ တောင်းဆိုလိုက်တဲ့ အဆိုတော် အောင်ထက်…
ပရိသတ်ကြီးရေ အိမ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှ တစ်ဆင့်နာမည်ကြီး လူကြိုက်များလာခဲ့တဲ့ အဆိုတော် အောင်ထက် ဟာ လက်ရှိမှာလဲ အောင်မြင်ကျော်ကြားနေဆဲပါပဲနော်။ အောင်ထက် သီဆိုထားတဲ့ သီချင်းတွေဟာလည်း ယောက်ျားလေးပရိသတ်တွေကြားမှာအတော်လေးရေပန်းစားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုတော် အောင်ထက် ဟာ ပုဒ်မ ၅၀၅ က ကြောင့်ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးပြီးတော့ လက်ရှိမှာတော့ မိသားစုနဲ့အတူ နေထိုင်မှာပဲ အဆင်ပြေပြေနေထိုင်လျှက်ရှိပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကြောင့် သီချင်းသီဆိုမူ့တွေ ရပ်နားထားတဲ့ အောင်ထက် ဟာ အခုချိန်မှာလဲ ဂီတအနုပညာအလုပ်တွေကို အနည်းအကျဉ်းပဲ လုပ်ကိုင်လျှက်ရှိပါတယ်။ ဒီကနေ့မှာတော့ အဆိုတော် အောင်ထက် ဟာ ပုဂံကကလေးတွေရဲ့ အလုပ်ကြိုးစားမှုကို အသိအမှတ်ပြုပေးပါလို့ တောင်းဆိုလိုက်ပါတယ်။ ” ပုဂံရောက်ရင် ကလေးတွေရဲ့ အလုပ်ကြိုးစားမှုကိုလည်း အသိအမှတ်ပြုပေးပါ🙏
ဓါတ်ပုံရိုက်လည်း တော်တယ် လက်ပန်းချီရေးဆွဲတာလည်း တော်တယ်ဆံပင်ကျစ်တာလည်း တော်တယ် လမ်းညွှန်လည်းတော်တယ် ချစ်စရာလည်းကောင်းကြတယ်” လို့ အဆိုတော် အောင်ထက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
crd
zawgyi
crd