တေဇာရယ်လို့ပရိတ်သတ်တွေလက်ခံလာအောင် မွေးထုတ်ပေးခဲ့တဲ့ ဆရာသမားတွေကို ကျေးဇူးတင်သောအားဖြင့် ရိုသေစွာကန်တော့ခဲ့တဲ့ သုတအောင်

တေဇာရယ်လို့ပရိတ်သတ်တွေလက်ခံလာအောင် မွေးထုတ်ပေးခဲ့တဲ့ ဆရာသမားတွေကို ကျေးဇူးတင်သောအားဖြင့် ရိုသေစွာကန်တော့ခဲ့တဲ့ သုတအောင်


 

 


 


 

Credit – CeleZone

ပရိသတ်ကြီးရေ သုတအောင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားချောတစ်လက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း သုတအောင်ပါဝင်ခဲ့တဲ့ ဝိပါကက ဇာတ်လမ်းတွဲက MRTV- 4 မှာ ထုတ်လွှင့်ပြသေ နခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲလေးကတော့ ပရိသတ်တွေကြားမှာတော်တော်လေးကို ရေပန်းစားအောင်မြင်နေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုဖြစ်နေခဲ့ပြီး တေဇာရယ်လို့လည်း သုတအောင်ကို ပရိသတ်တွေက ပိုမိုရရှိစေခဲ့ပါသေးတယ်။ သုတအောင်ကတော့ အခုလို အောင်မြင်မှုတွေရရှိအောင် ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ ဆရာသမားတွေကို သွားရောက်ကန်တော့ခဲ့ကြောင်း “ကျွန်တော့်ဘဝရဲ့ အဖေနဲ့အမေအပြင် လက်ချိုးမရေတွက်နိုင်သော ကျေးဇူးရှင်များထဲမှ ဝိပါကဇာတ်လမ်းတွဲမှာ တေဇာရယ်လို့မွေးထုတ်ပေးခဲ့သော ကျေးဇူးရှင်များအား သွားရောက် ကန်တော့ခဲ့ပါတယ်ခင်ဗျာ

နောက်ပြီး MRTV-4မှ ကျွန်တော့်ကျေးဇူးရှင် ဆရာတို့မိသားစုအားအခြေနေအရ ခြေဆုံဦးမခိုက်နိုင်ပေမယ့် အဝေးမှသားကန်တော့် လိုက်ပါတယ်ဗျ….” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ပရိသတ်ကြီးရေ သုတအောင်ကတော့ တကယ်ကို ကျေးဇူးသိတတ်တဲ့ သူတစ်ယောက်ပါပဲနော်။

Source – THUTA AUNG – သုတအောင်
Credit – CeleZone

Leave a Comment