ကောက်ကျစ်တဲ့အကြံအစည်တွေနဲ့ရဲတင်းဉာဏ်များလွန်းတဲ့အိမ်အကူတစ်ယောက်ရဲ့အကြောင်းကို ပြောပြလာတဲ့ မေဧကရီထူး

ကောက်ကျစ်တဲ့အကြံအစည်တွေနဲ့ရဲတင်းဉာဏ်များလွန်းတဲ့အိမ်အကူတစ်ယောက်ရဲ့အကြောင်းကို ပြောပြလာတဲ့ မေဧကရီထူး


 


 



Credit

ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောလေး မေဧကရီထူးကတော့ စကားပြောလိုက်ရင် အရမ်းကို ချစ်ဖို့ကောင်းသူလေးပါ။ မေဧကရီထူးက လက်ရှိမှာတော့ ကိုယ်ဝန်လွယ်ဆောင်ထားရတာမို့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး အနားယူနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေဧကရီထူးက အိမ်အကူနဲ့ ဝန်ထမ်းတွေက အိမ်ရှင် အလုပ်ရှင်အပေါ် ယုတ်မာကြတဲ့အကြောင်း ပို့စ်လေးကို Share ပြီး သူမတို့အိမ်မှာလည်းဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်လေးကို အားလုံးသိအောင် ဝေမျှလာခဲ့ပါတယ်။

မေဧကရီထူးက “ကြောက်စရာကြီး ဘယ်သူမှမယုံရဲတော့ဘူး ကိုယ်တွေအိမ်လဲ ၆ ရက် နေ့ကမှ အိမ်အကူတယောက်ခေါ်တယ် လစာတွေလဲ ပေးပြီးသား အဲ့တာကို ၂ ရက်ပဲရှိသေး အိမ်မှာပျင်းလို့ပြန်ချင်တယ်တဲ့..အဲ့တော့ သူ့အမေဆီဖုန်းဆက်ပြောပြတော့ တလစာပေးပြီးသားဆိုတော့ တလလောက်လုပ်ပေးလိုက်ပါဆိုတော့ ကိုယ်တွေရှေ့တော့ ဟုတ်ကဲ့ဆိုပဲ။ နောက်မှ ဘယ်ချိန်ထဲက ခိုးပြန်ဖို့ကိုကြံစည်နေလဲမသိ အိမ်မှာရှိတဲ့သော့အပိုကို ခိုးထားတယ်😏အဲ့တာကို အိမ်က အဖေက သိသိချင်း သော့တွေအကုန်လဲပစ်တာ အချိန်မှီလို့ အဲ့တာနဲ့တင်မပြီးသေးဘူး ဖေကြီးပိုက်ဆံအိတ်ထဲက သူ့မှတ်ပုံတင်သိမ်းထားတာကို ဘယ်ချိန်ထဲက ပြန်ယူသွားလဲမသိ သတိရလို့ မှတ်ပုံတင်ရှာခါမှ မတွေ့တော့ဘူး သူ့မေးလဲ ဘူးခံပြီးပဲ ငြင်းတာနော် လုံးဝ သူမသိဘူးဆိုတဲ့ပုံစံနဲ့ မင်္သဏာလို့ သူ့အိတ်ထဲရှာကြည့်မှ မှတ်ပုံတင်ကို ဘောင်းဘီအိတ်ကပ်ထဲ ဝှက်ထားတာ😏 ဒါ သူရောက်တာ ၁၀ ရက်ကျော် အတွင်းကို ရဲတင်းတာနော် အိမ်မှာနေရတာအဆင်မပြေလို့ပြန်တယ်ဆိုလဲ အိမ်မှာ အိမ်သား ၃ ယောက်ထဲနေတာ

သူပျင်းမှာစိုးလို့တောင် တနေကုန် TV ဖွင့်ပေးပီးထိုင်ကြည့်ခိုင်းထားတာကို အဲ့လိုတွေကြံစည်သေးတာနော် ဒါ ကိုယ်တွေအသိမြန်လို့ နို့မို့ဆို သူဘာဆက်လုပ်မယ်မှန်းမသိ သူကပြန်ချင်တော့ပြောသေးတယ် သူကဦးနှောက်ကောင်းတာမဟုတ်ဘူးတဲ့ အုတ်နီခဲထိထားလို့တဲ့ အဲ့ကြောင့်သူပြန်ချင်တာတဲ့။အဲ့ကြောင့်သူပြန်ချင်တာတဲ့ ဒီနေ့တော့ သူ့ခေါ်တဲ့ဆီ ပြန်ပို့လိုက်ရတယ် ပြန်တော့ အကုန်ဝန်ခံခိုင်းတာ အကုန်သူလုပ်ပါတယ် ဝန်ခံသွားတယ်” ဆိုပြီး ပြောပြလာပါတယ်။ မေဧကရီထူးကတော့ မယုံကြည်ရတဲ့ခေတ်ကြီးထဲမှာ သူမတို့ကိုယ်တိုင်လည်း ဉာဏ်များလွန်းတဲ့ အိမ်အကူနဲ့ ကြုံဆုံခဲ့ရကြောင်း ရင်ဖွင့်ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီခေတ်ကြီးကတော့ တစ်ယောက်ကိုတစ်ယောက် သတိထားဆက်ဆံနေရတဲ့ အနေအထားပဲဖြစ်ပါတယ်။

Source: May Akari Htoo’s fb

Credit

Leave a Comment