အမျိုးသမီးခရီးသွားတစ်ဦးရဲ့လက်ကို မလွှတ်ပေးဘဲ တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး တောအုပ်ကြီးထဲသို့ခေါ်သွားချင်နေခဲ့တဲ့ မျောက်မကြီး (ရုပ်သံ)

တိရိစ္ဆာန်ချစ်သူများဟာ စိတ်လှုပ်ရှားဖွယ်ရာ စွန့်စားခန်းဖွင့်ရန်အတွက် ပုံမှန်မဟုတ်တဲ့ နေရာများသို့ သွားလေ့ရှိကြပါတယ်။

အများစုက အားလပ်ရက်တွေမှာ ခရီးသွားတာ ဒါမှမဟုတ် ကမ်းခြေသွားလေ့ရှိတဲ့အခါမျိုးမှာ တိရိစ္ဆာန်ချစ်တဲ့သူတွေကတော့ သစ်တောထဲမှာ အချိန်ဖြုန်းတာဒါမှမဟုတ် နိုင်ငံရပ်ခြားက တိရိစ္ဆာန်ရုံများသို့ သွားရောက်လည်ပတ်တာကို ပိုကြိုက်ကြပါတယ်။

 

အဲဒီမှာ တိရိစ္ဆာန်တွေက သရေစာ ဒါမှမဟုတ် သစ်သီးတွေ ကျွေးရတာကို နှစ်သက်ကြပါတယ်။ လူတို့က တောရိုင်းတိရိစ္ဆာန်များရဲ့စိတ်နေသဘောထားကို မသိနိုင်တာကြောင့် တစ်ခါတစ်ရံမှာ ၎င်းဟာ ဧည့်သည်များက ၎င်းတို့ထံပေးအပ်သည့်အရာကို အခွင့်ကောင်းယူတတ်ကြပါတယ်။

သို့သော် ကျွန်တော်တို့အနေနဲ့ သတိမပြုပါက၊ ထိုသို့သောလုပ်ရပ်များဟာ အန္တရာယ်ရှိလာနိုင်ပါတယ်။

မကြာသေးမီက၊ အမျိုးသမီးတစ်ဦးဟာ orangutan မျောက်တစ်ကောင်ရဲ့ ချုပ်နှောင်ခံထားခဲ့ရကြောင်း ပြသနေသည့် ဗီဒီယိုတစ်ခု ပျံ့နှံ့သွားခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရှိ တောအုပ်တစ်ခုမှာ အဆိုပါမျောက်မတစ်ကောင်ဟာ အမျိုးသမီးတစ်ဦးထံသို့ ချဉ်းကပ်လာပြီး သူမရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ လက်မလွှတ်ဘဲနေနေခဲ့ပါတယ်။

SeaWorld.org ၏ အဆိုအရ Orangutan တွေဟာ ဂေါ်ရီလာလောက်မသန်မာပေမဲ့လည်းလူသားတွေထက်ခုနစ်ဆခန့် ပိုသန်မာပါတယ်။

Orangutan တွေဟာ ၎င်းတို့ရဲ့ခြေထောက်များနှင့် တင်ပါးများကို ဆန့်ကျင်ပြီး ၎င်းတို့ရဲ့လက်များနှင့် ပခုံးကိုအသုံးပြုကာ တောအုပ်အတွင်း ဖြတ်သန်းသွားလာတာကြောင့် ၎င်းတို့ရဲ့လက်များဟာ ၎င်းတို့ရဲ့ခြေထောက်များထက် ပိုရှည်ကြပြီး၊ ၎င်းတို့ရဲ့ပခုံးကလည်း တင်ပါးထက် ပိုကျယ်ပါတယ်။

ထို့နောက် အဆိုပါအမျိုးသမီးဟာ မျောက်မကြီးမှ အကြိမ်ပေါင်းများစွာ ရုန်းထွက်ရန် ကြိုးစားနေခဲ့ပေမဲ့လည်း အချိန်တန်ကြာမရုန်းထွက်နိုင်ခဲ့ပါဘူး။

ဗီဒီယိုထဲမှာတော့ မျောက်မကြီးဟာ သူမရဲ့လက်ကို ခိုင်မြဲစွာဆုပ်ကိုင်ထားပြီး တစ်ချက်တစ်ချက် သူမရဲ့လက်ချောင်းများကို ကိုက်ရန်ကြိုးစားနေပေမဲ့လည်း အမျိုးသမီးက မျောက်မကြီးရဲ့မျက်နှာကို တွန်းနေခဲ့ပါတယ်။

သိပ်မကြာခင်မှာ ၎င်းတို့ဟာ မြေပြင်ပေါ်မှာ အတူတူထိုင်ချလိုက်ကြပေမဲ့ မျောက်မကြီးက သူမရဲ့လက်ကို ဆုပ်ကိုင်ထားနေဆဲပါဘဲ။ အမျိုးသမီးဟာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်လျှောက်လုံး အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့ရပါတယ်။

၎င်းမျောက်မကြီးကို လမ်းပြသူတွေက အသီးအနှံအချို့နဲ့ ဖြားယောင်းခဲ့ကြတာကြောင့် ၎င်းအခြေအနေက သုံးမိနစ်ခန့်ကြာပြီးနောက် နောက်ဆုံးမှာ၎င်းဟာ အမျိုးသမီးရဲ့လက်ကို လွှတ်ပေးလိုက်ပါတယ်။

ဤအဖြစ်အပျက်ကို လူအချို့အတွက် ရယ်စရာကောင်းတယ်လို့ထင်ကောင်းထင်နိုင်ပေမဲ့လည်းအလွန်အန္တရာယ်များပြီး ထိုအမျိုးသမီးဟာတုန်လှုပ်ချောက်ချားနေသည့်ကြားမှပင် ငြိမ်သက်စွာနေရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ပါတယ်။

 

Orangutan များဟာတောရိုင်းတိရိစ္ဆာန်များဖြစ်ပြီး ၎င်းတို့ဟာမည်သည့်အရာသို့မဟုတ်၎င်းတို့ကို ခြိမ်းခြောက်မှုဖြစ်စေမည့် မည်သူကိုမဆို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် တောရိုင်းတိရိစ္ဆာန်တွေကိုကြည့်မယ်ဆိုပါက အန္တရာယ်ဖြစ်တာမျိုးတွေမဖြစ်လာစေဖို့ ၎င်းတို့ရဲ့လက္ခဏာတွေကို ကြိုသိထားသင့်ပြီး ၎င်းတို့နဲ့ ခပ်ဝေးဝေး၌သာ နေသင့်ပါတယ်ဗျ။

Reference : goodtimes

Leave a Comment