သမီးလေးအမရာနဲ့အတူပထမဆုံးခရီးဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာ ပျော်ပျော်ပါးပါးအနားယူနေတဲ့ ပုံရိပ်တွေကိုပြသလာတဲ့ အိမ့်ချစ်
သမီးလေးအမရာနဲ့အတူပထမဆုံးခရီးဖြစ်တဲ့ ပြင်ဦးလွင်မြို့မှာ ပျော်ပျော်ပါးပါးအနားယူနေတဲ့ ပုံရိပ်တွေကိုပြသလာတဲ့ အိမ့်ချစ်
Source: Eint Chit’s fb
Credit
ရိသတ်ကြီးရေ အိမ့်ချစ်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၆)ရက်နေ့ကတော့ သူ့ရဲ့ ပထမဆုံးရင်သွေးလေးဖြစ်တဲ့ အမရာလေးကို မွေးဖွားခဲ့တာပရိသတ်တွေလည်း သိရှိပြီးသားဖြစ်မှာပါနော်။အမရာလေးကတော့ မွေးဖွားပြီးကတည်း ချစ်ဖို့ကောင်းလှတာကြောင့် မေမေအိမ့်ချစ်သာမက ပရိသတ်တွေပါ အချစ်ပိုနေခဲ့ကြရပါသေးတယ်။ မေမေအိမ့်ချစ်ကလည်း သမီးဦးလေးဖြစ်သလို ချစ်မွှေးပါလွန်းလှတဲ့ သမီးလေးဖြစ်နေတာကြောင့် သမီးလေးအမရာကို ပိုလို့တောင် အချစ်ပိုနေခဲ့ပါသေးတယ်။
လက်ရှိမှာတော့ အိမ့်ချစ်ဟာ သူမရဲ့မေမေ၊ မောင်လေးဂျူနီယာချစ်ကောင်းတို့နဲ့အတူတူ သမီးလေးအမရာကိုခေါ်ပြီး ပြင်ဦးလွင်မြို့ကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အိမ့်ချစ်က သမီးလေးအမရာနဲ့ မေမြို့ရောက်နေတဲ့ အမှတ်တရပုံလေးတွေကို မျှဝေကာ “မေမေကအတင်းပဲ ဓာတ်ပုံရိုက်တာပဲ။ မီးမီးက သစ်ပင်တွေမော့ကြည့်ရတာကြိုက်နေတာ ” ဆိုပြီး မိသားစုအမှတ်တရပုံတွေ မျှဈေပေးလာတာပဲဖြစ်ပါတယ်။
အိမ့်ချစ်ရဲ့သမီးလေး အမရာကတော့ အခုဆိုရင် နှစ်လကျော်အရွယ်သာရှိသေးပေမယ့် မေမေနဲ့အတူတူ ခရီးတွေသွားရင်း ပတ်ဝန်းကျင်ကို လေ့လာတတ်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အိမ့်ချစ်တို့မိသားစုလေးရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ် ထင်ပါတယ်နော်။
Source: Eint Chit’s fb
Credit
Leave a Comment