ဟောင်းနွမ်းစုတ်ပျက်နေသည့် ဆိုဖာထိုင်ခုံတစ်လုံးကို အွန်လိုင်းလေလံစနစ်ဖြင့် ဒေါ်လာတစ်သိန်းပေးပြီး ဝယ်ယူမိခဲ့သောကြောင့် ဝမ်းနည်းစွာငိုကြွေးနေခဲ့သည့် ကောင်မလေး
ပစ္စည်းတစ်ခုကို ဝယ်ယူတော့မည်ဆိုပါက ထိုပစ္စည်းနှင့်ထိုက်တန်သော ငွေကြေးတစ်ခုကို ပေးဆောင်ရမှာဖြစ်ပါတယ်။ထိုမှသာ ပေးရသောတန်ဖိုးနှင့် ညီမျှသည့် အရည်အသွေးမျိုးကို ပြန်လည်ရရှိလိမ့်မည်ဟု လူတိုင်းက လက်ခံယုံကြည်ထားကြပါတယ်။
သို့သော်လည်း အသက်၂၁နှစ်အရွယ်ကောင်မလေးကတော့ တန်ဖိုးမရှိတော့သည့် ဆိုဖာထိုင်ခုံတစ်လုံးကို ဒေါ်လာတစ်သိန်းအထိပေးဆောင်ကာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။အွန်လိုင်းပေါ်မှ ပစ္စည်းအစုတ်တွေကို လေလံစနစ်ဖြင့် ရောင်းချနေသည်ကို သွားရောက်ကြည့်ရှူ့ခဲ့ရာမှ အတော်လေးဟောင်းနွမ်းကာ ပေါက်ပြဲနေသည့် ဆိုဖာထိုင်ခုံကို ဒေါ်လာတစ်သိန်းဈေးပေးမိခဲ့တာဖြစ်ပါတယ်။
ပစ္စည်းဟာတန်ဖိုးမရှိသော်လည်း မှားယွင်းပေးချေမိသည့်အခါမှာတော့ ငွေကြေးများစွာဆုံးရှုံးသွားခဲ့ကသဖြင့် ဝမ်းနည်းစွာငိုကြွေးနေခဲ့ရပါတော့တယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)