” ဝိပါက ” ဆိုတာ ဘာအဓိပါယ္လဲ… မသိေသးသူမ်ား အတြက္

” ဝိပါက ” ဆိုတာ ဘာအဓိပါယ္လဲ… မသိေသးသူမ်ား အတြက္
” ဝိပါက ” ဆိုတာ ဘာအဓိပါယ္လဲ ဘုရား”။ ” ဝိပါက” ဆိုတာ “အက်ိဳး” လို႔ အဓိပၸါယ္ရပါတယ္။ တစ္စုံတစ္ခု ျပဳလုပ္လိုက္ၿပီဆိုရင္ …. အဲဒီျပဳလုပ္သူရဲ႕ အေပၚမွာပဲ ျဖစ္ျဖစ္.. ျပဳလုပ္ခံရသူရဲ႕ အေပၚမွာပဲ ျဖစ္ျဖစ္…

သက္ေရာက္လာတဲ့ အက်ိဳးတစ္ခုကို ဆိုလိုတာပါ။ ဆိုပါစို႔… ဗုဒၶဘာသာေတြရဲ႕ ပါးစပ္ဖ်ားမွာ ေျပာေလ့ရွိတာတစ္ခု ရွိတယ္… “ေကာင္းတာလုပ္ရင္ ေကာင္းက်ိဳးရမယ္။ မေကာင္းတာလုပ္ရင္ မေကာင္းက်ိဳးရမယ္”။

ဒီသေဘာတရားကိုဝိပါက-လို႔ ေခၚပါတယ္။ ဆန္ကို ႀကိဳခ်က္လိုက္ရင္ ထမင္း ျဖစ္လာမယ္။ အသားဟင္းတို႔ အသီးအ႐ြက္ဟင္းတို႔ ျဖစ္မလာဘူး။ အဲဒါကိုပဲ “ဝိပါက”လို႔ ေခၚပါတယ္။

ဝိပါက-ဆိုတာ “ဝဋ္” မဟုတ္ပါဘူး။ ဒါေပမယ့္ အက်ိဳးေပး သေဘာတရားျခင္းေတာ့ တူညီတဲ့ အုပ္စုျဖစ္ပါတယ္။ ဆိုပါစို႔… “ထမင္းစားၾကမယ္။” ဆိုတာ ထမင္းေရာ ဟင္းေရာ စားၾကမွာ ျဖစ္ပါတယ္။

ဝဋ္ဆိုတာက အကုသိုလ္ အုပ္စုထဲမွာ ျဖစ္ၿပီး… “ဝိပါက”ဆိုတာကေတာ့ ေကာင္းက်ိဳးေရာ မေကာင္းက်ိဳးေရာ ဘာအေၾကာင္းေၾကာင့္ပဲ ျဖစ္ျဖစ္ သက္ေရာက္လာတဲ့ အက်ိဳးမွန္သမွ်ကို ” ဝိပါက” လို႔ ေခၚတာပါ။

ဒီေတာ့ ေလာကမွာ ျဖစ္ျဖစ္ေနတဲ့ အက်ိဳးမွန္သမွ်ဟာ အေၾကာင္းအရာနဲ႔ ကင္းတယ္ဆိုတာ မရွိပါဘူး။ ယုတၱိအားျဖင့္လည္း လူ႔ေလာကမွာ ထင္ရွားပါတယ္။ သူေတာင္းစားက လာေတာင္းလို႔ ပိုက္ဆံေပးလိုက္ရင္ေတာင္…

၁။ လာေတာင္းတဲ့အေၾကာင္းရယ္

၂။ ကိုယ္နဲ႔သူနဲ႔ ဆုံေနတဲ့အေၾကာင္းရယ္

၃။ ကိုယ့္မွာ ေပးစရာ ဝတၳဳရွိေနျခင္းအေၾကာင္းရယ္ေၾကာင့္ေပးျခင္းအက်ိဳး ျဖစ္လာတာ။

သူေတာင္းစားက လိုခ်င္တာကို ရလို႔ ေပ်ာ္ျခင္းအက်ိဳး၊ ေပးလိုက္သူက ေပးလိုက္ရလို႔ ေပ်ာ္႐ႊင္ပီတိျဖစ္ရတဲ့အက်ိဳး။ အဲဒါေတြအားလုံးက အေၾကာင္းေၾကာင့္ … အက်ိဳးဆက္ေတြ ျဖစ္လာတာ။

ဘယ္ဘုရားသခင္ကမွ “နင္ေပးလိုက္ပါ နင္ေပးလိုက္ပါ” လို႔ ခိုင္းေစခ်က္ေၾကာင့္ ေပးရတာမဟုတ္ဘဲ ေပးဖို႔ ဆုံးျဖတ္ျဖစ္တာေရာ ေပးတာေရာ အားလုံးက ကိုယ္သာ ျဖစ္ပါတယ္။

အဲဒီေသဘာတရားကိုပဲ ” အတၱာ ဟိ အတၱေနာ နာေထာ ” မိမိသည္သာ ကိုးကြယ္ရာ အားထားရာ။
မိမိရဲ႕ ကံ-(အလုပ္) အလုပ္မွန္သမွ်ဟာ မိမိကျပဳလုပ္တာ ျဖစ္တယ္။

“အက်ိဳး-ဝိပါက” အေနနဲ႔ ခံစားရၿပီဆိုေတာ့လည္း မိမိကသာ ဦးစြာခံစားရတာပါပဲ။ ဒီေတာ့ ဘုရားဆိုတာ မလိုေတာ့ဘူးလား ေမးစရာရွိပါတယ္။ သိပ္လိုတာေပါ့။

သင္ အခု ေကာင္းတဲ့ အလုပ္ မေကာင္းတဲ့အလုပ္ ထိုအလုပ္ေတြရဲ႕ ဆိုးက်ိဳး ေကာင္းက်ိဳး မွန္သမွ်ေတြကို သဘာဝယုတၱိ အာဂမယုတၱိအားျဖင့္တိတိက်က် ေဖာ္ျပေပးတာက ဘုရားပဲ။

လမ္းျပေပးတာက ဘုရားပါ။ သင္ဘယ္လမ္းကို ေ႐ြးမလဲဆိုတာ သင့္အေပၚမွာသာ မူတည္တာပါ။ ဒီသေဘာတရားကို သိရင္ ဘယ္ဘုရားသခင္ကမွ အေၾကာင္းမရွိဘဲ သက္သက္ ဖန္ဆင္းတာ မရွိပါ။

ဆိုလိုတာ ဘယ္ဘုရားကမွ ဖန္ဆင္းေပးတာမဟုတ္။ ဟုတ္တယ္လို႔ ထင္ေနတာဟာလည္း အယူအဆအလြဲသာ ျဖစ္ပါတယ္။ အေၾကာင္းရွိလို႔ အက်ိဳး ရွိလာတာ။ အဲဒါကို “ဝိပါက” လို႔ ေခၚပါတယ္။

ဝါလကင္းလြတ္သီတင္းကြၽတ္နဲ႔အတူ ခုႏွစ္ရက္သား သမီးအေပါင္း အႏၲရာယ္ရန္စြယ္အေပါင္းတို႔မွကင္းလြတ္ၾကပါေစ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

” ဝိပါက ” ဆိုတာ ဘာအဓိပါယ်လဲ… မသိသေးသူများ အတွက်
” ဝိပါက ” ဆိုတာ ဘာအဓိပါယ်လဲ ဘုရား”။ ” ဝိပါက” ဆိုတာ “အကျိုး” လို့ အဓိပ္ပါယ်ရပါတယ်။ တစ်စုံတစ်ခု ပြုလုပ်လိုက်ပြီဆိုရင် …. အဲဒီပြုလုပ်သူရဲ့ အပေါ်မှာပဲ ဖြစ်ဖြစ်.. ပြုလုပ်ခံရသူရဲ့ အပေါ်မှာပဲ ဖြစ်ဖြစ်…

သက်ရောက်လာတဲ့ အကျိုးတစ်ခုကို ဆိုလိုတာပါ။ ဆိုပါစို့… ဗုဒ္ဓဘာသာတွေရဲ့ ပါးစပ်ဖျားမှာ ပြောလေ့ရှိတာတစ်ခု ရှိတယ်… “ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးရမယ်”။

ဒီသဘောတရားကိုဝိပါက-လို့ ခေါ်ပါတယ်။ ဆန်ကို ကြိုချက်လိုက်ရင် ထမင်း ဖြစ်လာမယ်။ အသားဟင်းတို့ အသီးအရွက်ဟင်းတို့ ဖြစ်မလာဘူး။ အဲဒါကိုပဲ “ဝိပါက”လို့ ခေါ်ပါတယ်။

ဝိပါက-ဆိုတာ “ဝဋ်” မဟုတ်ပါဘူး။ ဒါပေမယ့် အကျိုးပေး သဘောတရားခြင်းတော့ တူညီတဲ့ အုပ်စုဖြစ်ပါတယ်။ ဆိုပါစို့… “ထမင်းစားကြမယ်။” ဆိုတာ ထမင်းရော ဟင်းရော စားကြမှာ ဖြစ်ပါတယ်။

ဝဋ်ဆိုတာက အကုသိုလ် အုပ်စုထဲမှာ ဖြစ်ပြီး… “ဝိပါက”ဆိုတာကတော့ ကောင်းကျိုးရော မကောင်းကျိုးရော ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် သက်ရောက်လာတဲ့ အကျိုးမှန်သမျှကို ” ဝိပါက” လို့ ခေါ်တာပါ။

ဒီတော့ လောကမှာ ဖြစ်ဖြစ်နေတဲ့ အကျိုးမှန်သမျှဟာ အကြောင်းအရာနဲ့ ကင်းတယ်ဆိုတာ မရှိပါဘူး။ ယုတ္တိအားဖြင့်လည်း လူ့လောကမှာ ထင်ရှားပါတယ်။ သူတောင်းစားက လာတောင်းလို့ ပိုက်ဆံပေးလိုက်ရင်တောင်…

၁။ လာတောင်းတဲ့အကြောင်းရယ်

၂။ ကိုယ်နဲ့သူနဲ့ ဆုံနေတဲ့အကြောင်းရယ်

၃။ ကိုယ့်မှာ ပေးစရာ ဝတ္ထုရှိနေခြင်းအကြောင်းရယ်ကြောင့်ပေးခြင်းအကျိုး ဖြစ်လာတာ။

သူတောင်းစားက လိုချင်တာကို ရလို့ ပျော်ခြင်းအကျိုး၊ ပေးလိုက်သူက ပေးလိုက်ရလို့ ပျော်ရွှင်ပီတိဖြစ်ရတဲ့အကျိုး။ အဲဒါတွေအားလုံးက အကြောင်းကြောင့် … အကျိုးဆက်တွေ ဖြစ်လာတာ။

ဘယ်ဘုရားသခင်ကမှ “နင်ပေးလိုက်ပါ နင်ပေးလိုက်ပါ” လို့ ခိုင်းစေချက်ကြောင့် ပေးရတာမဟုတ်ဘဲ ပေးဖို့ ဆုံးဖြတ်ဖြစ်တာရော ပေးတာရော အားလုံးက ကိုယ်သာ ဖြစ်ပါတယ်။

အဲဒီသေဘာတရားကိုပဲ ” အတ္တာ ဟိ အတ္တနော နာထော ” မိမိသည်သာ ကိုးကွယ်ရာ အားထားရာ။
မိမိရဲ့ ကံ-(အလုပ်) အလုပ်မှန်သမျှဟာ မိမိကပြုလုပ်တာ ဖြစ်တယ်။

“အကျိုး-ဝိပါက” အနေနဲ့ ခံစားရပြီဆိုတော့လည်း မိမိကသာ ဦးစွာခံစားရတာပါပဲ။ ဒီတော့ ဘုရားဆိုတာ မလိုတော့ဘူးလား မေးစရာရှိပါတယ်။ သိပ်လိုတာပေါ့။

သင် အခု ကောင်းတဲ့ အလုပ် မကောင်းတဲ့အလုပ် ထိုအလုပ်တွေရဲ့ ဆိုးကျိုး ကောင်းကျိုး မှန်သမျှတွေကို သဘာဝယုတ္တိ အာဂမယုတ္တိအားဖြင့်တိတိကျကျ ဖော်ပြပေးတာက ဘုရားပဲ။

လမ်းပြပေးတာက ဘုရားပါ။ သင်ဘယ်လမ်းကို ရွေးမလဲဆိုတာ သင့်အပေါ်မှာသာ မူတည်တာပါ။ ဒီသဘောတရားကို သိရင် ဘယ်ဘုရားသခင်ကမှ အကြောင်းမရှိဘဲ သက်သက် ဖန်ဆင်းတာ မရှိပါ။

ဆိုလိုတာ ဘယ်ဘုရားကမှ ဖန်ဆင်းပေးတာမဟုတ်။ ဟုတ်တယ်လို့ ထင်နေတာဟာလည်း အယူအဆအလွဲသာ ဖြစ်ပါတယ်။ အကြောင်းရှိလို့ အကျိုး ရှိလာတာ။ အဲဒါကို “ဝိပါက” လို့ ခေါ်ပါတယ်။

ဝါလကင်းလွတ်သီတင်းကျွတ်နဲ့အတူ ခုနှစ်ရက်သား သမီးအပေါင်း အန္တရာယ်ရန်စွယ်အပေါင်းတို့မှကင်းလွတ်ကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Leave a Comment