ရွှန်းလက်စိုပြေတဲ့ နှုတ်ခမ်းလေးကိုပိုင်ဆိုင်ဖို့ ထိရောက်တဲ့နည်းလမ်း (၇)မျိုး

ရွှန်းလက်စိုပြေတဲ့ နှုတ်ခမ်းလေးကိုပိုင်ဆိုင်ဖို့ ထိရောက်တဲ့နည်းလမ်း (၇)မျိုး

အပူချိန်ကျဆင်းပြီးအအေးဓာတ်လွန်ကဲတဲ့ ရာသီမှာ ရေသောက်သုံးမှုကလဲ ယခင်ကထက်နည်းပါလာတာကြောင့် ရေဓာတ်ခမ်းခြောက်ပြီး အင်ဇိုင်းဓာတ်တွေပျက်စီးဆုံးရှုံးကာ

 

နှုတ်ခမ်းကွဲခြင်း၊ နှုတ်ခမ်းအရေပြား ခန်းခြောက်ခြင်းတို့ကိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် စိုပြေချောမွေ့တဲ့ နှုတ်ခမ်းလေးကိုပိုင်ဆိုင်ဖို့အတွက် နည်းလမ်းကောင်းလေး တွေ မျှဝေပေးလိုက်ပါတယ်။

၁။ နှုတ်ခမ်း ခန်းခြောက်တဲ့အချိန်မှာ Matte နှုတ်ခမ်းနီဆိုးခြင်းကိုရှောင်ကြဉ်ပါ။

ခုလို နှုတ်ခမ်းကွဲခြင်း၊ နှုတ်ခမ်းအရေပြားခန်းခြောက်ခြင်း အချိန်မျိုးမှာ Matte နှုတ်ခမ်းနီဆိုးခြင်းကို ရှောင်ကြဉ်ပါ။ ထိုကဲ့သို့သောနှုတ်ခမ်းနီဆိုးခြင်းဟာ သင့်ရဲ့နှုတ်ခမ်းကို ပိုပြီးခန်းခြောက်ခြင်း၊ အက်ကွဲခြင်းကို ပိုဖြစ်ပေါ်စေနိုင်ပါတယ်။

 

၂။ နှုတ်ခမ်းကို ပွတ်တိုက်ပေးခြင်း။

အအေးဓာတ်လွန်ကဲတဲ့ဆောင်းရာသီအချိန်မျိုးမှာ သင့်ရဲ့နှုတ်ခမ်းကို အခြား ဓာတုချွတ်ဆေးများသုံးစွဲခြင်းထက် သဘာဝနည်းလမ်းနဲ့ကုသတာကပိုကောင်းပါတယ်။

နှုတ်ခမ်းအက်ကွဲခြင်း၊ အရေပြားခမ်းခြောက်ခြင်းဖြစ်ပေါ်တဲ့အခါ သကြားကို သံလွင်ဆီ သို့မဟုတ် အုန်းဆီတစ်ခုခုဖြင့် ရောနှောပြီး သင့်ရဲ့ နှုတ်ခြင်းကို အသာအယာပွတ်တိုက်ပေးပါ။

မိနစ်အနည်းငယ်ကြာတဲ့အခါမှ သင့်နှုတ်ခမ်းကို သန့်စင်အောင်ဆေးကြောပေးပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းက သင့်နှုတ်ခမ်းမှ ချေးများသန့်စင်ပေးပြီးနှုတ်ခမ်းသားကိုလည်းပိုပြီး စိုပြေစေပါတယ်။

၃။ အိပ်ယာမဝင်ခင် အဆီတစ်မျိုးမျိုးလိမ်းပါ။

ညဘက်မအိပ်ခင်အချိန်လေးမှာ သင့်ရဲ့နှုတ်ခမ်းပေါ်ကို နှုတ်ခမ်းနီအဆီ သို့မဟုတ် သံလွင်ဆီ၊ အုန်ဆီ တစ်ခုခုလိမ်းပြီးမှ အိပ်ယာဝင်ပါ။ ထိုကဲ့သို့ လိမ်းအိပ်ပေးခြင်းဖြင့်နှုတ်ခမ်းအရေပြားကိုစိုပြေစေပြီး အက်ကွဲရာများကိုလည်း အမြန်သက်သာစေပါတယ်။

 

 

 

၄။ ခန္ဓာကိုယ် အတွင်းအပြင်ရေဓာတ်ဖြည့်တင်းပေးပါ။

အခုလိုအေးတဲ့ရာသီမျိုးမှာ ရေသောက်သုံးမှုကလည်းလျော့နည်းလာတာကြောင့် ရေဓာတ်ခမ်းခြောက်တဲ့ ပြဿနာများကြုံတွေ့ရပါတယ်။

ဒါ့ကြောင့် သင့်အနေနဲ့ရေဓာတ်မခမ်းခြောက်အောင် အထူးဂရုစိုက်ပေးရပါမယ်။ ရေဓာတ်ခန်းခြောက်တဲ့အခါမှာ အသားအရေခြောက်သွေ့ရုံသာမက သင့်ရဲ့ နှုတ်ခမ်းအရေပြားကိုလည်းခြောက်သွေ့အက်ကွဲခြင်းများဖြစ်ပေါ်စေပါတယ်။

 

 

၅။ သခွားသီးကပ်ပေးခြင်း

သခွားသီးဟာ ရေဓာတ်ပြည့်ဝတဲ့အသီးတစ်မျိုးဖြစ်တာကြောင့် အလှအပများအတွက် အလွန်းအသုံးဝင်ပါတယ်။ မျက်လုံးအိမ်ဖောင်းခြင်းဖြစ်ပေါ်တဲ့အခါ

သခွားသီးကို ကပ်ပေးလျှင်သက်သာသလို သင့်ရဲ့ ခမ်းနှုတ်အရေပြားခမ်းခြောက်လျှင်လည်း သခွားသီးကို ၅-၁၀မိနစ်ခန့် ကပ်ထားပေးပါ။ သခွားသီးက သင့်ရေဓာတ်ခန်းခြောက်ခြင်းကို အလျင်မြန်ဆုံးပြန်လည်ဖြည့်တင်းပေးပါလိမ့်မယ်။

 

၆။ Lip Balm အသုံးပြုခြင်း

နှုတ်ခမ်းအက်ကွဲခြင်းကို ကာကွယ်စေဖို့အတွက် Lip Balm ကို လိမ်းပေးတာအကောင်းဆုံးပါ။ Lip Balm ဟာ နှုတ်ခမ်းမှပျက်စီးဆုံးရှုံးသွားတဲ့ အရေပြားလွှာကို ပြန်လည်ကောင်းမွန်စေဖို့ကူညီပေးတာကြောင့် ညအိပ်ယာမဝင္ခင် လိမ်းပေးသင့်ပြီး သင့်နှုတ်ခမ်းကို အချိန်တိုအတွက် ပြန်လည်စိုပြေစေမှာဖြစ်ပါတယ်။

 

၇။ အက်ဆစ်ဓာတ်များစွာပါဝင်သောအစားအစား၊ အစပ်အရသာရှိသော အစားအစားများကိုရှောင်ကြဉ်ပါ။

အက်ဆစ်ဓာတ်နှင့် အစပ်အရသာရှိတဲ့အစားအစာများဟာ သင့်နှုတ်ခမ်းကို ကာကွယ်ပေးတဲ့ အပေါ်ပိုင်းအရေပြားလွှာကို ပျက်စီးဆုံးရှုံးစေပါတယ်။ ဒါ့ကြောင့် ထိုကဲ့သို့သောအစားအစာများကို ရှောင်ကြဉ်သင့်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်

Leave a Comment