ပိုက်ဆံမစုမိခဲ့ပဲလောင်းကစားတွေပဲ လုပ်ခဲ့ မိလို့ နောင်တရနေတဲ့ လူကြမ်းသရုပ်ဆောင် ဦးကျောက်ဒိုး

ပိုက်ဆံမစုမိခဲ့ပဲလောင်းကစားတွေပဲ လုပ်ခဲ့ မိလို့ နောင်တရနေတဲ့ လူကြမ်းသရုပ်ဆောင် ဦးကျောက်ဒိုး

အလောင်းကစားတွေကြောင့် ပိုက်ဆံမစုမိခဲ့လို့ နောင်တရနေတဲ့ လူကြမ်းသရုပ်ဆောင် ဦးကျောက်ဒိုး

ဇာတ်ကားတစ်ကားကောင်းဖို့ဆိုတာ အနုပညာရှင်တွေအားလုံး ဘက်ပေါင်းစုံကနေ သရုပ်ဆောင်ကောင်းကောင်း၊ အိုက်တင်းကောင်းကောင်းတွေနဲ့ ပါဝင်အားဖြည့်မှသာ ကောင်းမွန်တဲ့ ဇာတ်ကားကောင်းတစ်ကောင်း ဖြစ်လာမှာပါ။

ဇာတ်ပို့သရုပ်ဆောင်တွေ၊လူကြမ်းသရုပ်ဆောင်တွေ ဆိုတာ အဓိက ဇာတ်ဆောင်တွေလောက် အနုပညာကြေးမရရှိကြပေမယ့် အနုပညာကိုချစ်လို့ ကြိုးစားလုပ်ကိုင်နေကြတဲ့သူတွေပါ။ ရရှိလာတဲ့ အနုပညာကြေးနည်းနည်းနဲ့ စားဝတ်နေရေးကို

ဖြေရှင်းပြီး ကျရာနေရာကနေ သရုပ်ဆောင်နေရရင် ပျော်ရွှင်နေကြတာလဲ ဖြစ်ပါတယ်။ ဒီလိုခက်ခဲတဲ့ကာလမှာတော့ စားဝတ်နေရေးကို အနုပညာကြေးနဲ့ ဖြေရှင်းနေရတဲ့ အနုပညာရှင်တွေ အရမ်းကိုဒုက္ခရောက်ကြရပါတယ်။ ဒီကနေ့မှာတော့

ရပ်ကွက်ဓမ္မာရုံမှာ ကပ်နေရတဲ့ ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီး ဦးကျောက်ဒိုး အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီး ဦးကျောက်ဒိုး ဟာ လက်ရှိမှာ အနုပညာသက်တမ်း ၄၇ ရှိပြီဖြစ်ပါတယ်။ အသက် ၂၁ နှစ်ထဲက

အနုပညာလောကထဲကို ၁၉၇၅ ခုနှစ်မှာ ဇာတ်မင်းသား ဦးစံတင်က ခေါ်ယူလို့ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဦးကျောက်ဒိုး ရဲ့အသက်ဟာ ၆၈ နှစ်ရှိပြီဖြစ်ပြီး တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ပါတယ်။ ရွှေပြည်သာမြို့နယ်ရှိ စိန်ပန်း စာကြည့်တိုက်ဓမ္မာရုံမှာနေရင်းနဲ့

ဝေယျာဝစ္စလုပ်ကိုင်ပေးပြီး နေထိုင်နေတာပဲ ဖြစ်ပါတယ်။ တစ်ယောက်ထဲဆိုတော့ ဘုရားရိပ်တရားရိပ်မှာနေရလို့ အေးချမ်းပါတယ်တဲ့။ အရင်က အစ်ကိုမိသားစုနဲနေတယ် ပြီးတော့ အပြင်မှာအိမ် ဌားနေတယ် လစာပေးရတော့ အဆင်မပြေတာနဲ့

ဓမ္မာရုံမှာနေလို့ရတယ်ပြောတော့ ဝိုင်းလုပ်ရင်း နေထိုင်နေတာပါ။ အရင်ကအိမ်ပိုင်နဲ့နေဖူးတယ် ၁၀ပေအိမ်လေး မိဘတွေနဲ့အတူနေခဲ့တာ နောက်တော့မရှိတော့ဖူး။ နောင်တစ်ချိန် အိမ်ပိုင်နဲ့နေရမယ်ဆိုရင် အေးအေးချမ်းချမ်းနေလို့ရမယ်အိမ်ဆိုတော်ပြီ၊

တိုက်ကြီးဖြစ်စရာမလိုဘူးဆိုပြီး စိတ်ကူးလေးတွေကို ပြောပြထားပါသေးတယ်။ အနုပညာလောကမှာ ဗီလိန်နေရာကနေစရိုက်လာတာ နောက်တော့ လူကြမ်းခန်းတွေရိုက်လာရင်း ၁၅နှစ်လောက်ကြာတော့ ဖိုက်တင်းမချချင်တော့တာနဲ့ အိုက်တင်ကျင့်၊

ဒိုင်ယာလော့ခ်တွေမှတ်ရင်း တဖြည်းဖြည်းနဲ့ ခြံစောင့်ခန်း၊ဒါရိုက်တာခန်းတို့ အိမ်ကြီးရဲ့လူယုံတော်ခန်းတို့ ဆိုပြီး ရိုက်ခွင့်ရလာတယ်။ ဒါကြောင့်လဲ ကျေးဇူးရှင်ဒါရိုက်တာတွေကို ကျေးဇူးတင်ပါတယ်။ အနုပညာကြေးကတော့ အရင်တုန်းက ၇၅ကျပ်ကနေ

အခုဆို အမြင့်ဆုံး ငါးသိန်း၊ခြောက်သိန်းလောက်ရဖူးတယ်။ တစ်ယောက်ထဲသမားဆိုတော့ ဒီအနုပညာကြေးနဲ့ ရပ်တည်လို့ရခဲ့တယ်။ ဒါပေမယ့် လောင်းကစား၊ဖဲကြောင့် အကုန်ကုန်ခဲ့တယ်၊မစုမိခဲ့ဖူး။ စာအုပ်ဆိုင်ပါရောင်းပြီးလုပ်ခဲ့တာ၊

ဒါကြောင့် လောင်းကစားဆိုတာ ကောင်းတဲအရာမဟုတ်ပါဖူး။ ပိုက်ဆံမစုမိခဲ့တာကို တွေးမိပြီးနောင်တရမိတယ်၊ပိုက်ဆံသာစုမိရင် အခုချိန်အခုလိုကာလမှာ အေးဆေးဖြစ်နေလောက်ပြီ။ ခါးတွေတော့နာတယ် ပွန်းတာပဲ့တာတွေရှိပေမယ့်

လူကြမ်းဖြစ်ရတာ(ကိုလူချော)ဖြစ်ရတာ ဝမ်းမနည်းဖူး ဂုဏ်ယူပါတယ်။ ရိုက်ခဲ့တဲ့ကားတွေတော့အရမ်းများတယ် ဒါပေမယ့် ဓာတ်ပုံရိုက်ရတာ ဝါသနာမပါတော့ ဘာမှမှတ်မှတ်ရရမရှိခဲ့ဖူး။mdatenews

mdatenews

Leave a Comment