သန်းကြွယ်သူဌေး ဖြစ်လာတဲ့အခါ မွေးရပ်မြေရွာက အိမ်တွေကို ဇိမ်ခံတိုက်ခန်းတွေအဖြစ် ပြောင်းလဲပေးခဲ့သူ

သန်းကြွယ်သူဌေး ဖြစ်လာတဲ့အခါ မွေးရပ်မြေရွာက အိမ်တွေကို ဇိမ်ခံတိုက်ခန်းတွေအဖြစ် ပြောင်းလဲပေးခဲ့သူ

လူတစ်ယောက်ဟာ သန်းကြွယ်သူဌေး တစ်ယောက် ဖြစ်သွားတဲ့အခါ သူ့ရဲ့မွေးရပ်မြေကိုတိုးတက်အောင် လုပ်ပေးတယ်ဆိုတဲ့အကြောင်းကို

ပုံပြင်တွေမှာ ဖတ်ဖူးခဲ့ပါလိမ့်မယ်။ တကယ့် လက်တွေ့ဘဝမှာလည်း အဲဒီလိုဖြစ်ရပ်တွေ တကယ်ရှိပါတယ်။

Xiong Shuihua ဆိုတဲ့ အမျိုးသားကို တရုတ်နိုင်ငံတောင်ပိုင်း Xinju မြို့၊ Xiongkeng ရွာမှာ မွေးဖွားခဲ့ပါတယ်။

အဲဒီရွာလေးကလူတွေက သူငယ်စဉ်က သူတို့မိဘတွေကို သေချာစောင့်ရှောက်ပေးပြီး ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ Shihua ဟာ စတီးစက်ရုံတည်ထောင်ပြီးသန်းကြွယ်သူဌေး ဖြစ်သွားပါတယ်။သူအောင်မြင်လာတဲ့အခါ

သူ့ရဲ့မွေးရပ်မြေကို ပြန်လည်ကျေးဇူးပြုဖို့ စိတ်ကူးရခဲ့ပါတယ်။

Shuihua က ရွာကိုပြန်ရောက်တဲ့အခါ ရွာက လူတွေ အားလုံးကို အိမ်ပိုင်ရအောင် ဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒါကြောင့် ရွာထဲက မိသားစုပေါင်း ၇၂ စုအတွက် ဇိမ်ခံတိုက်ခန်းပေါင်း ၇၂ ခန်း ဆောက်လုပ်ပေးခဲ့ပါတယ်။

သူငယ်စဉ်ကတည်းက သူတို့မိသားစုကိုအရမ်းကြင်နာဂရုစိုက်ခဲ့တဲ့မိသားစု ၁၈စုအတွက် villaတွေ ဆောက်လုပ်ပေးခဲ့ပါတယ်။

Projectအတွက် စုစုပေါင်းကုန်ကျငွေက ဒေါ်လာ ၅ သန်းပါ။

မိသားစုတွေ ပြောင်းရွှေ့ နေထိုင်ကြတဲ့အခါ အသက်ကြီးတဲ့ အဘိုးအဘွားတွေအတွက်နဲ့ ဝင်ငွေနည်းတဲ့သူတွေအတွက်

တစ်နေ့ကို သုံးခါ ထမင်းကျွေးမယ် လို့လည်း ကတိပေးခဲ့ ပါသေးတယ်။

” အရမ်းကြင်နာတတ်တဲ့ သူ့မိဘတွေကို ကျွန်တော် မှတ်မိနေသေးတယ်။ သူ့မိဘတွေက တခြားသူတွေ အပေါ်မှာလည်း စိတ်ကောင်းရှိတယ်။

ကြင်နာတတ်တဲ့ သူတို့ရဲ့အမွေကို သူ့သားက ဆက်ခံရရှိခဲ့တာပါ” လို့ အသက် ၇၅ နှစ်အရွယ် အဘိုး Qiong Chu က ပြောပါတယ်။

” ကျွန်တော်လုပ်ချင်တာတွေ လုပ်ရဖို့ ငွေတွေ အများကြီး ရှာနိုင်ခဲ့တယ်။ ကျွန်တော်ကြီးပြင်းခဲ့တဲ့ အောက်ခြေဘဝကို မမေ့ပါဘူး။

ကျွန်တော့် မိဘတွေအပေါ် ကူညီခဲ့တာတွေအပေါ် ကျွန်တော်က ပြန်ပြီးကျေးဇူးပြု ချင်တာပါ” လို့ Shihua က ပြောပါတယ်။

ဒီအကြောင်းလေးကတော့ ကြားရသူတွေအဖို့ အရမ်းကို စိမ်ချမ်းသာသွားစေပါတယ်။

Zombie (lovemedia)

for zawgyi

သန်းကြွယ်သူဌေး ဖြစ်လာတဲ့အခါ မွေးရပ်မြေရွာက အိမ်တွေကို ဇိမ်ခံတိုက်ခန်းတွေအဖြစ် ပြောင်းလဲပေးခဲ့သူ

လူတစ်ယောက်ဟာ သန်းကြွယ်သူဌေး တစ်ယောက် ဖြစ်သွားတဲ့အခါ သူ့ရဲ့မွေးရပ်မြေကို တိုးတက်အောင် လုပ်ပေးတယ် ဆိုတဲ့အကြောင်းကို ပုံပြင်တွေမှာ ဖတ်ဖူးခဲ့ပါလိမ့်မယ်။ တကယ့် လက်တွေ့ဘဝမှာလည်း အဲဒီလိုဖြစ်ရပ်တွေ တကယ်ရှိပါတယ်။

Xiong Shuihua ဆိုတဲ့ အမျိုးသားကို တရုတ်နိုင်ငံတောင်ပိုင်း Xinju မြို့၊ Xiongkeng ရွာမှာ မွေးဖွားခဲ့ပါတယ်။ အဲဒီရွာလေးက လူတွေက သူငယ်စဉ်က သူတို့မိဘတွေကို သေချာစောင့်ရှောက်ပေးပြီး ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ Shihua ဟာ စတီးစက်ရုံ တည်ထောင်ပြီး သန်းကြွယ်သူဌေး ဖြစ်သွားပါတယ်။ သူအောင်မြင်လာတဲ့အခါသူ့ရဲ့မွေးရပ်မြေကို ပြန်လည်ကျေးဇူးပြုဖို့ စိတ်ကူးရခဲ့ပါတယ်။

Shuihua က ရွာကိုပြန်ရောက်တဲ့အခါ ရွာက လူတွေ အားလုံးကို အိမ်ပိုင်ရအောင် ဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် ရွာထဲက မိသားစုပေါင်း ၇၂ စုအတွက် ဇိမ်ခံတိုက်ခန်းပေါင်း ၇၂ ခန်း ဆောက်လုပ်ပေးခဲ့ပါတယ်။

သူငယ်စဉ်ကတည်းက သူတို့မိသားစုကို အရမ်းကြင်နာ ဂရုစိုက်ခဲ့တဲ့ မိသားစု ၁၈စုအတွက် villa တွေ ဆောက်လုပ်ပေးခဲ့ပါတယ်။ Project အတွက် စုစုပေါင်းကုန်ကျငွေက ဒေါ်လာ ၅ သန်းပါ။

မိသားစုတွေ ပြောင်းရွှေ့ နေထိုင်ကြတဲ့အခါ အသက်ကြီးတဲ့ အဘိုးအဘွားတွေအတွက်နဲ့ ဝင်ငွေနည်းတဲ့သူတွေအတွက် တစ်နေ့ကိုသုံးခါထမင်းကျွေးမယ် လို့လည်း ကတိပေးခဲ့ ပါသေးတယ်။

” အရမ်းကြင်နာတတ်တဲ့ သူ့မိဘတွေကို ကျွန်တော် မှတ်မိနေသေးတယ်။ သူ့မိဘတွေက တခြားသူတွေ အပေါ်မှာလည်းစိတ်ကောင်းရှိတယ်။ ကြင်နာတတ်တဲ့သူတို့ရဲ့အမွေကို သူ့သားက ဆက်ခံရရှိခဲ့တာပါ” လို့ အသက် ၇၅ နှစ်အရွယ် အဘိုး Qiong Chu က ပြောပါတယ်။

 

” ကျွန်တော်လုပ်ချင်တာတွေ လုပ်ရဖို့ ငွေတွေ အများကြီးရှာနိုင်ခဲ့တယ်။ ကျွန်တော်ကြီးပြင်းခဲ့တဲ့ အောက်ခြေဘဝကိုမမေ့ပါဘူး။ ကျွန်တော့် မိဘတွေအပေါ် ကူညီခဲ့တာတွေအပေါ် ကျွန်တော်က ပြန်ပြီးကျေးဇူးပြု ချင်တာပါ” လို့ Shihua က ပြောပါတယ်။

ဒီအကြောင်းလေးကတော့ ကြားရသူတွေအဖို့ အရမ်းကို စိမ်ချမ်းသာသွားစေပါတယ်။

crd Zombie (lovemedia)

Leave a Comment