အံ့သြစရာကောင်းတဲ့ သတို့သား(၇၈)နှစ်နှင့် သတို့သမီး(၆၈)တို့၏ လက်ထပ်မင်္ဂလာပွဲ

အံ့သြစရာကောင်းတဲ့ သတို့သား(၇၈)နှစ်နှင့် သတို့သမီး(၆၈)တို့၏ လက်ထပ်မင်္ဂလာပွဲ

လူတစ်ယောက်ကိုချစ်မိသွားတဲ့အခါ ဆန်းကြယ်သလို အသက်အရွယ် ရုပ်ရည် ဂုဏ်ငွေပကာသနတွေကို

မစဉ်းစားမိတော့ပဲ ဘယ်လိုအခြေအနေပဲ ရောက်နေပါစေ အတူတူနီးစပ်ဖို့ကိုသာ ကြိုးစားမြဲဖြစ်သည်။

သို့ဖြစ်၍ ထိုင်းနိုင်ငံ ဘူရီရမ်ပြည်နယ်တွင် ကျင်းပပြုလုပ်လိုက်သော မင်္ဂလာပွဲလေးသည် ကျေးလက်ဒေသအလေ့

ပကာသနတစ်ခုမှမပါပဲ ရိုးရှင်းဆုံးနဲ့ ကြည်နူးဖွယ်ကောင်းသည့် မင်္ဂလာပွဲလေးအဖြစ် ရေပန်းစားနေခဲ့သည်။

မင်္ဂလာပွဲ၌ သတို့သား သတို့သမီးသည် အသက်ငယ်ငယ်နဲ့မဟုတ်ပဲ သတို့သားကအသက် ၇၈နှစ်အရွယ်နဲ့

သတို့သမီးက အသက်၆၈နှစ်အရွယ်တွေဖြစ်ကြပြီး နှစ်ယောက်လုံးက ၃၆နှစ်ကြာသည်ထိကို

အကောင်းဆုံး သူငယ်ချင်းတွေဖြစ်ခဲ့ကြသူများလည်းဖြစ်သည်။

သူတို့နှစ်ဦးကသည် အိမ်ထောင်ကိုယ်စီရှိပြီးသားနဲ့ သားသမီးတွေလည်းရှိခဲ့

ကြရာ အိမ်ထောင်ရေးကကံမကောင်းပဲ ခင်ပွန်း၊ဇနီးမရှိကြတော့သည့်

မုဆိုးဖိုနဲ့ မုဆိုးမတွေဖြစ်ကြရာ ဘဝအခြေအနေချင်းတူရာကနေ

တစ်ယောက်နဲ့တစ်ယောက်က ရင်ဖွင့်ခဲ့ကြရင်း သူငယ်ချင်းတွေဖြစ်ခဲ့ကြသည်။

နောက်ဆုံးမှာတော့ နှစ်ယောက်လုံးက အထီးကျန်ခြင်းတွေကင်းဝေအောင် သားသမီးတွေနဲ့ ဆွေမျိုးများ

တစ်ရပ်ကွက်လုံးကလည်း အတူလက်တွဲသွားရန် သဘောတူနေတာကြောင့် မင်္ဂလာပွဲလေးကို ပြုလုပ်ခဲ့ကြသည်။

credit to orginal

Leave a Comment