မေးခွန်း – သင့်အိမ်သာကို သန့်ရှင်းရေးလုပ်ခဲ့တဲ့ နောက်ဆုံးအချိန်က ဘယ်တုန်းကဖြစ်ပါသလဲ? တစ်ပတ်တစ်ခါ သန့်ရှင်းရေးပြုလုပ်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အချို့အိမ်သာပိုင်ရှင်တွေက အိမ်သာကို မကြာမကြာ သန့်ရှင်းရေးမပြုလုပ်ကြပါဘူး။
အိမ်သာသန့်ရှင်းရေးက လန့်စရာကောင်းတဲ့အလုပ်တစ်ခုလိုမျိုး ထင်ကောင်းထင်နိုင်သော်လည်း တကယ်တမ်းကျ အတော်လေးရိုးရှင်းပါတယ်။ သင့်အနေနဲ့ အိမ်သာဆေးကြောသန့်စင်တဲ့အခါ ဘာတွေကိုလုပ်ပြီး ဘာတွေကို မလုပ်ရဘူးလဲဆိုတာကို သေချာမသိဘူးဆိုရင် အောက်ပါအကြံပြုချက်အချို့ကို ဖတ်ရှုလိုက်ပါနော်။
အိမ်သာအား အပတ်စဉ် ဆေးကြောသန့်စင်ပါ
သင့်အိမ်တွင် ဘုံအားဖြင့် အသုံးအများဆုံးနေရာဖြစ်တဲ့ အိမ်သာကို သီတင်းပတ်တစ်ပတ်လျှင် အနည်းဆုံးတစ်ကြိမ်တော့ ဆေးကြောသင့်ပါတယ်။ ဒီလိုအကြံပြုရတဲ့အကြောင်းရင်းကတော့ အိမ်သာဟာ သိပ်ကိုမြန်မြန်ဆန်ဆန်ကိုပဲ ညစ်ပတ်တတ်တာကြောင့်ဖြစ်ပါတယ်၊
အထူးသဖြင့် ဧည့်သည်အလာများတဲ့အိမ်ဆို ပိုဆိုးပါတယ်။ သင်က သင့်အိမ်က အိမ်သာကို ယေဘုယျအားဖြင့် တစ်ပတ်တစ်ကြိမ်နှုန်းနဲ့ သန့်ရှင်းရေးလုပ်တယ်ဆိုရင် ဆိုးရွားနံဟောင်တဲ့ အနံ့အသက်တွေနဲ့ အိမ်သာမှာ အညစ်အကြေးတွေတွယ်ကပ်နေခြင်းတို့ မဖြစ်ပေါ်လာအောင် တားဆီးပေးမှာဖြစ်ပါတယ်။
အိမ်သာအား အလေးမထား၊ လျစ်လျူရှုခြင်း
အထက်မှာပြောခဲ့သလိုပါပဲ အချို့အိမ်ပိုင်ရှင်တွေဟာ အိမ်သာသန့်ရှင်းရေးကို အရေးမစိုက်ဘဲ နေကြပါလိမ့်မယ်။ အကယ်၍ သင့်အနေနဲ့ အိမ်သာသန့်ရှင်းစင်ကြယ်ရေးကို ပစ်ပယ်ထားတယ်ဆိုရင် အန္တရာယ်ရှိတဲ့ ဗက်တီးရီးယားတွေ စုပြုံခြင်းကဲ့သို့
သိသာထင်ရှားတဲ့ပြဿနာတွေ တစ်သီတစ်သန်းကြီး ဖြစ်ပေါ်စေပါလိမ့်မယ်။ ဒါ့အပြင် သန့်ရှင်းရေးမလုပ်တာ သိပ်ကိုကြာနေပြီဆိုရင် သင့်အိမ်သာရဲ့ အချို့နေရာတွေမှာ မှိုပေါက်ပွားခြင်းကိုတောင် အားပေးရာကျနိုင်ပါတယ်။
အိမ်သာအား တိုက်ချွတ်ပွတ်တိုက်ဆေးကြောပါ
မကြာခဏဆိုသလို ကျွန်ုပ်တို့တွေဟာ အိမ်သာဆေးရည်ကို အိမ်သာမှာ ဖျန်းပက်လောင်းထည့်ပြီး ဒီအတိုင်းထားထားတတ်ကြပါတယ်။ ဒီအတိုင်း အချိန်တစ်ခုကြာထားထားလိုက်ရုံနဲ့ အိမ်သာသန့်ရှင်းပိုးသတ်ရေး အလွယ်တကူပြီးစီးသွားလိမ့်မယ်လို့ ထင်ကြလို့ပါပဲ။ ဒါပေမဲ့ တကယ်တမ်းကျ ဒီလောက်နဲ့ မလုံလောက်ပါဘူး။
သင့်အနေနဲ့ အိမ်သာကို အိမ်သာဆေးရည် ဖျန်းပက်လောင်းထည့်ပြီးနောက် တစ်ခဏကြာ နှပ်ထားကာ အိမ်သာခွက်နဲ့ အိမ်သာမျက်နှာပြင်အနှံ့ကို သက်ဆိုင်ရာအိမ်သာသုံးဘရပ်ရှ်တွေသင့်လျော်သလိုသုံးပြီး ပွတ်တိုက်ဆေးကြောပါ။ ဒီလိုမှသာ သင့်အိမ်သာကို သန့်စင်စေရုံတင်မက အညစ်အကြေးတွေ တွယ်ကပ်ခြင်းမဖြစ်အောင်လည်း တားဆီးပေးပါလိမ့်မယ်။
အိမ်သာရေကန်ထဲ ထည့်သုံးရသော အပြာရောင်ဆေးပြား အသုံးပြုခြင်း
အိမ်သာရေကို အပြာရောင်ပြောင်းသွားစေတဲ့ ဆေးပြားကို သိပါသလား? အဲဒီဆေးပြားတွေက သင့်အိမ်သာခွက်ကို သန့်ရှင်းစေတယ်လို့ ကြော်ငြာကောင်းကြော်ငြာနိုင်ပါတယ်။
ဒါပေမဲ့ တကယ်တော့ အဲဒီဆေးပြားပျော်ဝင်နေတဲ့ အိမ်သာရေဟာ အိမ်သာကို အက်ဆစ်စားသကဲ့သို့ ပျက်စီယိုယွင်းစေပါတယ်။ ဒီဓာတုဆေးပြားတွေဟာ သင့်အိမ်သာရေကန်အတွက် အန္တရာယ်ရှိပြီး လက်ကိုင်လိုမျိုး အဓိကကျတဲ့အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်ပါတယ်။
Credit: iMyanmarHouse.com
Zawgyi ဖြင့်ဖတ်ပါ
Credit: iMyanmarHouse.com