သင်သတိမထားမိတဲ့ သန့်ရှင်းရေးလုပ်နည်းအမှားများ
သန့်ရှင်းသွားအောင် သန့်ရှင်းရေးလုပ်နေကြပေမယ့် လူတိုင်းသတိမထားမိတဲ့ အမှားသေးသေးလေးတွေရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်သလောက် အရာမထင်တာကို တွေကြုံဖူးမှာပါ။
နေသာတဲ့နေ့တွေမှာ ပြတင်းပေါက်မှန်ကို သုတ်ခြင်း
သင့်အိမ်က ပြတင်းပေါက်မှန်ကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် တိမ်ထူတဲ့နေ့တွေမှာ လုပ်သင့်ပါတယ်။ နေပူတဲ့အခါ မြန်မြန်နဲ့ခြောက်သွေ့သွားပြီး အစင်းကြောင်းတွေ ပေါ်လာတတ်ပါတယ်။
ညစ်ပေနေတဲ့ အရာတွေကို သုံးခြင်း
သင့်အိမ်ကို ညစ်ပတ်တဲ့ ကိရိယာတွေနဲ့ သန့်ရှင်းရေးလုပ်ရင် ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။ အဟောင်းအစုတ်တွေ၊ ရေမြှုပ်တွေ၊ တံမြက်စည်နှေင့် အခြားကိရိယာတွေက ဟောင်းနွမ်းပြီးညစ်ပတ်နေရင် ဖုန်မှုန့်တွေပြောင်သွားတာကလွဲပြီး တခြားပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
သန့်ရှင်းရေး စလုပ်တဲ့နေရာက မှားခြင်း
အခန်းကို သန့်ရှင်းရေးလုပ်ရင် နေရာရွေးချယ်တာမှားတဲ့အခါ အချိန်ပိုကြာနိုင်ပါတယ်။ အခန်းရဲ့ အပေါ်ကနေ စလုပ်ပါ။ ဘာကြောင့်လဲဆိုတော့ ပရိဘောဂတွေကို သန့်ရှင်းရေးလုပ်လို့ ဖုန်တွေကျလာတယ်ဆိုရင် ကြမ်းပြင်ကို နောက်တစ်ခါ ထပ်တိုက်နေရပါလိမ့်မယ်။
ရေပိုက်တွေ ပိတ်ဆို့နေချိန် ဒါမှမဟုတ် အနံ့ဆိုးထွက်တဲ့အခါမှသာ သန့်ရှင်းရေးလုပ်ခြင်း
ရေပိုက်တွေထဲမှာ အစာကျန်တွေ၊ အညစ်အကြေးတွေနှင့် ဖုန်မှုန့်တွေ ကပ်ငြိနေနိုင်ပါတယ်။ ဒီလိုမျိုးမဖြစ်စေဖို့အတွက် ပိုက်တွေကို ပုံမှန်သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ ရေအနည်းငယ်ကို ကျိုလိုက်ပါ။
ပန်းကန်ဆေးဆပ်ပြာလောင်းထည့်ပြီး အဆီပျော်စေဖို့ ရေနွေးထည့်ပါ။ ပြီးရင် ပိုက်ထဲကို မုန့်ဖုတ်ဆိုဒါတစ်ခွက် လောင်းပြီး ရှာလကာရည် ၁ ခွက်ထည့်ပါ။ ခဏလောက်စောင့်ပြီးတော့ ပိုက်ထဲကို ရေနွေးလောင်းထည့်ပါ။
ဖုန်စုပ်ပြီးမှ တံမြက်စည်း လှည်းပါ။
တံမြက်စည်းလှည်းတာက အိမ်ကအမှိုက်တွေ အကုန်ပြောင်ပေမယ့်လည်း ဖုန်စုပ်ပြီးမှ လုပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ တံမြက်စည်းနဲ့ သန့်ရှင်းရေးလုပ်တဲ့အခါ အခန်းတစ်ခုလုံးကို ဖုန်တွေပြန့်သွားနိုင်စေပါတယ်။ ဖုန်မှုန့်တွေကို ဖယ်ဖို့ ဖုန်စုပ်စက်ကို အရင်သုံးပါ။ ပြီးမှ တံမြက်စည်းလှည်းပါ။
ရေချိုးခန်းနဲ့ အိမ်သာဆေးတဲ့အခါ လက်အိတ်တွေ မသုံးခြင်း
မှိုသတ်ဆေးနဲ့ အိမ်သာသန့်စင်ဆေးအများစုမှာ အရေပြားနှင့် မျက်လုံးကို ယားယံစေတဲ့ ဓာတုပစ္စည်းတွေပါပါတယ်။ ဘေးကင်းစေဖို့အတွက် အခန်းကို လေဝင်လေထွက်ကောင်းအောင်လုပ်ပြီး ရာဘာလက်အိတ်တွေ ဝတ်ဆင်ပါ။ အရေပြားပေါ် တခုခုပေသွားရင် ရေအေးနဲ့ ချက်ချင်းဆေးကြောပါ။
ကော်ဇောတွေအတွက် အထူးပြုလုပ်ထားတဲ့ ဆပ်ပြာအစား ပုံမှန်ဆပ်ပြာကို သုံးခြင်း
ကော်ဇောတွေအတွက် အထူးပြုလုပ်ထားတဲ့ ဆပ်ပြာတွေရဲ့ အဓိကအားသာချက်တစ်ခုက အမြှုပ်သိပ်မထွက်ပါဘူး။ ဒါကြောင့် ကော်ဇောက အစွန်းအထင်းတွေကို ထိရောက်စွာ သန့်စင်ပေးရုံသာမက ဖယ်ရှားဖို့လည်း လွယ်ကူပါတယ်။ ပုံမှန်ဆပ်ပြာတွေက အမြှုပ်အရမ်းထွက်ပြီး ကော်ဇောမျက်နှာပြင်ကနေ ဖယ်ရှားဖို့ ခက်ခဲပါတယ်။
အိမ်သာကို သန့်ရှင်းရေးလုပ်ဖို့ အရောင်ချွတ်ဆေးကို အသုံးပြုခြင်း
အိမ်သာခွက်တွေအတွက် သန့်စင်ဆေးရွေးချယ်တဲ့နေရာမှာ သတိထားပါ။ အရောင်ချွတ်ဆေးပါတဲ့ဆေးက သတ္တုကို ထိခိုက်စေနိုင်ပါတယ်။
မီးဖိုတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ပြတင်းပေါက်သန့်စင်ဆေးတွေအသုံးပြုခြင်း
ဖန်နဲ့လုပ်ထားတဲ့ မီးဖိုကို သန့်ရှင်းရေးလုပ်တဲ့အခါ လူအများစုက ပြတင်းပေါက်သန့်စင်ဆေးတွေကို သုံးတတ်ကြပါတယ်။ သန့်စင်ဆေးအများစုမှာ အမိုးနီးယားပါဝင်ပြီး မျက်နှာပြင်ပေါ်မှာ အစွန်းအထင်းတွေ ကျန်ခဲ့နိုင်ပါတယ်။ ဒါကြောင့် သန့်စင်ဆေးအစား ရှာလကာရည်ကို သုံးပါ။
ပန်းကန်ဆေးတဲ့အခါ တခြားအရာတွေ မသုံးပါနဲ့၊
ပန်းကန်ဆေးရင် တခြားအဝတ်တွေမသုံးပဲ ပန်းကန်ဆေးဖတ်ကိုပဲ သုံးသင့်ပါတယ်။ အစွန်းအထင်းတွေကို ဖယ်ရှားပေးနိုင်သလို ကြွေတွေကိုလည်း မကွာစေပါဘူး။
Credit – Zombie (lovemedia)