အသက်အရွယ်ကြီးသွားတဲ့အထိတောင် နုပျိုလှပခြင်းကိုထိန်းထားနိုင်ဖို့အတွက် လျှို့ဝှက်ချက် (၁၀)ခု
အသက်ကြီးသွားတဲ့အထိ နုပျိုလှပနေဖို့က အမျိုးသမီးတိုင်းရဲ့ဆန္ဒပါ။ အမြဲနုပျိုလှပနေဖို့အတွက် နည်းလမ်းတွေက မခက်ခဲပါဘူး။ အဲဒါကြောင့် ကိုရီးယားမင်းသမီးတွေ အသက်ကြီးတဲ့အထိ နုပျိုလှပနေအောင် အမြဲလုပ်လေ့ရှိတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့နေထိုင်မှုပုံစံ
အသားအရေလှပဖို့ ကျန်းမာရေးက အရေးပါပါတယ်။ ကိုရီးယားအစားအစာအများစုက ဆီနည်းပြီး အမျှင်ဓာတ်များတဲ့ အစားအစာတွေပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုဖြစ်ဖို့
အသီးအရွက်၊ ပရိုတိန်း၊ အသီးအနှံတွေကို များများစားပါ။ ကာဗိုဟိုက်ဒရိတ်တွေကို လျှော့စားပြီး ရေများများသောက်ပါ။ စိတ်ဖိစီးမှုကင်းဝေးအောင် နေထိုင်ဖို့နဲ့ အိပ်ရေးဝဝအိပ်ဖို့လည်း လိုအပ်ပါတယ်။
၂။ ဆန်ဆေးရည်
ဆန်ဆေးရည်က အရေပြားကျန်းမာရေးအတွက် အများကြီးအကျိုးရှိစေပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်တာက မျက်နှာက အရေးအကြောင်းတွေကို ကာကွယ်ပေးပါတယ်။ နေရောင်ခြည်နဲ့ အသားအရေထိခိုက်တာကိုလည်း ဆန်ဆေးရည်က ပြုပြင်ပေးပါတယ်။
၃။ မျက်နှာအတွက် brush
မျက်နှာကို နူးညံ့တဲ့ brush အခြောက်နဲ့ ပွတ်တိုက်တာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာအရေပြားရဲ့ သွေးလည်ပတ်မှုလည်း တိုးတက်လာစေပါတယ်။ မျက်နှာပေါ်က အရေးအကြောင်းတွေလည်း လျှော့ချပေးပါတယ်။ ဒါပေမယ့် brush နဲ့ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်လို့တော့ မဖြစ်ပါဘူး။
၄။ ဆန်နဲ့ ပျားရည် scrub
အာရှသူတွေက အလှအပအတွက် ဆန်ကို တော်တော်များများ အသုံးပြုကြပါတယ်။ မျက်နှာက ကြေးတွေ ကျွတ်ပြီး တင်းတင်းပြောင်ပြောင်လေး လှဖို့ဆိုရင် အိမ်မှာတင် scrub ပြုလုပ်လို့ရပါတယ်။
ဆန်မှုန့်တစ်ခွက်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်း၂ ဇွန်းခန့်ကို ရောမွှေပေးပါ။ အဲဒီနောက်မျက်မှာမှာ ပွတ်တိုက်ပေးရုံပါပဲ။ မွဲခြောက်နေတဲ့အသားအရေကို ဆန်နဲ့ ပျားရည် scrub က စိုပြေလာစေပါတယ်။
၅။ Sunscreen
အသားအရေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် sunscreen ကို မဖြစ်မနေလိမ်းပေးဖို့ လိုအပ်ပါတယ်။ မိုးအုံ့တဲ့နေ့တွေမှာတောင် sunscreen လိမ်းသင့်ပါတယ်။ Sunscreen လိမ်းတာကြောင့် အမည်းစက်နဲ့ အရေးအကြောင်းတွေကို ကာကွယ်ပြီး ဖြစ်စေပါတယ်။
၆။ ဒိန်ချဉ် mask
ဒိန်ချဉ်ထဲကို ပျားရည်၊ နနွင်း၊ ရှားစောင်းလက်ပတ်တို့ကို ထည့်မွှေပါ။ အဲဒီနောက် မျက်နှာမှာလိမ်းပေးပြီး ၁၅ မိနစ်ကြာ ထားပါ။ ၁၅ မိနစ်လောက်ထားပြီးမှာ မျက်နှာသစ်ပါ။ ဒိန်ချဉ် mask က အသားအရေကို ရေဓာတ်ဖြည့်ပေးတဲ့အပြင် ဝင်းလက်မှုကိုပါ အပိုပေးပါသေးတယ်။
၇။ Mask ကပ်ခြင်း
ကိုရီးယားအမျိုးသမီးတွေက အသားအရေလှဖို့ Mask ကို ပုံမှန်ကပ်ပေးကြပါတယ်။ မိမိရဲ့အသားအရေပေါ်မူတည်ပြီး mask အမျိုးအစားကို ရွေးချယ်လို့ရပါတယ်။ ဥပမာအားဖြင့် အရေးအကြောင်းတွေကို ကာကွယ်ဖို့ဆိုရင် ဗီတာမင် C,E ,resveratrol, ferulic acid တို့ပါဝင်တဲ့ Mask ကို ရွေးချယ်သင့်ပါတယ်။
၈။ Serum
အသားအရေထိန်းသိမ်းတဲ့အခါ Serum က မဖြစ်မနေပါသင့်ပါတယ်။ Serum က အသားအရေထိခိုက်လွယ်သူတွေအတွက်လည်း သင့်တော်ပါတယ်။ မျက်နှာက အရေးအကြောင်းတွေကိုလည်း လျော့ပါးစေပါတယ်။ လိမ်းပြီးသွားတဲ့အခါမှာလည်း မျက်နှာမှာ ဆီပေနေသလို စေးကပ်ကပ်လည်း မဖြစ်ပါဘူး။
၉။ အပင်တွေက ထွက်တဲ့အဆီ
အုန်းဆီ၊ သံလွင်ဆီ စတဲ့ အဆီတွေကိုလည်း မျက်နှာမှာ လိမ်းပေးလို့ ရပါတယ်။ ဒီလိုသဘာဝအဆီတွေမှာ ဓာတုဆေးဝါးတွေ မပါပါဘူး။ မျက်နှာကိုလည်း ရေဓာတ်ဖြည့်ပေးပါတယ်။
ဒါပေမယ့် အချို့ဓာတ်မတည့်သူတွေအတွက် မသုံးသင့်ပါဘူး။ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုမရှိတဲ့အချိန်တွေမှာ သဘာဝအဆီတွေကို လိမ်းပေးလို့ရပါတယ်။
၁၀။ Jade roller
Jade roller ဆိုတဲ့ပစ္စည်းလေးက သေးငယ်ပေမယ့် အသားအရေအတွက်အရမ်းကို အကျိုးရှိပါတယ်။ တရုတ်နိုင်ငံမှာ Jade roller ကို Qing မင်းဆက်ကတည်းက တီထွင်ခဲ့ကြတာပါ။
Jade roller နဲ့ မျက်နှာကို ပွတ်တိုက်ပေးရင် မျက်နှာရဲ့သွေးလည်ပတ်မှုတွေ ကောင်းလာပါတယ်။ မျက်နှာဖောရောင်တာ သက်သာသွားပြီး အေးမြတဲ့ခံစားမှုကို ရရှိစေပါတယ်။
Bonus
The World of the Married ဇာတ်လမ်းတွဲထဲက မင်းသမီး Kim Hee Ae က အသက် ၅၂ နှစ်ရှိနေပြီဖြစ်ပေမယ့် နုပျိုနေရတဲ့ သူ့ရဲ့လျှို့ဝှက်ချက်တွေကို အင်တာဗျူးတွေမှာ ပြောပြလေ့ရှိပါတယ်။ Kim Hee Ae က အိပ်ရေးဝဝအိပ်ပြီး နေပူဒဏ်ကို ရှောင်ကြောင်း၊ မနက်ခင်းမှာ လတ်ဆတ်တဲ့အသီးကိုသာ စားသုံးကြောင်း ဝေမျှထားပါတယ်။
Credit – Zombie (lovemedia)