အမြဲတမ်းလက်ပါရိုက်နှက်တတ်တဲ့အိမ် ထောင်ရေးကို ရှေ့ဆက်ဖို့ ပြောလာတဲ့ မိခင်ကို သူမမှာနှလုံးရောဂါပင် ရနေပြီဖြစ်ကြောင်း နားချပြောပြလိုက်တဲ့ ခင်ရတနာစိုး…

အမြဲတမ်းလက်ပါရိုက်နှက်တတ်တဲ့အိမ် ထောင်ရေးကို ရှေ့ဆက်ဖို့ ပြောလာတဲ့ မိခင်ကို သူမမှာနှလုံးရောဂါပင် ရနေပြီဖြစ်ကြောင်း နားချပြောပြလိုက်တဲ့ ခင်ရတနာစိုး…


အမြဲတမ်းလက်ပါရိုက်နှက်တတ်တဲ့အိမ် ထောင်ရေးကို ရှေ့ဆက်ဖို့ ပြောလာတဲ့ မိခင်ကို သူမမှာနှလုံးရောဂါပင် ရနေပြီဖြစ်ကြောင်း နားချပြောပြလိုက်တဲ့ ခင်ရတနာစိုး…

The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ လူသိများလာခဲ့တဲ့ ခင်ရတနာစိုးဟာ ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ကတည်းက အိမ်ထောင်ရှိသူအဖြစ် ပရိ သတ်ကိုချပြထားသူဖြစ်ပါတယ်။ ဒါပေမယ့်လ ည်း ခင်ရတနာစိုးရဲ့ အိမ်ထောင်ရေးဟာ နောက် ကွယ်မှာတော့ အဆင်မပြေမှုတွေရှိကာ အိမ်တွင်း အ ကြ- မ်း ဖက်မှုတွေလည်းရှိကြောင်း မကြာသေးခင်အချိန်ကမှ ခင်ရတနာစိုးက ဖွင့်ဟခဲ့တာပဲ ဖြစ်ပါတယ်။

ခင်ရတနာစိုးရဲ့မိခင်ကတော့ သမီးဖြစ်သူကို အိမ် ထောင်ကွဲမဖြစ်စေချင်တဲ့အတွက် ပြန်လည်ညှိနှို င်းကြဖို့ တိုက်တွန်းပေမယ့် ခင်ရတနာစိုးကတော့ သူမအမေကိုလည်း သူမဖက်က အ ခြေအနေကို ပြောပြခဲ့ပါတယ်။ ခင်ရတနာစိုးက “စိတ်ဆင်းရဲအောင်လုပ်တာ ဘယ်သူလဲ အမေ.. (၇) နှစ်ဆိုတာ သမီးသည်းခံခဲ့လို့ မြဲခဲ့တာနော်အမေ။ သမီးသူတို့အပေါ်မှာ စေတနာဘယ်လောက်ကောင်းခဲ့လဲ အမေအသိဆုံးပါ။

သမီးနဲ့သူတို့ဆက်ဆံရေးက နောက်နောင်မှာ သမီးနဲ့ ဘယ်လိုမှအဆင်မပြေတော့ဘူးအမေ။ သမီး အ နိုင် ကျင့်လည်း မခံနိုင်ဘူး။ သမီးသူတို့အပေါ် ပေးဆပ်နိုင်တာထက်ပိုပါတယ်။ အခုတော့ သမီးဘဝလေးအေးချမ်းနေပါပြီအမေ။ သမီးကိုမိဘအတွက်ပဲ ပူခွင့်ပေးပါတော့ အမေစိတ်ချမ်းသာအောင်ထားပါမယ်။ အမေ သူတို့ဘက်ဘ ယ်လေ ာက်ပါပါ သမီးကအမေ့ကို စိတ်မဆိုးဘူး။ အချိန်တိုင်း အမေ့ကိုဆင်မြန်းကျေးဇူးဆပ်ဖို့ပဲ သမီးတွေးနေတာ။ အမေလည်း စိတ်ချမ်းသာသလိုနေပါ။

သမီးညတိုင်း အမေကျန်းမာဖို့ဆုတောင်းနေတ ယ်။ ပြီးတော့ သမီးမှာနှလုံးရောဂါရှိနေပြီနော်အ မေ။ သမီးလန့်လို့မရတော့ဘူး ” ဆိုပြီး သူမအမေဆီပို့ခဲ့တဲ့စာကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတ ယ်။ခင်ရတနာစိုးကတော့ အဆင်မပြေတဲ့အိမ် ထောင်တစ်ခုကို ပြန်လည်ညှိနှိုင်းဖို့ကြိုးစားနေတဲ့ မိခင်ဖြစ်သူကို သူမရဲ့အခြေအနေမှန်ကို အပွင့်လင်းဆုံးပြောပြပြီး နားချခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ခင်ရတနာစိုးဟာ မကောင်းတဲ့အိမ်ထောင်ရေးကြောင့် အခုဆိုရင် နှလုံးရောဂါပါရနေပြီဆိုတာကြားသိရတော့ စိတ်မကောင်းစရာပါပဲ။

credit

Leave a Comment