မိဘက အသုပ်သည်ဖြစ်တာ ရှက်စရာမဟုတ်ပါဘူးဆိုတဲ့ သုတအောင်

မိဘက အသုပ်သည်ဖြစ်တာ ရှက်စရာမဟုတ်ပါဘူးဆိုတဲ့ သုတအောင်

မင်းသားကြီး ထူးခန့်ကျော်က နာမည်ကျော် မင်းသားကြီးတစ်ဦးဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေအပြင်သူလုပ်တဲ့ အလှုအတန်းတွေ၊ မွန်မြတ်လှတဲ့ ပရဟိတလုပ်ငန်းတွေကြောင့် ပရိသ‌တ်တွေရဲ့ အားပေးချစ်ခင်နှစ်သက်မှုကိုရရှိထားတာပဲဖြစ်ပါတယ်။

 

မင်းသားကြီး ထူးခန့်ကျော် ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်းနဲ့ တစ်ဖက်တစ်လမ်းက တတ်ကျွမ်းထားတဲ့ ဆေးပညာနဲ့လူနာတွေကို ဆေးကုသပေးနေတာပါ။ ဒါအပြင် တတ်သစ်စအနုပညာရှင်လေးတွေကိုလဲ

မြေတောင်မြှောက်ပေးပြီး လက်တွဲခေါ်နေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ တူလိုသားလိုချစ်ခင်ရတဲ့ တပည့်တစ်ဦးကို မြေတောင်မြှောက်ပေးလိုက်ပါတယ်။ သူကတော့ သုတအောင် ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် သုတအောင် ကတော့

လက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ ဝိပါကဇာတ်လမ်းတွဲထဲမှာ ထူးခန့်ကျော်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေအားလုံးဟာ အချိန်တိုအတွင်းမှာပဲ လက်ခံအားပေးခြင်းကို

 

ခံခဲ့ရပါတယ်။ သရုပ်ဆောင် သုတအောင် ဟာ ဆရာတွေကိုလေးစားသလို မိဘကိုလဲ သိတတ်လိမ္မာသူတစ်ဦးလဲ ဖြစ်ပါတယ် ။ သီတင်းကျွတ်အချိန်အခါမှာ မိခင်ရှိတဲ့နယ်မြို့လေးကို သွား‌ရောက်ခဲ့ပြီး ရသမျှအနုပညာကြေးလေးတွေကို

ကန်တော့ခဲ့ပါသေးတယ်။ သရုပ်ဆောင် သုတအောင် ဟာ မိဘကအသုပ်သည်ဖြစ်တာ ရှက်စရာမဟုတ်ပါဘူးဆိုပြီး သူ့ရဲ့ဘဝအကြောင်းကို ” အသုပ်သည်ဖြစ်တာရှက်စရာမဟုတ်ဘူး ကျွန်တော်ကိုယ်တိုင်လဲမရှက်လို့ပဲ ဒီကိစ္စကိုခနခနထုတ်ပြောနေတာပေါ့

ခိုးဝှက်နေတဲ့မိဘဆိုရင်တောင် မိဘကမိဘပဲ ကျွန်တော့်အဖေအမေက ခိုးဝှက်နေတဲ့မိဘမဟုတ်သလို မကောင်းတာလုပ်စားတဲ့မိဘလဲမဟုတ်ဘူး သူတတ်တဲ့ပညာနဲ့ သားသမီးတွေကိုပညာသင်ပေးဖို့ရယ် သားသမီးတွေဘဝသာယာဖြောင့်ဖြူးဖို့ရယ်

သူတို့လုပ်နိုင်တဲ့အခြေအနေတစ်ခုမှာအသုပ်ရောင်းစားတာ သားသုံးယောက်မွေးထားတယ် ၃ယောက်စလုံးသူ့နေရာနဲ့သူဖြစ်နေပြီ အဖေကဓာတ်ပုံဆရာ နယ်တကာလှည့်ပြီးဓာတ်ပုံရိုက်ရတယ် အမေကအိမ်ရှေ့ကစျေးဆိုင်အသုပ်သည်”ဆိုပြီး

အင်တာဗျူးတစ်ခုမှာ ရေးသားထားတာကို တွေ့ရပါတယ်။ ကဲ…မိဘအပေါ်သိတတ်တဲ့ သုတအောင် ရဲ့စိတ်ဓာတ်ကတော့ လေးစားအတုယူဖို့ကောင်းပါတယ်နော်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ ။

Zawgyi

မိဘက အသုပ္သည္ျဖစ္တာ ရွက္စရာမဟုတ္ပါဘူးဆိုတဲ့ သုတေအာင္

မင္းသားႀကီး ထူးခန႔္ေက်ာ္က နာမည္ေက်ာ္ မင္းသားႀကီးတစ္ဦးျဖစ္ၿပီး အႏုပညာလႈပ္ရွားမႈေတြအျပင္သူလုပ္တဲ့ အလႈအတန္းေတြ၊ မြန္ျမတ္လွတဲ့ ပရဟိတလုပ္ငန္းေတြေၾကာင့္ ပရိသ‌တ္ေတြရဲ႕ အားေပးခ်စ္ခင္ႏွစ္သက္မႈကိုရရွိထားတာပဲျဖစ္ပါတယ္။

မင္းသားႀကီး ထူးခန႔္ေက်ာ္ ကေတာ့ လက္ရွိမွာ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ရင္းနဲ႔ တစ္ဖက္တစ္လမ္းက တတ္ကြၽမ္းထားတဲ့ ေဆးပညာနဲ႔လူနာေတြကို ေဆးကုသေပးေနတာပါ။ ဒါအျပင္ တတ္သစ္စအႏုပညာရွင္ေလးေတြကိုလဲ

ေျမေတာင္ေျမႇာက္ေပးၿပီး လက္တြဲေခၚေနတာပဲ ျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ တူလိုသားလိုခ်စ္ခင္ရတဲ့ တပည့္တစ္ဦးကို ေျမေတာင္ေျမႇာက္ေပးလိုက္ပါတယ္။ သူကေတာ့ သုတေအာင္ ပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ သုတေအာင္ ကေတာ့

လက္ရွိမွာ ထုတ္လႊင့္ျပသေနတဲ့ ဝိပါကဇာတ္လမ္းတြဲထဲမွာ ထူးခန႔္ေက်ာ္နဲ႔အတူ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ သဘာဝက်တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ပရိသတ္ေတြအားလုံးဟာ အခ်ိန္တိုအတြင္းမွာပဲ လက္ခံအားေပးျခင္းကို

ခံခဲ့ရပါတယ္။ သ႐ုပ္ေဆာင္ သုတေအာင္ ဟာ ဆရာေတြကိုေလးစားသလို မိဘကိုလဲ သိတတ္လိမၼာသူတစ္ဦးလဲ ျဖစ္ပါတယ္ ။ သီတင္းကြၽတ္အခ်ိန္အခါမွာ မိခင္ရွိတဲ့နယ္ၿမိဳ႕ေလးကို သြား‌ေရာက္ခဲ့ၿပီး ရသမွ်အႏုပညာေၾကးေလးေတြကို

ကန္ေတာ့ခဲ့ပါေသးတယ္။ သ႐ုပ္ေဆာင္ သုတေအာင္ ဟာ မိဘကအသုပ္သည္ျဖစ္တာ ရွက္စရာမဟုတ္ပါဘူးဆိုၿပီး သူ႔ရဲ႕ဘဝအေၾကာင္းကို ” အသုပ္သည္ျဖစ္တာရွက္စရာမဟုတ္ဘူး ကြၽန္ေတာ္ကိုယ္တိုင္လဲမရွက္လို႔ပဲ ဒီကိစၥကိုခနခနထုတ္ေျပာေနတာေပါ့

 

ခိုးဝွက္ေနတဲ့မိဘဆိုရင္ေတာင္ မိဘကမိဘပဲ ကြၽန္ေတာ့္အေဖအေမက ခိုးဝွက္ေနတဲ့မိဘမဟုတ္သလို မေကာင္းတာလုပ္စားတဲ့မိဘလဲမဟုတ္ဘူး သူတတ္တဲ့ပညာနဲ႔ သားသမီးေတြကိုပညာသင္ေပးဖို႔ရယ္ သားသမီးေတြဘဝသာယာေျဖာင့္ျဖဴးဖို႔ရယ္

သူတို႔လုပ္ႏိုင္တဲ့အေျခအေနတစ္ခုမွာအသုပ္ေရာင္းစားတာ သားသုံးေယာက္ေမြးထားတယ္ ၃ေယာက္စလုံးသူ႔ေနရာနဲ႔သူျဖစ္ေနၿပီ အေဖကဓာတ္ပုံဆရာ နယ္တကာလွည့္ၿပီးဓာတ္ပုံ႐ိုက္ရတယ္ အေမကအိမ္ေရွ႕ကေစ်းဆိုင္အသုပ္သည္”ဆိုၿပီး

အင္တာဗ်ဴးတစ္ခုမွာ ေရးသားထားတာကို ေတြ႕ရပါတယ္။ ကဲ…မိဘအေပၚသိတတ္တဲ့ သုတေအာင္ ရဲ႕စိတ္ဓာတ္ကေတာ့ ေလးစားအတုယူဖို႔ေကာင္းပါတယ္ေနာ္၊သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစ ။mdatenews

mdatenews

Leave a Comment