မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို မိသားစုကနေတဆင့် အလှူငွေတွေ ထည့်ဝင်လှူဒါန်းလိုက်တဲ့ မော်ဒယ်လ် ပိုင်တံခွန်…

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို မိသားစုကနေတဆင့် အလှူငွေတွေ ထည့်ဝင်လှူဒါန်းလိုက်တဲ့ မော်ဒယ်လ် ပိုင်တံခွန်…

နိုင်ငံကျော်သရုပ်ဆောင် ပိုင်တံခွန်ကတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ ပြီးခဲ့တဲ့နှစ်မှာတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းကျခံခဲ့ရပေမယ့် ယခုနှစ်အတွင်းမှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီးအနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို တောက်လျှောက်လုပ်ကိုင်နေခဲ့တဲ့ ပိုင်တံခွန်ဟာ တစ်ဖက်မှာလည်း ကုသိုလ်ရေးကို မပျက်မကွက်လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။

ဘုရားကျောင်းကန်နဲ့ပတ်သက်ပြီး အလှူတွေလုပ်သလိုချို့တဲ့သူတွေ၊ နာမကျန်းသူတွေ၊ မသန်းစွမ်းတွေအတွက်လည်း ကုသိုလ်တွေအမြဲပြုလုပ်လေ့ရှိတဲ့ ပိုင်တံခွန်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့အနုပညာအသိုင်းအဝိုင်းအတွက် ကုသိုလ်ပြုခဲ့ပြန်ပါပြီ။ ပိုင်တံခွန်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (၄၅) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအတွက်

အလှူငွေ (၅) သိန်းကျပ်တိတိကို သူ့ရဲ့မိသားစုတွေကနေတဆင့် လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဟာ စစ်တပ်လက်ပါးစေအဖွဲ့အစည်းတစ်ခုဖြစ်လို့နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုအစမှာ နာမည်ကြီးသရုပ်ဆောင် အတော်များများက ရုပ်ရှင်အစည်းအရုံးကနေ နှုတ်ထွက်ထားခဲ့တာပဲ ဖြစ်ပါတယ်။

crd
zawgyi
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးကို မိသားစုကေနတဆင့္ အလႉေငြေတြ ထည့္ဝင္လႉဒါန္းလိုက္တဲ့ ေမာ္ဒယ္လ္ ပိုင္တံခြန္…

ႏိုင္ငံေက်ာ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ကေတာ့ တစ္ႏိုင္ငံလုံးက ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကိုရရွိထားသူျဖစ္ပါတယ္။ ပိုင္တံခြန္ဟာ ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ အက်ဥ္းက်ခံခဲ့ရေပမယ့္ ယခုႏွစ္အတြင္းမွာေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာၿပီးအႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနခဲ့တာပဲ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ေတာက္ေလွ်ာက္လုပ္ကိုင္ေနခဲ့တဲ့ ပိုင္တံခြန္ဟာ တစ္ဖက္မွာလည္း ကုသိုလ္ေရးကို မပ်က္မကြက္လုပ္ကိုင္ေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။

ဘုရားေက်ာင္းကန္နဲ႔ပတ္သက္ၿပီး အလႉေတြလုပ္သလိုခ်ိဳ႕တဲ့သူေတြ၊ နာမက်န္းသူေတြ၊ မသန္းစြမ္းေတြအတြက္လည္း ကုသိုလ္ေတြအၿမဲျပဳလုပ္ေလ့ရွိတဲ့ ပိုင္တံခြန္ဟာ ဒီကေန႔မွာေတာ့ သူ႔ရဲ႕အႏုပညာအသိုင္းအဝိုင္းအတြက္ ကုသိုလ္ျပဳခဲ့ျပန္ပါၿပီ။ ပိုင္တံခြန္က ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး (၄၅) ႀကိမ္ေျမာက္ ႐ုပ္ရွင္သက္ႀကီးပူေဇာ္ပြဲအတြက္အလႉေငြ (၅) သိန္းက်ပ္တိတိကို သူ႔ရဲ႕မိသားစုေတြကေနတဆင့္ လႉဒါန္းခဲ့တာပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဟာ စစ္တပ္လက္ပါးေစအဖြဲ႕အစည္းတစ္ခုျဖစ္လို႔ေနတာျဖစ္ၿပီး စစ္အာဏာသိမ္းမႈအစမွာ နာမည္ႀကီးသ႐ုပ္ေဆာင္ အေတာ္မ်ားမ်ားက ႐ုပ္ရွင္အစည္းအ႐ုံးကေန ႏႈတ္ထြက္ထားခဲ့တာပဲ ျဖစ္ပါတယ္။

crd

Leave a Comment