တစ်နှစ်ပတ်လုံး ပင်ပန်းစွာဖြင့် ညတိုင်းကိုယ်တိုင်စာသင်ပေးခဲ့သော်လည်း စာမေးပွဲဖြေရာတွင် သင်္ချာဘာသာကို ၆မှတ်သာရခဲ့သည့် သားဖြစ်သူကြောင့် ဝမ်းနည်းစွာငိုနေခဲ့ရသည့် ဖခင်၏အဖြစ်
သားသမီးတို့အပေါ်တွင် အမှန်တကယ်ချစ်မြတ်နိုးသော မိဘတို့သည် ပညာအမွေသာပေးပြီး အတန်းပညာကို ထူးချွန်ထက်မြက်အောင် ထောက်ပံ့ပေးကြတာဖြစ်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံမှ ဖခင်တစ်ဦးသည် သားလေးကို ပညာရေးတွင် ထူးချွန်ထက်မြက်သည့် လူတော်တစ်ယောက်ဖြစ်လာစေရန် ကိုယ်တိုင်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။
ညစဥ်ညတိုင်း သားဖြစ်သူကို စနစ်တကျသင်ပေးခဲ့ကာ ပင်ပန်းမှုတွေကို ခေါင်းထဲပင်မထားခဲ့ပေ။သို့သော် သားဖြစ်သူစာမေးပွဲဖြေပြီး ရရှိလာသည့်အမှတ်စာရင်းကြောင့် စကားပင်မပြောနိုင်တော့ဘဲ အခန်းထဲတွင် တစ်ယောက်တည်းငိုနေခဲ့တော့တာဖြစ်ပါတယ်။
သားဖြစ်သူဟာ အမှတ်တစ်ရာပေးသည့် စာမေးပွဲတွင် ၆မှတ်သာရအောင် ဖြေနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)