လမ်းဘေးမှာ ချန်ထားခံရပေမဲ့ ထားခဲ့ခံရမှန်းတောင်မသိဘဲ ပိုင်ရှင်ရဲ့ကားနောက်ကို လိုက်ပြေးနေခဲ့တဲ့ ခွေးကလေး
လမ်းဘေးမှာ ချန်ထားခံရပေမဲ့ ထားခဲ့ခံရမှန်းတောင်မသိဘဲ ပိုင်ရှင်ရဲ့ကားနောက်ကို လိုက်ပြေးနေခဲ့တဲ့ ခွေးကလေး
တက္ကဆက်ပြည်နယ်က El Paso ရှိ Pawsitive Rescuersများရဲ့ မော်တော်ယာဉ်မောင်း Joy Dominguez ဟာ
မသင်္ကာဖွယ်အခြေအနေများအောက်မှာ ခွေးပိုင်ရှင်ဟောင်းများက ကြမ်းတမ်းစွာ ပြုလုပ်နေတဲ့ ဗီဒီယိုကို မှတ်တမ်းတင်ခဲ့ပါတယ် ။
အဆိုပါဗီဒီယိုကလူငယ်တစ်ဦးဟာ အဝေးပြေးလမ်းမနံဘေးမှ ခွေးတစ်ကောင် ချန်ထားခဲ့တာကို မြင်ရပါတယ် ။
အဲဒီနောက်ကောင်လေးက ကားထဲကိုဝင်ပြီး သူတို့ကားကိုအမြန်မောင်းသွားခဲ့လိုက်ပါတယ် ။
ကျန်ရှိနေတဲ့ခွေးလေးက သူတို့ကားနောက်ကို လိုက်ပြေးရင် သူ့ကို သူများထားခဲ့မှန်းတောင် မသိပါဘူး ။
ဒီဗွီဒီယိုကို ဇူလိုင်လ ၂၁ ရက်နေ့က အင်စတာဂရမ်မှာ တင်ခဲ့ပြီး ကြည့်ရှုသူ ၁.၅ သန်းနီးပါးအထိပျံ့နှံ့သွားခဲ့ပါတယ် ။
ကံကောင်းထောက်မစွာ Pawsitive Rescuers တည်ထောင်သူ Karen Washington အမည်ရှိ အမျိုးသမီးက husky ကို သူမ ကားထဲသို့ ခေါ်သွားပြီး
Nanook လို့နာမည်ပေးကာ ခွေးကို သူမရဲ့ ချစ်မေတ္တာအပြည့်နဲ့ အိမ်သို့ ကြိုဆိုလိုက်ပါတယ် ။
Karen က Nanook ဟာ လမ်းမှာ ရှိနေစဉ် ထိုအချိန်မှာ သူထားခဲ့ခြင်းခံရတာကို မသိခဲ့ဘူးလို့ Karen က ဆိုပါတယ် ။
နောက်ပိုင်းမှာ ကားမောင်းသူနဲ့ လူငယ်နှစ်ဦးစလုံး ဖမ်းဆီးခံခဲ့ရပါတယ် ။
အကူအညီလိုအပ်နေတဲ့ တိရစ္ဆာန်များကို လမ်းမထက်မှာ တွေ့ရင် ကူညီပေးရန် တိုက်တွန်းချင်ပါတယ် ။
မင်းရဲ့တိရိစ္ဆာန်ကို မစောင့်ရှောက်နိုင်တော့ဘူးဆိုရင် လမ်းမထက်တွေမှာ ချန်မထားပါနဲ့ ၊
တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့တွေကိုအပ်ပြီး သူတို့ကိုစောင့်ရှောက်ခိုင်းသင့်ပါတယ် ။ဒီလိုမျိုးလုပ်တာက တကယ့်ကို ကြေကွဲဝမ်းနည်းစရာဖြစ်မိပါတယ်ဗျာ ။
crd