သမီးမိုက်မဖြစ်ပါစေနဲ့ ( အရမ်းကောင်းလို့ဖတ်စေချင်)

သမီးမိုက်မဖြစ်စေနဲ့ ( အရမ်းကောင်းလို့ဖတ်စေချင်)

စာဖတ်မပျင်းပါနဲ့ ….ဖတ်ကြည့်စေ ချင်ပါတယ် ။ ညီမလေး တို့ရေ ဆင်းရဲတဲ့ လင်မယား ၂ ယောက်မှာ စာတော်တဲ့ သမီးလေး ရှိတယ် ၊

တစ်နေ့ သမီးလေးဟာ အတန်းတင် စာမေးပွဲမှာ ပထမ ရတယ် ။ အဖေဟာ ဝမ်းသာလွန်း လို့ လိုချင်တာဝယ်ပေးမယ် ပြောတယ် ။

သမီးလေးဟာ သိပ်လိုချင်ခဲ့ပေမဲ့ အဖေမှာ ပိုက်ဆံ မရှိမှန်းသိလို့ မပူဆာခဲ့တဲ့ အဝတ်အစား တစ်စုံကိုလိုချင်တယ်လို့ ပြောလိုက် တယ် ။

နောက်တစ်နေ့မှာ အဖေဟာ သမီးလေး လိုချင်တဲ့ အဝတ်တစ်စုံကို ပေးလိုက် တယ် ၊ သမီးလေးဟာ ဝတ်ကြည့်ပြီး မှန်ရှေ့မှာ ပျော်လို့ ၊

အဖေ ကလည်း သမီးလေးကို ကြည့်ပြီး ပျော်လွန်းလို့ မျက်ရည် စို့နေရှာ တယ် ၊ မပျော်နိုင်သူက အမေပါ ။ညရောက်တော့ အမေက သူ့ယောက်ျားကို မေးတယ် ၊

ပိုက်ဆံ ဘယ်ကရသလဲပေါ့? ” ဆေးရုံ တစ်ခုမှာ ငါ့ သွေးဖောက်ရောင်းလိုက်တာတဲ့ ”

ဒီလိုနဲ့ သမီး ၁၀ တန်းကို ဂုဏ်ထူး အများကြီး ရပြီး အောင်သွားတယ် ၊ ဆေး တက္ကသိုလ် တက်ဖို့ အဖေ့မှာ ပိုက်ဆံ မရှိမှန်း သိလို့ မပူဆာ ပါဘူး ၊

တစ်ပတ် လောက်ကြာတော့ အဖေက ပိုက်ဆံတွေ ထည့်ထားတဲ့ လွယ်အိတ်ကြီး ကို ပြပြီး သမီးမပူနဲ့ ၊ အဖေ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ် ၊

သမီး ဆရာဝန် ဖြစ်တဲ့ထိ လုံလောက် ပါတယ်တဲ့ ။သမီးလည်း ဝမ်းသာလွန်းလို့ ထ ကနေတယ် ၊ အဖေ ခမျာလည်း သမီးကို ကြည့်ပြီး ပျော်လွန်းလို့ ပါးပြင် ပေါ်မှာ မျက်ရည်တွေနဲ့ ၊

မပျော်နိုင်သူက အမေပါ ။

ညကျတော့ အမေက သူ့ယောက်ျားကို မေးတယ် ၊ ဒီ လောက်များတဲ့ ပိုက်ဆံ ဘယ်လိုရလာသလဲပေါ့ ?” တစ်လောက ငါ့ကျောက်ကပ် ၂ ခုထဲက တစ်ခု ကို ရောင်းလိုက်တယ်တဲ့

”၆ နှစ်ကြာ သွားပြီး ၊ အပျော်ဆုံး နဲ့ ဂုဏ်အယူ ရဆုံးနေ့ ၊ သမီးလေး ဆေးေကျာင်းအောင် သွားပြီး ၊ အိမ်ပြန်လာတော့မယ် ၊ တဲအိမ်လေးကို အကောင်းဆုံးပြင်ထားတယ် ။

အိမ်ရှေ့မှာ မြင်းလှည်းတွေ ရပ်သံ ကြားရတယ် ၊ လင်မယား နှစ်ယောက်စလုံး ဝမ်းသာအားရ ပြေးထွက်လာတယ်…

ဟုတ်ပါတယ် ၊ သမီးလေး ပြန်လာတာပါ ၊ဒါပေမဲ့ အသက်ရှင်လျှက် မဟုတ်ပါ ၊ ပိတ်ဖြူအုပ်ထား တဲ့ သမီးလေးရဲ့ ရုပ်အလောင်း ။

လာပို့တဲ့ သူတွေထဲက လူကြီး တစ်ယောက်က ပြော တယ် ၊ သူတို့ သမီးလေးဟာ သူ့ရည်းစားပစ်သွားလို့ မနေ့ညက အဆိပ်သောက် သတ်သေသွားတယ်တဲ့ ။

စဉ်းစားစရာ အတွေးလေးပေးလိုက်ပါတယ်ဗျာ ။ ” မိမိကို မနှစ်သက် လို့ စွန့်ခွာ သွားသူ အတွက် အသက် ပေးသင့် သလား ?

မိမိ အတွက် အနစ်နာခံ ခဲ့သူတွေ အတွက် အသက်ပေးဖို့ မသင့် ဘူ းလား ? ”

Credit

Leave a Comment