EV တွေ Preorder ရနေပီပြောနေကြတော့တွေ့လို့ သတိထားရမည့် အချက်များ…
EV တွေ Preorder ရနေပီပြောနေကြတော့တွေ့လို့ သတိထားရမည့် အချက်များ…
‼️ ကိုယ်ရွေးမယ့်ကား အပြင် ကိုယ့်ကားကိုသွင်းတဲ့ မြန်မာ ဘက်က company & ကိုယ်ဝယ်မယ့် dealer ကိုပါ သေချာစုံစမ်းစီစစ်ပီးမှရွေးပါ EV မှာ အရမ်းအရေးကြီးပါတယ် (မိန်းမ မယူခင် အမျိုးတွေအကြောင်းစုံစမ်းတာလောက်ကို စုံစမ်းပါ xD)
လောင်စာဆီသုံး အင်ဂျင်ကားတွေတုန်းကလဲ ရောင်းရပီးရောနဲ့ အရမ်းတွေကောင်းပြပီး ရောင်းပီးမှ တာဝန်ယူမှုတာဝန်ခံမှုနည်း နာမည်ပျက်များတဲ့ brand & dealer တွေရှိပါတယ် EV မှာလဲ အဲ့လိုမျိုး Ethics မရှိပဲ ပေါ်ပင်စီးပွားရေးလုပ်တဲ့ သူတွေပါလာနိုင်ပါတယ် (PS.တရားစွဲမယ် ဆိုတဲ့စကားကို လက်ကိုင်ထားကြတဲ့လူတွေမလို့ နာမည်ထည့်ရေးမရပါ)
လောင်စာဆီသုံး ကားတစ်စီးက official service မရလဲ အပြင်မှာရအောင်ပြင်လို့ရပါတယ် spare parts ဘယ်လောက်ရှားတယ်ပြောပြော ကိုယ့်အစီအစဉ်နဲ့သွင်းပီး ကိုယ့်ဘာသာပြင်ဖို့ဖြစ်နိုင်ပါတယ် Official Service center ဘက်က ရိုက်စားလုပ် ဂျင်းထည့်နေရင် or တာဝန်ယူမှူတာဝန်ခံမှုနည်းရင် တာ့တာပြပီး တစ်သက်လုံးသွားမပတ်သက်လို့ရပါတယ်
EV မှာ ကိုယ်ဝယ်တဲ့ brand ရဲ့ official sevice center နဲ့ ကိုယ်က လက်ထဲကားရှိနေသမျှကာလပတ်လုံး ပတ်သက်ရပါလိမ့်မယ် ရိုက်စားလုပ်လဲ ပတ်သက် ရပါမယ် မကောင်းလဲပတ်သက်ရပါမယ် service မကောင်း အချိုးမပြေလို့ ကြည့်မရလဲပတ်သက်ရပါမယ် (မိန်းမယူရင် အမျိုးတွေနဲ့ ပတ်သက်ရသလိုပါပဲ ကားရှိနေသမျှကာလပတ်လုံးပတ်သက်ရပါလိမ့်မယ်)
အပြင် workshop တစ်ခုမှ ပြင်မိတာနဲ့ warranty ပျက်နိုင်ချေအရမ်းများတဲ့အတွက် ကိုယ့်အခွင့်အရေးအများကြီးဆုံးရှုံးပါလိမ့်မယ် ဒါကြောင့် သေချာစီစစ်ပီးမှ ရွေးချယ်ကြပါ EV ကိုအပြင်မှာ ပြင်ဖို့အရမ်းမလွယ်ပါဘူး ပြင်နိုင်တဲ့ workshop လက်ချိုးရေလို့ရပါတယ် OEM parts တွေက ကိုယ့်ဘာသာ မှာမယ်ဆိုရင် Engine ကားလို မလွယ်ပါဘူး တချို့ brand တွေဆို လုံးဝအပြင်ကိုမရောင်းပေးပဲ official service center တွေမှာပဲ spare parts ရတာဖြစ်နိုင်ပါတယ်
နောက်တစ်ချက်က တက်နိုင်တဲ့သူဆိုရင် နာမည်ရ brand အကြီးတွေထဲက ဦးစားပေးပီးဝယ်သင့်ပါတယ် 2016-21 ကာလအတွင်းမှာ မြန်မာကို လာရောင်းတဲ့ တချို့ တရုတ်ကား brand တချို့ bankrupt (ဒေဝါလီခံ) သွားတာတွေရှိပါတယ်
ကိုယ်ဝယ်တဲ့ brand က ဖြစ်သွားခဲ့ရင် service & spare parts မှာ ကောင်းကောင်းဒုက္ခရောက်နိုင်ပါတယ် ကိုယ်ဝယ်တဲ့ မြန်မာ company နဲ့ dealer ဘက်က အတက်နိုင်ဆုံးတာဝန်ယူပေးတယ်ဆိုရင်တောင် ကားထုတ်တဲ့ company ကြီးမရှိတော့ရင် အရမ်းအဆင်ပြေမှာမဟုတ်ပါဘူး
အင်ဂျင်ကားတစ်စီးက OEM spare parts တွေ အပြင်ဈေးကွက်မှာရောက်နေသေးတာမလို့ တရုတ်ပြည်ကနေ direct မှာပီးရှာကြံပြင်လို့ရပေမယ့် EV မှာက အရမ်းခက်ခဲသွားနိုင်တာမလို့ ပြန်ရောင်းမယ်ဆိုရင်တောင် ဒေဝါလီခံသွားတဲ့ brand ကရောင်းခဲ့တဲ့ EV က used ကားဈေးမှာ ရသင့်တာထက် အများကြီးဆုံးရှုံးပါလိမ့်မယ်
– ဘယ် brand တွေ preorder စပေးပီးဆိုတာ ကျွန်တော်မသိပါ မည်သူ့ကိုမှလဲ မရည်ရွယ်ပါ ကြုံဖူးမြင်ဘူးတဲ့ အတွေ့အကြုံနဲ့ အမြင်ကိုမျှဝေရုံသက်သက်ပါပဲ သဘောထားကွဲလွဲနိုင်ပါတယ် (Eldwin Khant)