မယား ၂ ယောက်တစ်ပြိုင်တည်း လက်ထပ်နိုင်တဲ့ အမျိုးသားတစ်ဦးကို ရှာဖွေနေကြောင်း post တင်ခဲ့ တဲ့ မိန်းကလေးနှစ်ဦး

မယား ၂ ယောက်တစ်ပြိုင်တည်း လက်ထပ်နိုင်တဲ့ အမျိုးသားတစ်ဦးကို ရှာဖွေနေကြောင်း post တင်ခဲ့ တဲ့ မိန်းကလေးနှစ်ဦး

Coffee Meets Bageli Tinder နဲ့ Facebook Dating ကဲ့သို့သော အပလီကေးရှင်းများဟာ လူအချို့အတွက် ၎င်းတို့ရဲ့ဘဝလက်တွဲဖော်ကို ရှာဖွေရန် ပလပ်ဖောင်းတစ်ခုအဖြစ် သုံးကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ လက်တွဲဖော်ရှာနေတဲ့ အမျိုးသမီး ၂ ဦး တင်ပြလာတဲ့ Facebook ပို့စ်က မကြာ သေးမီမှာပဲ ပျံ့နှံ့သွားခဲ့ပါတယ်။ Facebook စာမျက်နှာ Viral Sensasi Malaysia မှ ၎င်းတို့နှစ်ဦးစလုံးကို လက်ထပ်နိုင်တဲ့ အမျိုးသားတစ်ဦး ရှာဖွေနေတယ်ဆိုပြီး မျှဝေထားပါတယ်။

“ကျွန်မတို့က အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမျိုးသားတစ်ယောက်တည်း တူတူလက်ထပ်ဖို့ စိတ်ကူးထားလို့ စိတ်မဆိုးပါဘူး” ဆိုပြီး သူတို့က ပြောပါတယ်။ ပို့စ်အရ ၎င်းတို့နှစ်ဦးစလုံးဟာ အသက် 31 နှစ်နဲ့ 27 နှစ် ဖြစ်ပါတယ်။

အသက် 31 နှစ်အရွယ်အမျိုးသမီးက တစ်ကိုယ်ရေမိခင်ဖြစ်ပြီး အသက် 27 နှစ်အရွယ်အမျိုးသမီးက သူမရဲ့ကိုယ်ပိုင်အဝတ်လျှော်ဆိုင်ဖွင့်နေတာပါ။ ဒီအမျိုးသမီးတွေက မယား ၂ယောက် လက်ခံနိုင်တဲ့ ယောက်ျားကို ရှာနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘဝလက်တွဲဖော်ကို ရှာတာက သေချာပေါက် ပြဿနာမဟုတ်ပါဘူး။

Zawgyi

မယား ၂ ယောက်တစ်ပြိုင်းတည်း လက်ထပ်နိုင်တဲ့ အမျိုးသားတစ်ဦးကို ရှာဖွေနေကြောင်း post တင်ခဲ့ တဲ့ မိန်းကလေးနှစ်ဦး





credit

Leave a Comment